art and exchange culture image

Arts and Cultural Exchange

Creating opportunities to engage in the values and virtues embodied in art and life Arts and culture—such as fine arts, performing arts, literature, films, food and fashion—inspire interest in different values and virtues. They give insights into how people think, act, and communicate, and nurture mutual understanding that transcends language and stereotypes. The Japan Foundation creates opportunities for people all over the world to encounter Japanese art and culture by supporting artists, presenting works, and creating international networks.

Activities

Sep 23, 2023 (10 am, 2pm )

Okinawa Month
အိုကီနာ၀ါနဲ့ အဲအိဆာ(エイサー)ခွဲခြားလို့မရတဲ့အရာ၊ အိုကီနာ၀ါ အဲအိဆာအကသည် ဂျပန်တွင်သာမက အပြည်ပြည်ဆိုင်ရာ ကမ္ဘာလှည့်ခရီးသွားများကြားတွင်လဲ ကျော်ကြားသောအကတစ်ခုဖြစ်သည်။ အီယာဆာဆာ(イーヤーサーサー)နဲ့ ဟာအီယာ(ハーイーヤー) သံပြိုင်ထွက်သည့် ညာသံနှင့်အတူ အားမာန်အပြည်နှင့် စည်ကြီး၊စည်ငယ် အသွယ်သွယ် မှ ညီညာတီးခတ် ပဲ့တင်သံနှင့်အတူ စီတန်းလှည့်လည်လေ့ရှိသော အဲအိဆာအကသည် လျူးကျူးခေတ်မှ ယနေ့အထိတိုင် အိုကီနာ၀ါ၏ ထင်ရှားသော ယဥ်ကျေးမှုပြယုဂ် ပွဲတော်တစ်ခုဖြစ်သည်။ ဂျပန်ပြည်မ ရှိ ဒေသအချို့နဲ့ မတူ၊ မူကွဲသော အိုဘုန်းပွဲတော်တွင် တီးခတ်ကပြဖျော်ဖြေလေ့ရှိပြီး၊ ပွဲတော်ကျင်းပချိန် နွေရာသီတွင်...

Venue :

View More

Sep 16, 2023 ~ Sep 16, 2023
(10 am, 2pm )

Okinawa Month
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ ဂျပန်ယဥ်ကျေးမှုစင်တာ မှာ မပြုလုပ်တာကြာပြီဖြစ်တဲ့ Origami Workshop အစီအစဥ်လေးကို ဒီတစ်ခေါက် Okinawa Month မှာထည့်သွင်းပြုလုပ် စီစဥ်ထားပါတယ်။ ခေါက်ရမဲ့ စက္ကူအရုပ်လေးတွေကတော့ အိုကီနာ၀ါရိုးရာ Shīsā, シーサー (ရှီဆာခြင်္သေ့) အိုခီနာ၀ါကျွန်းပတ်လည် ပင်လယ်ပြင်တွင် နေထိုင်ကျက်စားသော Whale shark (ジンベエザ) ဝေလငါး နှင့် အိုကီနာ၀ါကျွန်းတွင် ပွင့်လေ့ရှိသော Hibiscus (ハイビスカス)ခေါင်ရမ်းပန်းတို့ ဖြစ်ပါတယ်။ Level ကတော့ Beginner နဲ့...

Venue :

View More

Sep 9, 2023 ~ Sep 9, 2023
(10 am)

Okinawa Month
Okinawa Month ဂျပန်ဖောင်ဒေးရှင်းရန်ကုန်သည် မြန်မာ-ဂျပန်ယဉ် ကျေးမှုဖလှယ်ရေး ပေါင်းကူးတံတားအနေဖြင့် ဂျပန်ယဉ်ကျေးမှုဆိုင်ရာ ပွဲအစီအစဉ်များကို တင်ဆက်ပေးလျက်ရှိပါသည်။ ယခု စက်တင်ဘာလတွင် “Okinawa Month” ဟူ၍ အိုကီနာဝါဒေသ၏ ယဉ်ကျေးမှု၊ အနုပညာ၊ သမိုင်းကြောင်းတို့ကို စိတ်ဝင်စားဖွယ်အစီအစဉ်များစွာဖြင့် မိတ်ဆက်ပေးသွားမည်ဖြစ်ပါသည်။ အိုကီနာဝါဒေသသည် ဂျပန်၏ အနောက်တောင်ဘက် အကျဆုံး နေရာတွင်တည်ရှိပြီး ကျွန်းငယ်ပေါင်း ၁၆၀ ဖြင့် ပါဝင်ဖွဲ့စည်းထားသည်။ အိုကီနာဝါသည် ယခင်က ဂျပန်ပြည်တွင် မပါဝင်ဘဲ လျူးကျူးနိုင်ငံတော်အဖြစ် တစ်ထီးတစ်နန်း...

Venue :

View More

Videos

“ဂျပန်သံအမတ်ကြီး မစ္စတာမာရုယာမနဲ့ ဂျပန်လိုပြောကြရအောင်” အစအဆုံး / オンライン交流イベント「丸山大使と日本語で話そう!」完全ヴァージョン

国際交流基金ヤンゴン日本文化センター(The Japan Foundation, Yangon)は、2020年6月30日(火)、丸山市郎駐ミャンマー特命全権大使とミャンマー国内の 11 名の日本 語学習者のオンライン交流イベント「丸山大使と日本語で話そう!」を開催しました。その模様をミャンマー語字幕をつけてご紹介します。1時間19分、通しでお楽しみください。

“Gagaku” ဂျပန်နန်းတွင်းတေးဂီတအကြောင်း မိတ်ဆက် video

ဂီတကို လူသားတွေရဲ့ စိတ်နှလုံးဝိညာဥ်ဟု တင်စားခေါ်ဆိုကြလျှင် “Gagaku” (ဂဂခု) လို့ခေါ်တဲ့ ဂျပန်နန်းတွင်းတေးဂီတကို ရှေးခေတ်ဂျပန်ပြည်၏ နှလုံးသည်းပွတ် စိတ်နှလုံးဝိညာဥ်ဟုခေါ်ရမည် ဖြစ်ပါသည်။ ဂျပန်နန်းတွင်းဂီတအကြောင်းကို အောက်ပါ video တွင် ကြည့်ရှုနားဆင်ကြရအောင်။

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်သည် “Gagaku” ဂျပန်နန်းတွင်းဂီတ ပညာရှင် မစ္စတာ ယာမဒါ ဖုမိဟိကိုနှင့် အဖွဲ့ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် မြန်မာသို့ ဖိတ်ခေါ်ခဲ့ပါသည်။ နန်းတွင်းဂီတအဖွဲ့သည် Myanm/art တွင် “The sound of thousand years” အမည်ဖြင့် ဂျပန်နန်းတွင်းတေးဂီတဖျော်ဖြေပွဲကို ပြုလုပ်ခဲ့ပြီး ရန်ကုန်အမျိုးသားအနုပညာတက္ကသိုလ်တွင် “ယနေ့ခေတ်တွင် ရိုးရာတေးဂီတကို ဖျော်ဖြေတီးခတ်ခြင်း” ခေါင်းစဥ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပါသည်။ ယခု video တွင် မစ္စတာ ယာမဒါနှင့် ဂျပန်နန်းတွင်းဂီတအဖွဲ့မှ “Gagaku” နန်းတွင်းဂီတအကြောင်း၊ နန်းတွင်းဂီတတီးခတ်ရာတွင် အသုံးပြုသော တူရိယာများနှင့် ၄င်းတို့၏ သမိုင်းကြောင်းကို အကျဥ်းချုံး မိတ်ဆက်ရှင်းပြသွားမှာ ဖြစ်ပါတယ်။

ယခုမိတ်ဆက် video အပြီး နောက်ပိုင်းမှာ မစ္စတာ ယာမဒါနှင့်အဖွဲ့ တီးခတ်ဖန်တီးထားသည့် နန်းတွင်းတေးဂီတ သီချင်းအချို့ကိုလည်း ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ Facebook page တွင် တင်ဆက်ဝေမျှပေးသွားမည်ဖြစ်ပါသဖြင့် စောင့်မျှော်ပေးဖို့ ဖိတ်ခေါ်ပါတယ်။

Notice & Announcements

View All