Waku Waku ဆိုသည်မှာ

မြန်မာနိုင်ငံတွင် ကလေးငယ်များအတွက် ရည်ရွယ်သော ဂျပန်ဘာသာစကားသင်ကြားမှုများ လိုအပ်လျက်ရှိပါသည်။ ပေါ့ပေါ့ပါးပါး လေ့လာသင်ယူနိုင်သော ကလေးငယ်များအတွက် ရည်ရွယ်သည့် သင်ထောက်ကူကို မိတ်ဆက်ပေးရန် တောင်းဆိုချက်များအရ ဂျပန်ဖောင်‌ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာမှ ယခုတစ်ကြိမ်တွင် “ဝခုဝခုဂျပန်စာ” ကို မြန်မာဘာသာဖြင့် ပြန်လည်ပြုစုထားပါသည်။

“ဝခုဝခုဂျပန်စာ” သည် ဂျပန်ဖောင်ဒေးရှင်းကိုင်ရို ဂျပန်ယဉ်ကျေးမှုစင်တာမှ ရေးသားပြုစုထားသော သင်ထောက်ကူစာအုပ်ဖြစ်သည်။ အီဂျစ်ဂျပန်ဘာသာသင်ကျောင်းမှ ဆရာများအနာဂတ်တွင် Japan Day စသည့် ယဉ်ကျေးမှုမိတ်ဆက်ပွဲများတွင် ကလေးငယ်များအား လွယ်ကူသည့် ဂျပန်ယဉ်ကျေးမှုနှင့် ဂျပန်ဘာသာစကားကို မိတ်ဆက်ပေးနိုင်ရန် ရေးသားပြုစုထားခြင်းဖြစ်ပါသည်။ ထိုအတွက် သင်ခန်းစာတိုင်းသည် သီးခြားစီဖြစ်ပြီး ခွဲပြီးလေ့လာလျှင်လည်း ဂျပန်ယဉ်ကျေးမှုကိုလေ့လာခြင်း၊ ဂျပန်စာကိုလေ့လာခြင်း ဆိုသည့် ရည်ရွယ်ချက် ဖြစ်မြောက်စေရန် ရေးသားပြုစုထားခြင်းဖြစ်ပါသည်။

အလယ်တန်း၊ အထက်တန်းနှင့် ကလေးသူငယ်များအားသင်ကြားနေသည့် ပုဂ္ဂလိကကျောင်းနှင့် သီးသန့်အတန်းများတွင် အသုံးပြုနိုင်သည့် အကြောင်းအရာများဖြင့် ရေးသားပြုစုထားပါသည်။ အထူးသဖြင့် ဤသင်ထောက်ကူ၏ သင်ရိုးညွှန်းတမ်းတွင် သဒ္ဒါပိုင်းဆိုင်ရာရှင်းပြချက်များပါရှိသောကြောင့် ဂျပန်ဘာသာကို မလေ့လာဖူးသည့်ဆရာများလည်း ကလေးငယ်များနှင့်အတူသင်ယူလေ့လာနိုင်သည်က ထူးခြားချက်ဖြစ်ပါသည်။

သင်ထောက်ကူဖတ်စာအုပ်နှင့် အသံဖိုင်များကို အခမဲ့‌ဒေါင်းလုပ်ရယူပြီး အသုံးပြုနိုင်ပါသည်။ နောင်တွင် ကလေးငယ်များကို ဂျပန်ဘာသာစကားစတင်သင်ကြားရန် လျာထားသည့်ပညာရေးအဖွဲ့အစည်းများအနေဖြင့် တွင်ကျယ်စွာ အသုံးချပေးပါက အတိုင်းမသိ ဝမ်းသာမိမည်ဖြစ်ပါသည်။

All rights reserved. This book including text, visual and audio items must not be reproduced and sold without the permission of the Japan Foundation.