ဂျပန်စာစတင်လေ့လာရာတွင် စာလုံးတွေများပြီး မှတ်ရခက်လို့ စိတ်ညစ်ကြမှာပဲနော်။
ဒါကြောင့် ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာမှ မြန်မာဘာသာဖြင့် Association Cards“Memory Hint”ဆိုတာလေးကို ပြုလုပ်ပေးထားပါတယ်။
Associationနည်းလမ်း (ခန့်မှန်းခြင်းနည်းလမ်း) ဆိုတာကတော့ စာလုံးများကို အသံ၊ အက္ခရာပုံစံ၊ ရုပ်ပုံများကို သုံး၍ အချိန်တိုအတွင်းမှတ်မိလွယ်အောင် ဖန်တီးပြုလုပ်ပေးထားသည့် နည်းစနစ်တစ်ခုဖြစ်ပါတယ်။