Arts and Cultural Exchange

“ဂျပန်သံအမတ်ကြီး မစ္စတာမာရုယာမနဲ့ ဂျပန်လိုပြောကြရအောင်” အစအဆုံး / オンライン交流イベント「丸山大使と日本語で話そう!」完全ヴァージョン

国際交流基金ヤンゴン日本文化センター(The Japan Foundation, Yangon)は、2020年6月30日(火)、丸山市郎駐ミャンマー特命全権大使とミャンマー国内の 11 名の日本 語学習者のオンライン交流イベント「丸山大使と日本語で話そう!」を開催しました。その模様をミャンマー語字幕をつけてご紹介します。1時間19分、通しでお楽しみください。

“Gagaku” ဂျပန်နန်းတွင်းတေးဂီတအကြောင်း မိတ်ဆက် video

ဂီတကို လူသားတွေရဲ့ စိတ်နှလုံးဝိညာဥ်ဟု တင်စားခေါ်ဆိုကြလျှင် “Gagaku” (ဂဂခု) လို့ခေါ်တဲ့ ဂျပန်နန်းတွင်းတေးဂီတကို ရှေးခေတ်ဂျပန်ပြည်၏ နှလုံးသည်းပွတ် စိတ်နှလုံးဝိညာဥ်ဟုခေါ်ရမည် ဖြစ်ပါသည်။ ဂျပန်နန်းတွင်းဂီတအကြောင်းကို အောက်ပါ video တွင် ကြည့်ရှုနားဆင်ကြရအောင်။

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်သည် “Gagaku” ဂျပန်နန်းတွင်းဂီတ ပညာရှင် မစ္စတာ ယာမဒါ ဖုမိဟိကိုနှင့် အဖွဲ့ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် မြန်မာသို့ ဖိတ်ခေါ်ခဲ့ပါသည်။ နန်းတွင်းဂီတအဖွဲ့သည် Myanm/art တွင် “The sound of thousand years” အမည်ဖြင့် ဂျပန်နန်းတွင်းတေးဂီတဖျော်ဖြေပွဲကို ပြုလုပ်ခဲ့ပြီး ရန်ကုန်အမျိုးသားအနုပညာတက္ကသိုလ်တွင် “ယနေ့ခေတ်တွင် ရိုးရာတေးဂီတကို ဖျော်ဖြေတီးခတ်ခြင်း” ခေါင်းစဥ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပါသည်။ ယခု video တွင် မစ္စတာ ယာမဒါနှင့် ဂျပန်နန်းတွင်းဂီတအဖွဲ့မှ “Gagaku” နန်းတွင်းဂီတအကြောင်း၊ နန်းတွင်းဂီတတီးခတ်ရာတွင် အသုံးပြုသော တူရိယာများနှင့် ၄င်းတို့၏ သမိုင်းကြောင်းကို အကျဥ်းချုံး မိတ်ဆက်ရှင်းပြသွားမှာ ဖြစ်ပါတယ်။

ယခုမိတ်ဆက် video အပြီး နောက်ပိုင်းမှာ မစ္စတာ ယာမဒါနှင့်အဖွဲ့ တီးခတ်ဖန်တီးထားသည့် နန်းတွင်းတေးဂီတ သီချင်းအချို့ကိုလည်း ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ Facebook page တွင် တင်ဆက်ဝေမျှပေးသွားမည်ဖြစ်ပါသဖြင့် စောင့်မျှော်ပေးဖို့ ဖိတ်ခေါ်ပါတယ်။

Notice & Announcements

View All