irodori

အမေးများလေ့ရှိသော မေးခွန်းများ

ဝက်ဘ်ဆိုဒ်နှင့်ပတ်သက်ပြီး

အသံဖိုင်ကို ဖွင့်၍မရပါ။

MP3 အသံဖိုင်ကို ကွန်ပျုတာတွင် ဒေါင်းလုပ်ဆွဲရန် လိုအပ်ပါသည်။ အသံဖိုင်များတွင် ZIP ဖိုင်အဖြစ်ပြုလုပ်ထားသည့် ဖိုင်နှင့် တစ်ခုချင်းစီခွဲထားသည့် MP3 ဖိုင်ဟူ၍ ရှိပါသည်။ ZIP ဖိုင်ကို ဒေါင်းလုတ်ဆွဲသည့်အချိန်တွင် ZIP ဖိုင်ကို ထောက်ပံ့ပေးသောစနစ်ရှိရန် လိုအပ်ပါသည်။
အင်တာနက်လိုင်းရှိပါက အွန်လိုင်းပေါ်မှနားထောင်နိုင်ပါသည်။ အွန်လိုင်းပေါ်မှ နားထောင်၍မရပါက လက်ရှိအသုံးပြုနေသော Browser ၏ Version သည် Update ဖြစ်မဖြစ် စစ်ပေးပါ။

Tablet ၊ စမတ်ဖုန်းမှတစ်ဆင့် ဝင်ရောက်နိုင်ပါသလား။

Tablet ၊ စမတ်ဖုန်းများဖြင့် အသုံးပြုနိုင်ပါသည်။

စာအုပ်အသုံးပြုပုံနှင့်ပတ်သက်ပြီး

အွန်လိုင်းသင်တန်းတွင် သင်ထောက်ကူအဖြစ် IRODORI ကိုအသုံးပြုနိုင်ပါသလား။

သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကသင်တန်းများတွင် အသုံးပြုနိုင်ပါသည်။

IRODORI အား ပြန်လည်ပုံနှိပ်ခြင်း၊ ကော်ပီကူးခြင်း၊ ပြင်ဆင်ခြင်းနှင့် ပတ်သက်၍ စည်းမျဥ်းစည်းကမ်းများ ရှိပါသလား။

ဤဝက်ဘ်ဆိုဒ်နှင့်ပတ်သက်၍ (https://www.irodori.jpf.go.jp/en/privacy.html)၏ မူပိုင်/အသုံးပြုမှုလမ်းညွှန်များကို ဖတ်ရှုပေးပါ။

IRODORI အား ပုံနှိပ်ပြီး ဖြန့်ဖြူးခြင်း၊ ငှားရမ်းဖတ်ရှုခြင်းများပြုလုပ်၍ရပါသလား။

မူဝါဒအရ အခမဲ့ဖြစ်သော်လည်း မိတ္တူခ အစရှိသည့် ကုန်ကျစရိတ်ကောက်ခံမှုများသည် အဖွဲ့အစည်းတစ်ခုချင်းစီအလိုက် သတ်မှတ်စည်းမျဉ်းများရှိပါက အဖွဲ့အစည်းအလိုက် ဆုံးဖြတ်ပါရန်။

IRODORI အား စာအုပ်အဖြစ် ထုတ်ဝေ၊ ရောင်းချရန် အစီအစဥ် ရှိပါသလား။

ယခုလက်ရှိအချိန်တွင် စာအုပ်အဖြစ် ရောင်းချရန် အစီအစဥ် မရှိပါ။

ဤသင်ထောက်ကူစာအုပ် (စာသားများ၊ ရုပ်ပုံများ၊ ဓာတ်ပုံများ၊ အသံဖိုင်စသည်တို့အပါအဝင်) ၏ မူပိုင်ခွင့် (တစ်နည်းအားဖြင့် ဥာဏမူပိုင်ခွင့်) အား ဂျပန်ဖောင်ဒေးရှင်းမှ ပိုင်ဆိုင်သည်ဖြစ်ပါသဖြင့် ခွင့်ပြုချက်မရှိဘဲ ရောင်းချခြင်းခွင့်မပြုပါ။