ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောကြရအောင် “日本の乗り物とその利用のマナー”

  • Feb 28, 2024 ~ Feb 28, 2024
  • 10:00 am - 11:30 am
(日本語は下にあります)
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာသည် ဂျပန်ဘာသာစကားလေ့လာနေသူတွေအတွက် ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ဓလေ့ထုံးတမ်းစတာတွေကို ဂျပန်လူမျိုးနဲ့ ဂျပန်လို ပျော်ပျော်ရွှင်ရွှင် နှီးနှော ဖလှယ်နိုင်မယ့် “ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောရအောင်” ဆိုတဲ့ အစီအစဉ်လေးကို ပြုလုပ်ပေးလျက်ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ “日本の乗り物とその利用のマナー” ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး ဂျပန်နဲ့ မြန်မာနိုင်ငံရဲ့ မတူကွဲပြားချက်များနဲ့ တူညီချက်များကို ဂျပန်လူမျိုးနဲ့ နှီးနှောဖလှယ်ပြောကြားသွားမှာဖြစ်ပါတယ်။ စိတ်ပါဝင်စားသူများ အောက်ပါ‌ဖောင်ကို ဖြည့်စွက်ပြီး နာမည်စာရင်းပေးနိုင်ပါတယ်။ ဒီတခေါက်မှာတော့ အရင်အခေါက်များနဲ့မတူဘဲ အွန်လိုင်းကနေကျင်းပသွားမှာဖြစ်ပြီး ပါဝင်ခွင့်ရသူများကို အီးမေးလ်ဖြင့် Zoom လင့်ကို ပေးဖို့သွားမှာဖြစ်တဲ့အတွက် ဖောင်ဖြည့်စွက်ရမှာ မိမိရဲ့ အီးမေးလ်ကို မှန်မှန်ကန်ကန်ဖြည့်စွက်ရန်လိုအပ်ပါတယ်။
နေ့ရက်နှင့်အချိန်။ ။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ (ဗုဒ္ဓဟူးနေ့) နေ့လယ် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ
သတ်မှတ်ဦးရေ။ ။ ၂၀ ဦး
ဂျပန်စာ level။ ။ N3 levelနှင့်အထက်
ကျင်းပမည့်နေရာ။ ။ ယခုအကြိမ်ကို အွန်လိုင်း (Zoom) ဖြင့်သာကျင်းပသွားမှာဖြစ်ပါတယ်
日本語で楽しく話そう!! <<日本の乗り物とその利用のマナー>>
国際交流基金ヤンゴン日本文化センターでは、日本語を勉強している人のために日本の文化や習慣などを日本人と楽しく日本語でお話しできる「日本語で楽しく話そう!!」というプログラムを開催しています。今回のテーマは、「日本の乗り物とその利用のマナー」です。日本とミャンマーのそれぞれの似ていることや異なっていることなどについて話し合って交流できる会です。興味がある方は、ぜひ下記のURLからお申し込みください。今回はオンラインでの開催になりますので、Zoom URLをお知らせするため、申し込みの際はご自分のメールアドレスを正しく記入してください。
日時 :2024年2月28日(水) 午前10:00~11:30
定員:20名
日本語レベル:N3以上
場所 :Zoom での開催

Notice & Announcements

View All