Past Events

Sep 16, 2023 ~ Sep 16, 2023
(10 am, 2pm )

Okinawa Month
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ ဂျပန်ယဥ်ကျေးမှုစင်တာ မှာ မပြုလုပ်တာကြာပြီဖြစ်တဲ့ Origami Workshop အစီအစဥ်လေးကို ဒီတစ်ခေါက် Okinawa Month မှာထည့်သွင်းပြုလုပ် စီစဥ်ထားပါတယ်။ ခေါက်ရမဲ့ စက္ကူအရုပ်လေးတွေကတော့ အိုကီနာ၀ါရိုးရာ Shīsā, シーサー (ရှီဆာခြင်္သေ့) အိုခီနာ၀ါကျွန်းပတ်လည် ပင်လယ်ပြင်တွင် နေထိုင်ကျက်စားသော Whale shark (ジンベエザ) ဝေလငါး နှင့် အိုကီနာ၀ါကျွန်းတွင် ပွင့်လေ့ရှိသော Hibiscus (ハイビスカス)ခေါင်ရမ်းပန်းတို့ ဖြစ်ပါတယ်။ Level ကတော့ Beginner နဲ့...

Sep 9, 2023 ~ Sep 9, 2023
(10 am)

Okinawa Month
Okinawa Month ဂျပန်ဖောင်ဒေးရှင်းရန်ကုန်သည် မြန်မာ-ဂျပန်ယဉ် ကျေးမှုဖလှယ်ရေး ပေါင်းကူးတံတားအနေဖြင့် ဂျပန်ယဉ်ကျေးမှုဆိုင်ရာ ပွဲအစီအစဉ်များကို တင်ဆက်ပေးလျက်ရှိပါသည်။ ယခု စက်တင်ဘာလတွင် “Okinawa Month” ဟူ၍ အိုကီနာဝါဒေသ၏ ယဉ်ကျေးမှု၊ အနုပညာ၊ သမိုင်းကြောင်းတို့ကို စိတ်ဝင်စားဖွယ်အစီအစဉ်များစွာဖြင့် မိတ်ဆက်ပေးသွားမည်ဖြစ်ပါသည်။ အိုကီနာဝါဒေသသည် ဂျပန်၏ အနောက်တောင်ဘက် အကျဆုံး နေရာတွင်တည်ရှိပြီး ကျွန်းငယ်ပေါင်း ၁၆၀ ဖြင့် ပါဝင်ဖွဲ့စည်းထားသည်။ အိုကီနာဝါသည် ယခင်က ဂျပန်ပြည်တွင် မပါဝင်ဘဲ လျူးကျူးနိုင်ငံတော်အဖြစ် တစ်ထီးတစ်နန်း...

Aug 19, 2023 ~ Aug 19, 2023
(10 am)

JFYG Natsu Matsuri
ဂျပန်မှာ ဇူလိုင်ကနေ August လကုန်၊ စက်တင်ဘာလဆန်းအထိ နွေရာသီကျရောက်ပါတယ်။ ပူပြင်းတဲ့နွေရာသီရဲ့ ညနေခင်းတွေမှာ မရှိမဖြစ် လိုအပ်တာကတော့ ဝတ်ရတာ သက်တောင့်သက်သာရှိတဲ့ ယုကတဝတ်စုံရယ်၊ ယပ်တောင်တစ်လက်ရယ်၊ ခခိဂိုရိ (かき氷) ရေခဲခြစ်အေးအေးလေးရယ်ပါပဲ။ ညနေစောင်းလာတာနဲ့ ပုစဉ်းရင်ကွဲသံတွေ တစ်စီစီကြားနေရမယ်။ မိုးလေတိမ်ကင်းစင်တဲ့အခါ ကောင်းကင်မှာ မီးရှူးမီးပန်းလွှတ်တဲ့ (花火)ပွဲတွေကို ကြည့်ဖို့ မိသားစု၊ သူငယ်ချင်းတွေနဲ့ အတူတူ ယုကတဝတ်စုံကိုယ်စီနဲ့ သွားကြမယ်။ မြန်မာမှာ ဘုရားပွဲဈေးတန်းလှည့်သလိုပဲ အပြန်မှာ နွေရာသီပွဲတော်(夏祭り)မှာ ဂိမ်းတွေဆော့၊...

May 20, 2023 ~ Oct 20, 2023
(10 am)

Kodomo no hi
မေလ ၅ နေ့မှာ ကျရောက်ခဲ့တဲ့ Kodomo no hi (ကလေးများနေ့)ကို ဆင်နွှဲတဲ့အနေနဲ့ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာမှာ ကလေးများပါ ပါဝင်နိုင်မယ့် Kodomo no hi event ကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ Kodomo no hi အကြောင်းကို ရှင်းပြမယ်၊ Koinobori ငါးကြင်းအလံများကို Origami ခေါက်ပြီး အတူတူ လုပ်ကြမယ်၊ Kabuto ဆာမူရိုင်းတွေဆောင်းတဲ့ မောက်တိုခမောက်ကို အတူတူလုပ်ကြမယ်၊ အဖွဲ့လိုက် ယှဉ်ပြိုင်ကစားရမယ့်...
1 8 9 10 11 12 36

Notice & Announcements

View All