အားလုံးပဲ မင်္ဂလာပါ။ ၁၅ ကြိမ်မြောက် ဂျပန်ဘာသာသင်ကြားရေးနှင့်ပတ်သက်သော ဆွေးနွေးပွဲကို အွန်လိုင်းဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။
ဒီတစ်ခေါက်မှာတော့ “e-learning” အကြောင်းကိုအဓိကထားဆွေးနွေးသွားမှာဖြစ်ပြီး Japan Faountion က ထုတ်လုပ်ထားတဲ့ Online Course၊ Website၊ Application အစရှိတဲ့ e-learning သင်ထောက်ကူအမျိုးမျိုးနှင့် ပတ်သက်ပြီး မိတ်ဆက်ပေးသွားမှာဖြစ်ပါသည်။ ကျောင်းသား၊ ကျောင်းသူများအတွက် ကိုယ်တိုင်လေ့လာနိုင်ဖို့ သင်ထောက်ကူအဖြစ်၊ သို့မဟုတ် သင်ကြားရေးမှာအသုံးပြုနိုင်ရန် သင်ထောက်ကူအဖြစ် “e-learning” အကြောင်းလေ့လာကြရအောင်။ ပါဝင်တတ်ရောက်ဖို့ဖိတ်ခေါ်ပါတယ်။
■ကျင်းပမည့်နေ့ရက် – ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက် (စနေနေ့)
■ကျင်းပမည့်အချိန် – နံနက် ၁၀ နာရီမှ နေ့လည် ၁၁ နာရီ ၄၅ မိနစ်အထိ (မြန်မာစံတော်ချိန်)
■တတ်ရောက်နိုင်မည့်သူများ – မြန်မာလူမျိုးဂျပန်ဘာသာသင်ဆရာ/ ဆရာမ (JLPT N3 နှင့်အထက်)
*ကျောင်းသား၊ ကျောင်းသူများမပါဝင်ပါ။
■ဟောပြောမည့်ဆရာ – Ms.Miyake Naoko, Mr.Kitaguchi Nobuyuki (Japanese Lecturer, Japan Foundation Japanese-Language Institue Kansai)
*ဆွေးနွေးပွဲကိုဂျပန်ဘာသာဖြင့် ကျင်းပသွားပါမည်။
■တတ်ရောက်မည့်သူများအတွက်ကြိုတင်သတိပေးချက်များ
① PC ဖြင့်တတ်ရောက်ပေးပါ။
②ဆွေးနွေးပွဲစာရင်းပေးသွင်းခြင်းအပြင် PC သို့မဟုတ် ဖုန်းမှတဆင့် JF Nihongo e learning minato 」(
https://minato-jf.jp/)ကိုကြိုတင်စာရင်းပေးသွင်းထားပေးပါ။
■စာရင်းပေးသွင်းရန် – အောက်ပါ URL မှတဆင့်စာရင်းပေးသွင်းပါ
■စာရင်းပေးသွင်းရမည့်နောက်ဆုံးရက် – ဖေဖော်ဝါရီလ ၁၄ ရက် ( ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ (မြန်မာစံတော်ချိန်)
*ပါဝင်တက်ရောက်ရမည့်လင့်ခ် ကိုမေးလ်ပို့ရာတွင် Spam Folder ထဲသို့ရောက်နေတတ်ပါသဖြင့် Spam Folder ကိုပါစစ်ပေးပါ။
————————————————————————–