👻”Yokai Parade: ဂျပန်မြေမှ တစ္ဆေများ” ကမ္ဘာလှည့်ဂျပန်အနုပညာပြပွဲမှ ကြိုဆိုပါတယ်! (ဂျပန်ဖောင်ဒေးရှင်း၊ရန်ကုန်မှာ ၂၀၂၅ ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ပြသမည်)👻

  • Feb 1, 2025 ~ Mar 1, 2025
  • 9:30AM-3:30PM
  • ဂျပန်ဖောင်ဒေးရှင်း၊ ရန်ကုန်။ အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် ၁၊ ဗဟန်း၊ ရန်ကုန်။

ယခုပြပွဲမှာ ဂျပန်နိုင်ငံရဲ့ Yokai လို့ခေါ်တဲ့ စိတ်ကူးယဉ် တစ္ဆေသရဲတွေအကြောင်း ယဉ်ကျေးမှုအား စာရွက်ပေလွှာများ၊ နိရှိကိအဲ ရောင်စုံသစ်ထွင်းပန်းချီများမှတဆင့် အရုပ်တွေ၊ ရုပ်ရှင်တွေဖြစ်လာတဲ့ထိ ယနေ့ခေတ်ထိ လက်ဆင့်ကမ်းသယ်ဆောင်လာပုံကို စုံလင်စွာ မိတ်ဆက်ထားပါတယ်။ 

ဂျပန် Yokai တွေဟာ ပုံဝတ္ထုများစွာထဲမှာ သဘာဝလွန်စွမ်းအားတွေ ပိုင်ဆိုင်တဲ့ ဇာတ်ကောင်များအဖြစ် ပါဝင်ခဲ့ကြပြီး နားဆင်သူတွေကို အံ့သြထိတ်လန့်အောင် စွမ်းဆောင်ခဲ့ကြပါတယ်။ အဲ့ဒီနောက် နည်းပညာတွေ တိုးတက်လာပြီး လူသားတွေရဲ့ နေထိုင်မှုဘဝပြောင်းလဲလာချိန်မှာတော့ Yokai တွေဟာ ကြောက်စရာအရာ ဆိုတာထက် ပိုပြီး ရင်းနှီးနှစ်လိုဖွယ်အဖြစ်သို့ တဖြေးဖြေး ပြောင်းသွားခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ ကအိဒန် (Kaidan) လို့ခေါ်တဲ့ တစ္ဆေပုံပြင်တွေကို နွေရာသီမှာ ပြောဆိုနားဆင်တဲ့ ယဉ်ကျေးမှုဓလေ့ရှိနေဆဲဖြစ်ပြီး နိုင်ငံတဝှမ်းက ပြဇာတ်ရုံတွေရုပ်သံဇာတ်ကားတွေမှာလည်း Yokai ကို မြင်တွေ့နေရတုန်းပါပဲယခုပြပွဲက ဒီ Yokai တွေရဲ့ လူကြိုက်များမှုကို မီးမောင်းထိုးပြထားပြီး လာရောက်ကြည့်ရှုသူတွေအနေနဲ့ သူတို့ရဲ့ ခိုင်မာစွာတည်ရှိတဲ့ ဆန်းကြယ်ကမ္ဘာကို လေ့လာနိုင်မှာပါ။ အခုပြပွဲအတွက် အချက်အလက်တွေကို အောက်မှာ အသေးစိတ်ကြည့်ရှုနိုင်ပါတယ်။ 

**ဝင်ကြေးအခမဲ့** 

ပြပွဲကာလ – ၂၀၂၅ ဖေဖော်ဝါရီ ၁ ရက်မှ မတ်လ ၁ ရက်ထိ (တနင်္ဂနွေ၊ တနင်္လာနှင့် အများပြည်သူပိတ်ရက်များ မဖွင့်ပါ)  

ပြပွဲအချိန် – နေ့စဉ် မနက် ၉ နာရီခွဲမှ ညနေ ၃ နာရီခွဲထိ  

ပြပွဲနေရာဂျပန်ဖောင်ဒေးရှင်းရန်ကုန်။ အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် ၁၊ ဗဟန်းရန်ကုန်။ 

Sponsor: ဂျပန်ဖောင်ဒေးရှင်း၊ ရန်ကုန် 

Nominal Support: မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး   

Notice & Announcements

View All