国際交流基金ヤンゴン日本文化センターでは、日本語を勉強している人のために日本の文化や習慣などを日本人と楽しく日本語でお話しできる「日本語で楽しく話そう!!」というプログラムを開催しています。今回のテーマは、「季節の愉しみ方」です。日本とミャンマーのそれぞれの季節の過ごし方について似ているところや異なっているところなどについて話し合って交流できる会です。興味がある方は、ぜひ下記のURLからお申し込みください。
申し込みURL >> お話会_季節の愉しみ方 (office.com)
日時 :2024年1月24日(水) 午前10:00~11:30
定員:20名
日本語レベル:N3以上
場所 :The Japan Foundation, Yangon (国際交流基金ヤンゴン日本文化センター)
No. 70, Nat Mauk Lane (1), Bahan Township.
※オンライン参加のイベントではありません。参加できる方は国際交流基金ヤンゴン日本文化センターに来ていただくことになります。
ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောကြရအောင် “季節の愉しみ方”
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာသည် ဂျပန်ဘာသာစကားလေ့လာနေသူတွေအတွက် ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ဓလေ့ထုံးတမ်းစတာတွေကို ဂျပန်လူမျိုးနဲ့ ဂျပန်လို ပျော်ပျော်ရွှင်ရွှင် နှီးနှော ဖလှယ်နိုင်မယ့် “ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောရအောင်” ဆိုတဲ့ အစီအစဉ်လေးကို ပြုလုပ်ပေးလျက်ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ “季節の愉しみ方” ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး ဂျပန်နဲ့ မြန်မာနိုင်ငံရဲ့ မတူကွဲပြားချက်များနဲ့ တူညီချက်များကို ဂျပန်လူမျိုးနဲ့ နှီးနှောဖလှယ်ပြောကြားသွားမှာဖြစ်ပါတယ်။ စိတ်ပါဝင်စားသူများ အောက်ပါ forms ကို ဖြည့်စွက်ပြီး နာမည်စာရင်းပေးနိုင်ပါတယ်။
နေ့ရက်နှင့်အချိန်။ ။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ (ဗုဒ္ဓဟူးနေ့) နေ့လယ် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ
သတ်မှတ်ဦးရေ။ ။ ၂၀ ဦး
ဂျပန်စာ level။ ။ N3 levelနှင့်အထက်
ကျင်းပမည့်နေရာ။ ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ
အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
※အွန်လိုင်းမှကျင်းပသည့်ပွဲမဟုတ်ပါ။ ပါဝင်လိုသူများ ပွဲနေ့တွင် ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာသို့ လာရောက်ရမှာဖြစ်ပါတယ်။
テーマ:いろどり付属教材を見てみよう!
日本語教師の皆さん、しばらくお休みしていましたが、定期勉強会を再開いたします!
第7回目のテーマは、「いろどり付属教材を見てみよう!」です。
皆さんは「いろどり」web siteにある「付属教材・資料အခြားသင်ထောက်ကူများ」
https://yg.jpf.go.jp/irodori_category/other-resources/
をご覧になったことがありますか?ここには『いろどり』を使うときに役立つさまざまな補助教材や資料が提供されていて、当センターオリジナルの教材も含まれています。
『いろどり』の教案がほしい、『みんなの日本語』と組み合わせて使いたい、会話テストを行いたいなどというときに手助けとなる資料で、ミャンマー語訳があるものもあります。
今回、一緒にコンテンツを見ていき、授業に活かせるかどうか考えてみませんか。
ぜひ、ご興味のある方の参加をお待ちしております!
■実施日:2023年月12月16日(土)午前9:30~11:30(ミャンマー時間)
■対象:ミャンマー人日本語教師(JLPT N3以上)*学生・学習者は不可
■定員: 40名
■実施方法:オンライン(Zoom)にて実施 (参加URLは2日前にメールでご連絡いたします)
■参加申込:下記URLよりお申込ください。
申込URL:
■申込締切:12月13日(水)17:00(ミャンマー時間)
※申込みが定員の40名に達した場合、早めに締め切ることがございます。ご了承ください。
*勉強会は日本語で行います。
*停電などのやむを得ない場合を除き、基本的にPCからのご参加をお願いします。
*参加URLのメールが迷惑フォルダに入ることがあります。迷惑フォルダもご確認ください。
သတ္တမအကြိမ်မြောက်မြန်မာလူမျိုးဂျပန်ဘာသာသင်ဆရာ၊ ဆရာမများအတွက် ပုံမှန်ပြုလုပ်သွားမည့် ဂျပန် ဘာသာသင်ကြားရေးနှင့် ပတ်သက်သည့်ဆွေးနွေးပွဲ
ဆွေးနွေးပွဲအကြောင်းအရာ – Irodori ရဲ့ အခြားသင်ထောက်ကူများကိုလေ့လာကြရအောင်။
ဂျပန်ဘာသာသင်ကြားနေသောဆရာ၊ ဆရာမများအားလုံးပဲမင်္ဂလာပါ။ ပြီးခဲ့တဲ့လတွေမှာမလုပ်ဖြစ်ခဲ့တဲ့ ဆွေးနွေးပွဲကို ဒီလမှာပြန်လည်ကျင်းပသွားပါမယ်။ သတ္တမအကြိမ်မြောက်ရဲ့ ခေါင်းစဥ်ကတော့ Irodori ရဲ့ အခြားသင်ထောက်ကူများကိုလေ့လာကြရအောင် ဖြစ်ပါသည်။ Irodori ဝက်ဘ်ဆိုဒ်မှာရှိတဲ့ 「付属教材・資料အခြားသင်ထောက်ကူများ」https://yg.jpf.go.jp/irodori_category/other-resources/ ကို ကြည့်ဖူး ကြလား? အဲ့ဒီဝက်ဘ်ဆိုဒ်မှာ Irodori ကိုအသုံးပြုချိန်မှာ အသုံးဝင်မယ့် သင်ထောက်ကူတွေ၊ အချက် အလက်တွေကို လေ့လာနိုင်ပြီး ဂျပန်ဖောင်ဒေးရှင်းမှ မူရင်းသင်ထောက်ကူများလည်းပါဝင်ပါတယ်။ Irodori သင်ကြားပုံသင်ကြားနည်းတွေကိုလိုချင်တယ်၊ Minnano Nihongo နဲ့ ပေါင်းစပ်ပြီး အသုံးပြုချင် တယ်၊ Listening Test တွေလုပ်ချင်တယ် အစရှိတဲ့အချိန်တွေမှာအထောက်အကူဖြစ်မယ့် ဒေတာတွေ ပါရှိပြီး မြန်မာဘာသာပြန်ရှိတဲ့ဒေတာတွေလည်းရှိပါတယ်။ ဒီတစ်ခေါက် အကြောင်းအရာတွေကို အတူတူ ကြည့်ပြီး စာသင်ချိန်မှာလက်တွေ့ပြန်လည်အသုံးချနိုင်မလားဆိုတာအတူတူစဥ်းစားကြရအောင်။
စိတ်ဝင်စားတဲ့သူများ တက်ရောက်ခြင်းကို မျှော်လင့်နေပါမယ်။
■ ကျင်းပမည့်နေ့ရက် – ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက် (စနေနေ့) မနက် ၉ နာရီခွဲမှ နေ့လည် ၁၁ ခွဲနာရီအထိ (မြန်မာစံတော်ချိန်)
■ တက်ရောက်နိုင်မည့်သူများ – မြန်မာလူမျိုးဂျပန်ဘာသာသင်ကြားနေသောဆရာ၊ ဆရာမများ (JLPT N3 နှင့်အထက်) *ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခွင့်မရှိပါ။
■ သတ်မှတ်ဦးရေ – အယောက် ၄၀
■ ကျင်းပမည့်ပုံစံ – အွန်လိုင်း (Zoom)
(လင့်ခ်ကိုကျင်းပမည့်ရက် ၂ ရက်မတိုင်ခင် မေးလ်ပို့ပေးပါမည်)
■ လျှောက်လွှာဖြည့်ရန် – အောက်ပါလင့်ခ်မှတဆင့် စာရင်းပေးသွင်းပါ။
■ လျှောက်လွှာပိတ်ရက် – ဒီဇင်ဘာလ ၁၃ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၅ နာရီ (မြန်မာစံတော်ချိန်)
※သတ်မှတ်ဦးရေ အယောက် ၄၀ ပြည့်သွားသည်နှင့် လျှောက်လွှာပိတ်မည်ဖြစ်ပါသည်။
* ဆွေးနွေးပွဲကို ဂျပန်ဘာသာဖြင့် ပြုလုပ်သွားမည်ဖြစ်ပါသည်။
* မီးပျက်ခြင်းနှင့် အခြားသောမဖြစ်မနေအကြောင်းအရာမှလွဲပြီး တတ်နိုင်သလောက် ကွန်ပြူတာဖြင့်သာ ပါဝင်တက်ရောက်ပေးပါ။
* ပါဝင်တက်ရောက်ရမည့်လင့်ခ် ကိုမေးလ်ပို့ရာတွင် Spam Folder ထဲသို့ရောက်နေတတ်ပါသဖြင့် Spam Folder ကိုပါစစ်ပေးပါ။
၂၀၂၄ ခုနှစ် မြန်မာနိုင်ငံ ဂျပန်ဘာသာဆရာဖြစ်မွမ်းမံသင်တန်းပရိုဂရမ်၏ အွန်လိုင်းညဘက်အတန်းအတွက် သင်တန်းသားများခေါ်ယူခြင်း
国際交流基金ヤンゴン日本文化センターが2018年より開始し、第6回となる日本語教師育成プログラムです。日本語教師として必要な知識や理論、実践スキルを身につけるだけでなく、コース修了後も成長し続けられる教師となることを目指します。
今回は、これまでのコースよりも短い期間で集中的に基礎を学ぶコースとなっています。また、オンラインコースでは初めての平日の夜の開催となっていますので、これまで参加が難しかった方もぜひご応募ください!
1. プログラム概要
(1)期間:2024年1月29日(月)~2024年5月30日(木)(全30回)
(2)時間:月曜日と木曜日 18:00~20:00
(3)内容:
日本語や日本語教授法に関する基礎的な知識、理論を学び、オンラインでコミュニカティブに実践できる能力の育成を目指します。
基礎・教授法理論などの授業・・・約32時間
模擬授業や関連授業・・・約20時間 ※そのほか、講師との面談や試験などがあります。
(4)定員:約20名
(5)申請資格:
・ミャンマー国籍を有し、コース終了までミャンマーで受講できること。
・JLPTのN2レベル以上であること。
・パソコンで受講し、授業中に問題なく日本語入力ができること。
※日本語指導経験の有無、年数は問いません。
(6)受講料:無料
(7)証明書:
出席、授業への取り組み、試験、提出物、模擬授業等を総合的に評価し、合格点を満たした受講者には、国際交流基金ヤンゴン日本文化センターより修了証明書(Certificate)が発行されます。
2. 申請方法
・申請方法は、下記の申請要領をダウンロードしてご確認ください。
・申請書は下記のファイルをダウンロードしてお使いください。
※上記の2つのファイルは同じ内容のものです。Wordファイルが開かない場合は、PDFファイル版の申請書をお選びください。
3. 提出期限
2024年1月5日(金) ミャンマー時間 16:00
4.問い合わせ
国際交流基金ヤンゴン日本文化センター
Eメール: nihongo.jfyg@jpf.go.jp
電話番号: 01-430920、01-430921
担当:Daw Pwint The Cho
受付時間:月曜日~金曜日(9:00-16:30)
日本語教育機関並びに人材送り出し機関の皆様、いつもご協力いただきありがとうございます。
国際交流基金ヤンゴン日本文化センター(JFYG)ではミャンマーの日本語教育の実態を把握し、皆様からのお声を聞かせていただきたく、本年よりonlineによる機関調査を実施して参りました。既に調査にご協力いただいた機関の皆様には改めて御礼申し上げます。今後は直接訪問による調査も行いたく、皆様のご都合に合わせてonline・直接訪問のどちらかでお願い申し上げる次第です。あらかじめ当センター(JFYG)より電話にてご都合をお伺いいたしますので、お忙しいところ大変恐縮ですがご協力いただけますと幸いに存じます。
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဥ်ကျေးမှုစင်တာမှ ပြုလုပ်သောစစ်တမ်းများနှင့် ပတ်သက်ပြီး အမြဲလိုလိုကူညီပေးသည့် ဂျပန်ဘာသာပညာရေးအဖွဲ့အစည်းများနှင့် အလုပ်သမားအေဂျင်စီများအား အထူးပင် ကျေးဇူးတင်ရှိပါသည်။
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဥ်ကျေးမှုစင်တာသည် မြန်မာနိုင်ငံရှိ ဂျပန်ဘာသာဆရာ၊ ဆရာမများ၏ ယခုလက်ရှိအခြေအနေများကို သိရှိနားလည်နိုင်ရန်နှင့် ဆရာ၊ ဆရာမများ၏စကားသံများကို အမြဲလိုလို နားစွင့်လိုသည့်အတွက် ယခုနှစ်တွင် Online မှတစ်ဆင့် ဂျပန်ပညာရေးအဖွဲ့အစည်းများကို စစ်တမ်းကောက်ယူခြင်းများကို ပြုလုပ်လျှက်ရှိပါသည်။ စစ်တမ်းကောက်ယူခြင်းတွင် ကူညီပါဝင်အားဖြည့်ပေးခဲ့သော အဖွဲ့အစည်းများကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။ နောက်နောင်များတွင်လည်း Online အပြင် အဖွဲ့အစည်းများသို့ ကိုယ်တိုင်သွားရောက်တွေ့ဆုံပြီး စစ်တမ်းကောက်ယူသွားရန် စီစဥ်လျှက်ရှိပါသည်။ ထို့အတွက် လူကြီးမင်းများ၏ဂျပန်ပညာရေးအဖွဲ့အစည်းများထံသို့ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဥ်ကျေးမှုစင်တာမှ ဖုန်းဖြင့်ကြိုတင်ဆက်သွယ်သွားမည်ဖြစ်ပြီး လူကြီးမင်းများ၏အဆင်ပြေသောအချိန်များတွင် ကျွန်ုပ်တို့၏စစ်တမ်းကောက်ယူခြင်းတွင် ပါဝင်ကူညီပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
လက်ရှိဂျပန်ဖောင်ဒေးရှင်းရန်ကုန်တွင် ပြုလုပ်ကျင်းပရန်စီစဉ်ထားသော ယာကိရှိမဲ မြေထည်လက်ရာပြပွဲအစီအစဉ်၏ ခေါင်းစဉ်ကွဲတစ်ခုဖြစ်သော Yakishime And Washoku ခေါင်းစဉ်အောက်တွင် ဂျပန်၏ထင်ရှားသော ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သည့် ဝရှောခု ဟင်းလျာများကို တည်ခင်းရာတွင် အသုံးပြုသော ယာကီရှိမဲ မြေထည် ပန်းကန်ခွက်ယောက်များကိုလည်း ထည့်သွင်းပြသထားပါသည်။ အဆိုပါ မြေအိုးနှင့် ပန်းကန်တို့ကို အသုံးပြုပြီး Hayami san မှ ဂျပန်ဟင်းလျာများကို ချက်ပြုတ်ခြင်းနှင့် ပတ်သတ်၍ ဆွေးနွေးသွားမည်ဖြစ်ပြီး ဂျပန်ရိုးရာ dobin mushi ဟင်းရည်ကိုလည်း ချက်ပြုတ်ပြသသွားမည်ဖြစ်ပါသည်။
ဂျပန်နိုင်ငံ၏ စားသောက်ဆိုင်လုပ်ငန်းများတွင် သွားရောက်လုပ်ကိုင်လိုသူများအနေဖြင့် ဂျပန်ဟင်းလျာများကို တည်ခင်းရာတွင် အသုံးပြုသော ယာကီရှိမဲ အိုးခွက်ပန်းကန်များနှင့် ပတ်သတ်၍ ဗဟုသုတများစွာရရှိစေမည့် အစီအစဉ်ဖြစ်ပါသည်။
အစီအစဉ် အသေးစိတ်
အချိန် ။ ။ နေ့လည် ၂ နာရီမှ ၄ နာရီအထိ
နေ့ရက် ။ ။ ဇူလိုင်လ ၂၂ ရက်နေ့ (စနေနေ့)၊ ၂ဝ၂၃
နေရာ ။ ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဉ်ကျေးမှုစင်တာ
အမှတ် (၇ဝ)၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်
စိတ်ပါဝင်စားသူများအနေဖြင့် အောက်ပါလင့်မှတစ်ဆင့်ကြိုတင်စာရင်းပေးသွင်းသွားရမည်ဖြစ်ပါသည်။
https://forms.gle/LDhvmkawhZh5hQke9
“Yakishime as Tea Wares” is the one of the sections of Yakishime travelling exhibition. Under this title, the teapot, teacup and other tea wares, which are essential objects of famous Japanese Tea Ceremony Sado, are going to be exhibited. Moreover, we also plan to organize talk session about the history and the roles of Yakishime in Tea Ceremony. The talk session will be led by a Japanese Ms. Hyodo and if you have interest to join, please do the registration from the below link. After the talk session we will treat all the guests who participate with Japanese green Tea matcha.
Program details
Date: 15 July, 2023 (Saturday)
Time: 10 am to 11 am
Venue: The Japan Foundation, Yangon
No.70, Nat Mauk Lane (1), Bahan Township
Register here: https://forms.gle/QyMjQTcRSnAFhZ6d7
One of the three sections of YAKISHIME – Earth Metamorphosis” travelling exhibition is “Yakishime as Objets d’art” and it introduces the contemporary Yakishime objects created by Japanese artists.
A recent development is the emergence of artists who are creating yakishime wares of unglazed porcelain clay, in addition to works in the Bizen and other traditions. The final section of this exhibition introduces yakishime objets that have departed from the vessel form to develop in a variety of styles.
The transition of daily used earthen wares to art works is the main concept in this section. As the material condition and living standards of human developed throughout the history, the cultural value of earthen wares has transcended from daily used objects to artistic objects.
During the exhibition period, the Japan Foundation, Yangon has invited Ms. Soe Yu Nwe, a Myanmar ceramic artist to a talk session. Soe Yu will share her thoughts on the contrast between the traditional wabi-sabi concept and modern, contemporary experimental and minimalistic art concept of Yakishime objects.
Prior registration is required to join the talk event because of limited number of participants.
Program details
Date: 15 July, 2023 (Saturday)
Time: 2 pm to 3 pm
Venue: The Japan Foundation, Yangon
No.70, Nat Mauk Lane (1), Bahan Township
Register here: https://forms.gle/ThJH5BfbS1ytZuGd6
“Dokusho no Aki” (ဆောင်းဉီးရာသီ စာဖတ်မည် စာပေစကားဝိုင်း)
Anomie – Alienation
မြန်မာ ၁၂ လရာသီပွဲတော်များထဲတွင် နယုန်လ စာတော်ပြန်ပွဲ ရှိသကဲ့သို့ပင် ဂျပန်တွင်လဲ “Dokusho no Aki(読書の秋)”ဆောင်းဦးရာသီ စာပေရာသီ” ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ မိုးအကုန် ဆောင်းအကူး၊ အေးချမ်းတဲ့ ဥတုရာသီ၊ နေ့တာတိုပြီး ညတာရှည်လာတဲ့အချိန်က စာအုပ်ဖတ်ဖို့ အကောင်းဆုံးအချိန်အဖြစ် ဂျပန် ဂန္တဝင်စာရေးဆရာကြီးဖြစ်တဲ့ Natsume Soseki ကိုယ်တိုင် သတ်မှတ်ခဲ့ပြီး ဆောင်းဉီးရာသီမှာ စာဖတ်တဲ့ အလေ့အထကို ပြုစုပျိုးထောင်ခဲ့တာဖြစ်ပါတယ်။
ယခုတစ်ခါမှာတော့ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ရဲ့ ယဥ်ကျေးမှုနဲ့အနုပညာအစီအစဥ်တစ်ခုအနေနဲ့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ဂျပန်စာပေချစ် ပရိသတ်တွေကြား ဆွေးနွေးချိတ်ဆက် မိတ်ဖွဲ့လိုရမယ့် စာပေစကားဝိုင်း တစ်ခုကို စီစဥ်ထားပါတယ်။ ဂျပန်စာပေများမှတစ်ဆင့် ဂျပန်လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုနဲ့ ပြဿနာများကို လေ့လာနိုင်ရန် ဂျပန်ယဉ်ကျေးမှုနှင့်စာပေကို စိတ်ဝင်စားသူများအတွက် စီစဉ်တင်ဆက်ထားခြင်းဖြစ်ပါသည်။
ဒီတစ်ခေါက်စကားဝိုင်းကိုတော့ စာရေးဆရာ Osamu dazai ရဲ့ No Longer Human စာအုပ်နဲ့ စာရေးဆရာမ Sayaka Murata ရဲ့ Convenience Store Woman တို့ကို ရွေးချယ်ထားပါတယ်။ စာအုပ်နှစ်အုပ်ထဲက ဇာတ်ကောင် နှစ်ယောက်က မတူညီတဲ့ ခေတ်နှစ်ခေတ်ရဲ့ အခြေအနေပေါ် နောက်ခံဇာတ်အိမ်တည်ဆောက်ထားသော်လည်း တူညီချက်မှာ ဇာတ်ကောင်နှစ်ယောက်လုံးသည် လူ့အဖွဲ့အစည်းနှင့် အံဝင်ခွင်ကျ မဖြစ်မှုအပေါ် ရုန်းကန်ရသော ဇာတ်ရုပ်သဏ္ဌာန်ဖြစ်သည်။ No Longer Human စာအုပ်မှ ဇာတ်ကောင် အမျိုးသား Yozo သည် သာမန်လူတစ်ဦးအဖြစ် လူ့အဖွဲ့အစည်းတွင် ဝင်ဆံ့အောင် ကြိုးပမ်းနေသော သူတစ်ဉီးဖြစ်ပြီး အရက်၊အမျိုးသမီးများနှင့် ကင်းကွာ၍ မနေနိုင်သော သူတစ်ဉီးဖြစ်ကာ မိမိကိုယ်ကို အဆုံးစီရင်သွားသောသူဖြစ်သည်။ Convenience Store Woman မှ ဇာတ်ကောင် အမျိုးသမီး Keiko သည် ၁၈ နှစ်ကြာ စတိုးဆိုင်အရောင်းစာရေးဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသမီးတစ်ယောက်ဖြစ်ပြီး မျက်မှောက်ခေတ် ဂျပန်လူ့အဖွဲ့အစည်း၏ ကျားမရေးရာ ဆိုင်ရာ လူမှုပြဿနာများ၊ အလုပ်အကိုင်နှင့် လုပ်အားဆိုင်ရာ အယူအဆများကို မီးမောင်းထိုးပြထားသော ဇာတ်ကောင်ဖြစ်သည်။ စကားဝိုင်းတွင် ထိုစာအုပ်နှစ်အုပ်မှ အဓိက ဇာတ်ကောင်များ၏ လူ့အဖွဲ့အစည်းတွင် မဝင်ဆံ့မှုမှတစ်ဆင့် ဂျပန်လူ့အဖွဲ့အစည်း၏ မတူညီသော လူမှုစီးပွားနောက်ခံ ယဉ်ကျေးမှုများအကြောင်းကို လေ့လာဖော်ထုတ်ဆွေးနွေးသွားကြမည် ဖြစ်ပါသည်။
စကားဝိုင်းတွင် ပါဝင်လိုသူများအနေဖြင့် အဆိုပါစာအုပ်နှစ်အုပ် (သို့) ကြိုက်နှစ်သက်ရာတစ်အုပ်ကို ကြိုတင်ဖတ်ရှုလာဖို့ လိုအပ်ပါသည်။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် စာကြည့်တိုက်တွင်လည်း Convenience Store Women မြန်မာ ဘာသာပြန် စာအုပ်နှင့် No Longer Woman ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာ စာအုပ်တို့ကို ထားရှိပေးထားမည်ဖြစ်သည့်အတွက် ယဉ်ကျေးမှုစင်တာ ဖွင့်ချိန်အတွင်း လာရောက်ဖတ်ရှုနိုင်ပါသည်။
အောက်ပါလင့်ခ်တွင် စာရင်းပေးသွင်းနိုင်ပါသည်။
https://forms.gle/xevgtQvibKk94QkW7
အချိန် ။ ။ နေ့လည် ၂ နာရီ
နေ့ရက် ။ ။ အောက်တိုဘာလ ၂၁ ရက် (စနေနေ့)
နေရာ ။ ။ အမှတ် (၇ဝ)၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်
လူဉီးရေ ။ ။ ၃ှဝ ဉီး
ပါဝင်ခွင့်ရရှိသူများကို ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားသွားပါမည်။ (ပါဝင်ဖို့အတည်ပြုပြီးမှ စကားဝိုင်းနေ့တွင် cancel လုပ်ခြင်း၊ မတက်ရောက်ခြင်းများသည် အခြားတက်ရောက်လိုသူများကို နစ်နာစေသောကြောင့် တက်နိုင်သရွေ့ မပြုလုပ်မိပါရန် မေတ္တာရပ်ခံအပ်ပါသည်။)
All rights reserved. This book including text, visual and audio items must not be reproduced and sold without the permission of the Japan Foundation.