ヤンゴン日本文化センターでは、昨年ご好評をいただいた『いろどり 生活の日本語』教え方セミナー「初級1」「初級2」に続き、「入門」の教え方セミナーを開催します。
「入門」は、初めて日本語を学習する方に適した教材です。
ウェブサイトから誰でも無料でアクセスできる『いろどり』を使った授業を、一緒に体験してみませんか?
 
☆ご参加の皆様には、学習者の目線で『いろどり』のワークに取り組んでいただきながら、教え方のポイントをお伝えします。
☆セミナーは、学習活動を「聞く・読む」「話す」「書く活動・漢字・日本の生活TIPS」に分けて、全3回行います。
☆オンライン授業の実践例として、オンライン授業をご検討中の方にも参考としていただける内容です。
☆参加いただいた方には、セミナーで取り上げた課の授業準備などにお役立ていただけるイラストPPTをプレゼントします。
 
① 聞く・読む活動
7月29日(木)13:30~(ミャンマー時間) (90分)
② 話す活動
8月 5日(木)13:30~(ミャンマー時間) (70分)
③ 書く活動・漢字・日本の生活TIPS
8月12日(木)13:30~(ミャンマー時間) (70分)
 
■対象:ミャンマー人学習者を教えている日本語教師、日本語教育機関の関係者(JLPT N3以上)
■定員:各60名
■実施方法:オンライン(Zoom)にて実施(参加URLは前日にメールでご連絡いたします。)
■参加申込:下記URLよりお申込ください。
申込URL:
https://forms.gle/mFYbBt6h1FAkrWRr9
■申込締切:①7月27日(火)、②8月3日(火)、③8月10日(火)
 
〈参加条件〉
参加にあたり、『いろどり』のテキストとCan-doチェックシートの2つを事前に印刷し、目を通しておいてください。
① 「聞く・読む活動」ご参加の方
使用テキスト&Can-doチェックシート
https://www.irodori.jpf.go.jp/assets/data/starter/pdf/X_L07.pdf
https://www.irodori.jpf.go.jp/assets/data/starter/pdf/X_candocheck.pdf (P4のみ)
② 「話す活動」ご参加の方
使用テキスト&Can-doチェックシート
https://www.irodori.jpf.go.jp/assets/data/starter/pdf/X_L07.pdf
https://www.irodori.jpf.go.jp/assets/data/starter/pdf/X_candocheck.pdf (P4のみ)
③ 「書く活動・漢字・日本の生活TIPS」ご参加の方
使用テキスト&Can-doチェックシート
https://www.irodori.jpf.go.jp/assets/data/starter/pdf/X_L03.pdf
https://www.irodori.jpf.go.jp/assets/data/starter/pdf/X_candocheck.pdf (P2のみ)
 
*いずれか1回のみでも、複数回でもご参加いただけます。
*セミナーは日本語で行います。
*PCからのご参加をお願いします(携帯電話からの参加はおすすめしません。)
*各セミナーは、お申込が60名に達した場合、その時点で申込を締め切りますので、お早めにお申込ください。
 
(参考)『いろどり』のウェブサイト:
https://www.irodori.jpf.go.jp/

|ဂျပန်ရုပ်ရှင်ပွဲတော်နှင့် 3-ACT ရုပ်ရှင်မဂ္ဂဇင်းတို့ ပူးပေါင်းကျင်းပသည့် ရုပ်ရှင်ရေးရာ အရေးအသားပြိုင်ပွဲ|
JFF Plus Online Festival ဂျပန်ရုပ်ရှင်ပွဲတော်မှာ ပြသမယ့် ရုပ်ရှင်ဇာတ်ကားတွေကို ကြည့်ရှုပြီး ကိုယ်တိုင်ပါဝင်နိုင်မယ့် ရုပ်ရှင်ရေးရာ အရေးအသားပြိုင်ပွဲကို စီစဉ်ထားပါတယ်။
ဂျပန်ရုပ်ရှင်ပွဲတော်မှာ ပြသထားတဲ့ ရုပ်ရှင်ဇာတ်ကား (၂၇)ကားအနက် ရုပ်ရှင် (၉)ကားကို ကြည့်ရှုပြီး ရုပ်ရှင်ရေးရာအရေးအသားများအဖြစ် ရေးသားကာ ယခုပြိုင်ပွဲမှာ ပေးပို့ပါဝင်နိုင်ပါတယ်။ ဇာတ်ကား ၉ ကားမှ မိမိနှစ်သက်ရာရုပ်ရှင်ကားကိုရွေးချယ်ကြည့်ရှုပြီး ရေးသားပေးပို့နိုင်ပါတယ်။ ပေးပို့လာတဲ့ အရေးအသားတွေကို အမှတ်ပေးစည်းမျဉ်းဖြင့် အကဲဖြတ်မှာဖြစ်ပြီး ဆု (၃) ဆု ချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။ အသေးစိတ်အချက်အလက်တွေကတော့…
| ရုပ်ရှင်အနုပညာရေးရာ အရေးအသားဆု(Critics Award) |
ဂျပန်ရုပ်ရှင်ပွဲတော်တွင် ပြသထားသော ရုပ်ရှင်ကားများအနက် ဖော်ပြပါ ရုပ်ရှင်ဇာတ်ကား ၉ ကားအကြောင်းကို ရုပ်ရှင်အနုပညာ၊ အတတ်ပညာရှုထောင့်မှ ရေးသားနိုင်ပါသည်။ ရေးသားပေးပို့လာတဲ့ ရုပ်ရှင်အနုပညာရေးရာ အရေးအသားများထဲမှ အကဲဖြတ်အဖွဲ့က စိစစ်ရွေးချယ်ပြီး “ ရုပ်ရှင်အနုပညာရေးရာ အရေးအသားဆု(Critics Award)” အဖြစ် ချီးမြှင့်မည်ဖြစ်ပါသည်။
| ရုပ်ရှင်နှင့် ယဉ်ကျေးမှုရေးရာ အရေးအသားဆု(Culture Award) |
ဂျပန်ရုပ်ရှင်ပွဲတော်တွင် ပြသထားသော ရုပ်ရှင်ကားများအနက် ရွေးချယ်ထားတဲ့ ရုပ်ရှင်ဇာတ်ကား ၉ ကားအကြောင်းကို ရုပ်ရှင်နှင့် ယဉ်ကျေးမှုရေးရာရှုထောင့်မှ ရေးသားနိုင်ပါတယ်။ ရေးသားပေးပို့လာတဲ့ ရုပ်ရှင်နှင့် ယဉ်ကျေးမှုရေးရာအရေးအသားများထဲမှ အကဲဖြတ်အဖွဲ့က စိစစ်ရွေးချယ်ပြီး “ ရုပ်ရှင်နှင့် ယဉ်ကျေးမှုရေးရာ အရေးအသားဆု(Culture Award)” အဖြစ် ချီးမြှင့်မှာ ဖြစ်ပါတယ်။
| ရုပ်ရှင်ခံစားမှုရေးရာ အရေးအသားဆု(Appreciation Award) |
ဂျပန်ရုပ်ရှင်ပွဲတော်တွင် ပြသထားသော ရုပ်ရှင်ကားများအနက် ရွေးချယ်ထားတဲ့ ရုပ်ရှင်ဇာတ်ကား ၉ ကားအကြောင်းကို ရုပ်ရှင်ကြည့်ရှုခံစားသူရှုထောင့်မှ ရေးသားနိုင်ပါတယ်။ ရေးသားပေးပို့လာတဲ့ ရုပ်ရှင်ခံစားမှုရေးရာ အရေးအသားများများထဲမှ အကဲဖြတ်အဖွဲ့က စိစစ်ရွေးချယ်ပြီး “ ရုပ်ရှင်ခံစားမှုရေးရာ အရေးအသားဆု(Appreciation Award)” အဖြစ် ချီးမြှင့်မှာ ဖြစ်ပါတယ်။
အောက်ဖော်ပြပါ ဂျပန်ရုပ်ရှင်ဇာတ်ကား(၉)ကား မှ မိမိနှစ်သက်ရာရုပ်ရှင်ကားကိုရွေးချယ်ကြည့်ရှုပြီး ရေးသားရမှာပါ။ ဇာတ်ကားနာမည်နဲ့ စတင်ပြသမယ့်အချိန်ကို ဖော်ပြထားပါတယ်။ ဇာတ်ကားတစ်ကားစီကို စတင်ပြသတဲ့အချိန်မှ ၂၄နာရီအတွင်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
၁။ Lady Maiko (14.1.2021 နေ့လယ် ၂နာရီ)
၂။ Key of Life (14.1.2021 ညနေ ၄နာရီ)
၃။ 0.5 mm (16.1.2021 နေ့လယ် ၂နာရီ)
၄။ Tsukiji Wonderland (16.1.2021 ညနေ ၄နာရီ)
၅။ Peace (17.1.2021 နေ့လယ် ၂နာရီ)
၆။ Ecotheraphy Getaway Holiday (20.1.2021 နေ့လယ် ၂နာရီ)
၇။ Tokyo Marble Chocolate (20.1.2021 ညနေ ၄နာရီ)
၈။ Cafe Funiculi Funicula (21.1.2021 နေ့လယ် ၂နာရီ)
၉။ The Great Passage (21.1.2021 ညနေ ၄နာရီ)
| ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများ |
၁။ အရေးအသားများကို မြန်မာဘာသာစကားဖြင့် ရေးသားရမည်။
၂။ ပြိုင်ပွဲဝင်ရန် ရွေးချယ်ပေးထားသော ဇာတ်ကားများအားလုံးအကြောင်းကို ခြုံငုံကာ အဆက်အစပ်ရှိသော အရေးအသားတစ်ပုဒ်အဖြစ် လည်းကောင်း (တစ်ကားချင်းကို တစ်ပိုဒ်စီ အကျဉ်းရေးထားသည်မျိုး မဖြစ်ရ) ၊ ဇာတ်ကားတစ်ကားအကြောင်းကိုသော်လည်းကောင်း၊ အကြောင်းအရာ ဦးတည်ချက် (theme) ကို အခြေပြုပြီး ဇာတ်ကားအချို့အကြောင်းကို ရွေးချယ်၍ လည်းကောင်း ပြိုင်ပွဲဝင်အရေးအသား အဖြစ်ရေးသား၍ ယှဉ်ပြိုင်နိုင်သည်။ သို့မဟုတ် ဇာတ်ကားတစ်ကား အရေးအသားတစ်ပုဒ်အဖြစ် ရေးသား၍လည်း ပြိုင်ပွဲဝင် နိုင်ပါသည်။
၃။ အရေးအသားများကို အေဖိုး(A4)စာမျက်နှာ ၃ မျက်နှာအများဆုံး ရေးသားနိုင်သည်။ စာမျက်နှာ ၂ မျက်နှာနှင့် စာမျက်နှာ ၃ မျက်နှာကြားရေးသားဖို့အကြံပေးပါသည်။ ပြည်ထောင်စု ဖောင့်၊ ဖောင့်ဆိုဒ် ၁၁ ဖြင့် ရေးသားရမည်ဖြစ်ပြီး စာမျက်နှာပတ်ပတ်လည်ကို လက်မဝက်ချန်ထားပေးရမည်။
၄။ တစ်ပါးသူ၏ အရေးအသားများကို တစ်ပုဒ်လုံးသော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း၊ အနည်းငယ် သော်လည်းကောင်း ကူးယူပေးပို့ခြင်း၊ မူပိုင်ခွင့်ဆိုင်ရာလိုက်နာသင့်သည်များကို ချိုးဖောက်ခြင်း၊ မြန်မာဘာသာစကားမဟုတ်သော အရေးအသားများကို ဘာသာပြန်ပေးပို့ခြင်းနှင့် မသမာသောနည်းလမ်းများဖြင့် ပေးပို့ယှဉ်ပြိုင်သော စာမူများကို လုံး၀ (လုံး၀)လက်ခံမည် မဟုတ်ပါ။ မသမာသောနည်းလမ်းဖြင့် ယှဉ်ပြိုင်သည်ဟု ပေါ်ပေါက်ပါက ပြိုင်ပွဲမှ ပယ်ဖျက်မည်ဖြစ်ပါ သည်။
၅။ ပြိုင်ပွဲဝင်သူ၏ အမည်၊ လိပ်စာ၊ ဖုန်း၊ အီးမေးလ် လိပ်စာများကို ပြည့်စုံစွာထည့်သွင်းဖော်ပြ၍ စာမူကို japanesefilmfestivalmyanmar@gmail.com သို့ ပေးပို့ရမည်။
၆။ ဂျပန်ဖောင်ဒေးရှင်း၊ ဂျပန်ရုပ်ရှင်ပွဲတော်နှင့် 3-ACT ရုပ်ရှင်မဂ္ဂဇင်း၏ အယ်ဒီတာအဖွဲ့တွင်ပါဝင်သူများသည် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် မရှိပါ။
၇။ ပြိုင်ပွဲဝင်ရောက်လာသူများ၏ စာမူများကို 3-ACT ရုပ်ရှင်မဂ္ဂဇင်းက အမှတ်ပေးစည်းမျဉ်းနှင့် အညီ ဆုရွေးချယ်ချီးမြှင့်မည်ဖြစ်ပါသည်။
အမှတ်ပေးစည်းမျဉ်း
| Critics Award |
၁။ ရုပ်ရှင်အနုပညာအတတ်ပညာ၊ ရုပ်ရှင်သီအိုရီတစ်ရပ်ကို အခြေခံကာ ချဉ်းကပ်ပြရမည်ဖြစ်ပြီး ဇာတ်ကားမှ အနုပညာဖော်ပြချက် အရုပ်အသံများနှင့် မည်သို့ တည်ဆောက်ထားသည်ကို တိကျသေချာစွာ ထောက်ပြပြီး ရေးသားရမည်ဖြစ်သည်။
၂။ ဆုပါကိုင်ထားသော သီအိုရီနှင့် အတတ်ပညာရပ်များ၏ အနက်သဘောနှင့် အသုံးအနှုန်းမှန်ကန်ခြင်းဖြစ်ရမည်။
၃။ မြင်သာအောင် တင်ပြနိုင်ခြင်း ဖြစ်ရမည်။
၄။ ရုပ်ရှင်ပညာ၏ သဘောတရားကိုနားလည်ခြင်းရှိရမည်။
၅။ အရေးအသားနှင့် ဘာသာစကားကျွမ်းကျင်မှုရှိရမည်။
| Culture Award |
၁။ ရုပ်ရှင်ကားများတွင် တင်ပြထားသော ယဉ်ကျေးမှုနှင့် လူမှုစရိုက်ကို အခြေခံကာ ရေးသားနိုင်ရမည်။
၂။ ဂျပန်ယဉ်ကျေးမှုနှင့် ဂျပန်ရုပ်ရှင်ပညာအပေါ်သက်ရောက်သော လွှမ်းမိုးမှုကို မြင်သာအောင် ရေးသားရမည်။
၃။ ဂျပန်လူ့အဖွဲ့အစည်းနှင့် ယဉ်ကျေးမှုဓလေ့ကို လူမှုဗေဒ အမြင်ဖြင့် ချဉ်းကပ် သုံးသပ်ချက်အနည်းဆုံးတစ်ခုပါဝင်ရမည်။
၄။ မြန်မာ့ယဉ်ကျေးမှုနှင့် ယှဉ်တွဲကာ၊ တူညီချက်မတူညီချက်များမှတစ်ဆင့် အပြန်အလှန် နားလည်မှုကို တည်ဆောက်နိုင်သော အပြုသဘောဆောင်သည့် သုံးသပ်ချက်များပါဝင်ရမည်။
၅။ အရေးအသားနှင့် ဘာသာစကားကျွမ်းကျင်မှုရှိရမည်။
| Appreciation Award |
၁။ ရေးသားသူ၏ ကိုယ်ပိုင်အမြင်နှင့် အကြိုက်ကို ခိုင်လုံအောင်တင်ပြနိုင်ရမည်။
၂။ ကျိုးကြောင်းဆက်စပ်လေ့လာမှုနှင့် အမြင်ရှိရမည်။
၃။ ခြုံငုံတင်ပြကာ ရေးသူ၏ အမြင်ကို ထင်ရှားစွာ ရေးသားတင်ပြနိုင်မှုသဘောရှိရမည်။
၄။ ရုပ်ရှင်မှရရှိသောရသ ပေါ်လွင်စေရမည်။
၅။ အရေးအသားနှင့် ဘာသာစကားကျွမ်းကျင်မှုရှိရမည်။
| အမှတ်ပေးမည့်စနစ် |
၁။ ဆုတစ်ဆုစီအတွက် စုစုပေါင်း ရမှတ် ၅၀ ပေးမည်။
၂။ စည်းမျဉ်းတစ်ခုကို ၁၀ မှတ်ထားရှိမည်။
ထို ၁၀ မှတ်ကို ၂ မှတ်စီဖြင့် အဆင့် ၅ ဆင့် ထပ်မံစိတ်ပိုင်းမည်။
(၂.၁) လုံး၀မကောင်း (အနည်းဆုံး ၁ မှတ် – အများဆုံး ၂ မှတ်)
(၂.၂) လက်ခံနိုင် (အနည်းဆုံး ၃ မှတ် – အများဆုံး ၄ မှတ်)
(၂.၃) သာမန် (အနည်းဆုံး ၅ မှတ် – အများဆုံး ၆ မှတ်)
( ၂.၄) ကောင်း (အနည်းဆုံး ၇ မှတ် – အများဆုံး ၈ မှတ်)
(၂.၅) အကောင်းဆုံး (အနည်းဆုံး ၉ မှတ် – အများဆုံး ၁၀ မှတ်)
Yasujirō Ozu (1903 – 1963) ဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ ရှိကြတဲ့ ရုပ်ရှင်ဖန်တီးသူတိုင်း ကြည့်ရှု လေ့လာရတဲ့ ဂျပန် လူမျိုး ရုပ်ရှင်ဖန်တီးသူ တစ်ဦး ဖြစ်ပါတယ်။ သူဖန်တီးခဲ့တဲ့ ရုပ်ရှင်တွေဟာ ရာစုနှစ်ဝက်နီးပါ ကြာမြင့်ခဲ့ပြီ ဆိုပေမယ့်လည်း၊ ယနေ့ထိ လတ်ဆတ်နေဆဲ၊ လေ့လာနေရဆဲပါ။ ပြန်ကြည့်တိုင်းမှာ စိတ်ကူးသစ်၊ အရသာသစ်၊ ခံစားမှု အသစ်ကို Ozu ရဲ့ ရုပ်ရှင်တွေက ပေးစွမ်းနိုင်တုန်းပဲ ဖြစ်ပါတယ်။
ဒီအကြောင်းကို “ဘာကြောင့် အိုဇုကို ကျွန်တော့်ကို ဒီနေ့ထိ ကြည့်နေကြသေးတာလဲ” ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ Moderator အဖြစ် သိဒ္ဓိကနေ ဆောင်ရွက်ပေးပြီး၊ ဒေါက်တာ အောင်မင်းက Speaker အဖြစ် ပြောဆို ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲကို Japanese Film Festival Myanmar – Facebook Page ကနေ တိုက်ရိုက် (Live) ကြည့်ရှုရမှာ ဖြစ်ပါတယ်။
Date – January 14th, 2021
Time – 6pm – 7pm
Webinar ID: 969 9963 3070
Passcode: 617172
https://zoom.us/j/96999633070
Passcode: 617172
Or iPhone one-tap :
US: +13126266799,,96999633070#,,,,*617172# or +13462487799,,96999633070#,,,,*617172#
Or Telephone:
Dial(for higher quality, dial a number based on your current location):
US: +1 312 626 6799 or +1 346 248 7799 or +1 669 900 6833 or +1 929 205 6099 or +1 253 215 8782 or +1 301 715 8592
Webinar ID: 969 9963 3070
Passcode: 617172
International numbers available: https://zoom.us/u/aYcT5ci4E

See Less
ဇန်နဝါရီ ၁၃ရက်ကနေ ၂၂ရက်အထိ ကျင်းပမယ့် JFF Plus: Online Festival ဂျပန်ရုပ်ရှင်ပွဲတော်ကို မကြာခင်မှာ အွန်လိုင်းကနေ ကြည့်ရှုခံစားရတော့မှာ ဖြစ်ပါတယ်။
ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၃ရက်နေ့ နံနက် ၁၁:၃၀ မှာ “ Japanese Myanmar Film Festival” Facebook Page ကနေ တိုက်ရိုက်တင်ဆက်သွားမှာ ဖြစ်ပါတယ်။
JFF Plus: Online Festival မှာ ပြသမယ့် ဂျပန်ရုပ်ရှင်ဇာတ်ကားတွေကို ဇန်နဝါရီ ၁၃ရက် မွန်းတည့် ၁၂နာရီကနေ စတင်ပြီး https://watch.jff.jpf.go.jp/page/myanmar/ မှာ အခမဲ့ ကြည့်ရှုနိုင်မှာပါ။ ပြသမယ့် ရုပ်ရှင်အားလုံးမှာ မြန်မာစာတန်းထိုး ပါဝင်မှာဖြစ်ပြီး ဝက်ဘ်ဆိုက်မှာ အကောင့်ဖွင့်ရုံနဲ့ စတင်ပြသချိန်ကနေ ၂၄နာရီအတွင်း ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
ပြသမယ့် ဇာတ်ကားတွေရဲ့ အကြောင်းနဲ့ ပြသချိန်တို့ကိုလည်း အထက်ပါ ဝက်ဘ်ဆိုက်မှာ ဝင်ရောက်ကြည့်ရှုနိုင်သလို “ Japanese Myanmar Film Festival” Facebook Page ကနေလည်း အချိန်နဲ့ တပြေးညီ ဖော်ပြပေးနေပါတယ်။
JFF Plus : Online Festival ဂျပန်ရုပ်ရှင်ပွဲတော်ရဲ့ ရုပ်ရှင်ကားတွေကို အိမ်မှာနေရင်း အွန်လိုင်းကနေ ကြည့်ရှုအားပေးကြပါစို့။
“DŌ” Talk series အပိုင်း( ၄) ~ အီအိုက်ဒို
စက်တင်ဘာလမှစတင်၍ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်တွင် ဂျပန်ဘာသာစကားလေ့လာနေသူများအတွက် ဂျပန်ယဉ်ကျေးမှုများကို လေ့လာနိုင်ရန်ရည်ရွယ်၍ “Do Talk Series” Online Event ကိုပြုလုပ်ခဲ့ပါသည်။ ဒုတိယအကြိမ်မြောက် တွင် အာခီဒို အကြောင်းကို မိတ်ဆက်ပေးခဲ့ပြီး ယခု (၄) ကြိမ်မြောက်ဒို Talk စကားဝိုင်း တွင် အီအိုက်ဒို (Iaido) အကြောင်းကို မိတ်ဆက်ပေးမှာဖြစ်ပါတယ်၊ Iaido ဟာဘယ်လို Budo မျိုးလဲ? တခြားဂျပန်ရိုးရာ ကိုယ်ခံပညာရပ်တွေနဲ့ ဘာကွာလဲ ? ဆိုတာသိချင်ရင် ဆရာဇော်မိုး (3rd Dan) နဲ့ အတူ စကားစမြည်ပြောဆိုဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
“DŌ” Talk series သည် ဂျပန်၏ဘွန်းဘူလျောဒို အယူအဆကို အခြေခံထားပြီး ဂျပန်ဘာသာစကားလေ့လာနေသူများကို ဘာသာစကား စွမ်းရည်ပိုင်းတွင်သာမက ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတများကိုလည်း ထဲထဲဝင်ဝင် သိရှိကာ ဘာသာစကားစွမ်းရည်နှင့် ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတ အညီအမျှ တိုးတက်နိုင်စေဖို့အတွက် ဂျပန်ယဥ်ကျေးမှုနှင့် မိတ်ဆက်ပေးမည့် အွန်လိုင်း အစီအစဉ်ဖြစ်သည်။ လစဉ် ရှော့ဒိုး(စာလုံးအလှရေးခြင်း အတတ်ပညာ) ခဒိုး(ပန်းအလှဆင်ခြင်း အတတ်ပညာ)၊ ၊ ဘူဒို (ကိုယ်ခံပညာ) အစရှိသည့် နယ်ပယ်အသီးသီးမှ“DŌ”ပညာရပ်များမှပညာရှင်များကို ဖိတ်ခေါ်ပြီး ဂျပန်ဘာသာစကားလေ့လာနေသူများနှင့်အတူ ဂျပန်ဘာသာဖြင့် ပျော်ပျော်ရွှင်ရွှင် စကားဝိုင်းတစ်ခု ပြုလုပ်သွားမည် ဖြစ်ပါသည်။
* ပွဲအစီအစဉ် နှင့် အသေးစိတ် *
■ နေ့ရက် နှင့် အချိန် : ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ (တနင်္ဂနွေနေ့)၊
မြန်မာစံတော်ချိန် နေ့လယ် ၂ နာရီမှ ၃ နာရီခွဲ
■ သတ်မှတ်ဦးရေ : ၂၅ ယောက်
■ ပြုလုပ်မည့်နည်းလမ်း : အွန်လိုင်းမှ Zoomကိုအသုံးပြု၍ ပြုလုပ်သွားပါမည်။
[URL ကို ပွဲမပြုလုပ်ခင်တစ်ရက်မှာ မေးလ်ဖြင့်ဆက်သွယ်ပေးပါမယ်။]
■ လျှောက်ထားရန် : အောက်တွင်ပေးထားသော URL မှလျှောက်ထားပေးပါရန်။
■ လျှောက်ထားရန် URL :https://forms.gle/YfnbrdcDATThezDD9
■ နောက်ဆုံးလျှောက်ထားရန် : ဒီဇင်ဘာလ ၁၀ ရက်နေ့ (ည နေ ၅ နာရီ)
*ဤစကားဝိုင်းသည် ဂျပန်ဘာသာစကားကိုသာ အသုံးပြုပြီး ကျင်းပသွားမည်ဖြစ်ပါသည်။
ဂျပန်ဘာသာစကား ပြောဆိုရာတွင် ကြိုတင်ပြင်ဆင်ထားစရာ မလိုဘဲ ပြောဆိုနိုင်သူ၊ လူမှုရေးအရ ပြောဆိုဆက်ဆံနိုင်သူများအတွက် ရည်ရွယ်ပါသည်။
*လျှောက်ထားသူ ၂၀ယောက်ပြည့်သွားလျှင်လျှောက်လွှာပိတ်မည့်အတွက် အမြန်ဆုံးလျှောက်ထားကြဖို့ ဖိတ်ခေါ်ပါတယ်။
*စကားဝိုင်းအပြီးတွင်လည်း ဆွေးနွေးပွဲကို မှတ်တမ်းရုပ်သံရိုက်ကူးထားပြီး၊ မြန်မာဘာသာ စာတန်းထိုးဖြင့် ဆက်ဆက်တင်ဆက်ပေးသွားရန်လည်း စီစဉ်ထားပါသည်။
____________________________________________
オンラインイベントのご案内 「道トーク」シリーズ第四弾〜居合道〜】
国際交流基金ヤンゴン日本文化センターでは、9月より日本語学習者が日本文化に出会う場として、オンライントークイベント「道トーク」を開催しています。皆さん、日本の武道と聞いて何をイメージしますか?空手や柔道、剣道など色々ありますね。第二回目には合気道を紹介しました。第四回目となる今回は、居合道を紹介します!居合道がどんな武道なのか知っていますか?他の武道と何が違うのでしょうか?今回も道トークに参加して、居合道について一緒に学びましょう!今回の講師は、居合道3段のゾーモー先生です。たくさんの皆さんのご応募をお待ちしております!
道トークについて
文武両道という言葉にインスパイアされたこの「道トーク」シリーズは、ミャンマーの日本語学習者が、日本の文化に出会い、理解を深めるためのオンライントークイベントです。毎月さまざまな分野の専門家を招いて、日本語でミャンマーの日本語学習者とオンラインで楽しいトークを行います。
【イベント詳細】
■日時:2020年12月13日(日) 14:00~15:30(ミャンマー時間)
■定員:25名
■実施方法:オンライン(Zoom)にて実施(参加URLは前日までにメールでご連絡いたします。)
■参加申込:下記URLよりお申込ください。
申込URL:https://forms.gle/YfnbrdcDATThezDD9
■申込締切:12月10日(木) 17:00
*本イベントは全て日本語で行います。日本語のみの会話に準備なしで参加でき、社交的なやりとりができる方が対象です。
*PCからのご参加をお願いします。(携帯電話からの参加はおすすめしません)
*参加者のお申込が25名に達した時点で、申込を締め切りますので、お早めにお申込ください。
*本イベントは録画し、後日ミャンマー語字幕をつけて公開予定です。
နည်းပြဆရာ၏ ကိုယ်ရေးအကျဉ်း
ဇော်မိုး (အီအိုက်ဒို)သည် ၁၉၇၃ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားကြီးပြင်းခဲ့သူတစ်ဦးဖြစ်သည်။ အသက် ၂၅ နှစ်အရွယ် ၁၉၉၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ဘွဲ့ရရှိခဲ့ပြီးနောက် ဂျပန်နိုင်ငံ၌ အခြေစိုက်နေထိုင်ရန် မြန်မာနိုင်ငံမှ ထွက်ခွာလာခဲ့ပြီး ယခုဆိုလျှင် တိုကျိုတွင် နေထိုင်လျက်ရှိသည်မှာ အနှစ် ၂ဝ ရှိပြီဖြစ်သည်။ ငယ်စဉ်ကတည်းက စူးစမ်းလေ့လာသင်ကြားမှုတို့တွင် အထူးအားသန်ခဲ့သည်ဖြစ်သည့်အလျောက်အထက်တန်းကျောင်းသားအရွယ်တွင် ဂျပန်လူမျိုးတို့၏ Budō ပညာရပ်တစ်ခုဖြစ်သော ကရာတေးပညာရပ်ကို ထိတွေ့ခွင့်ရခဲ့ပြီး ဂျပန်ယဉ်ကျေးမှုနှင့်ဘာသာစကားတို့ကိုပါ ဆက်လက်ဆည်းပူးရန်ဂျပန်နိင်ငံသို့ပညာသင်အဖြစ်ရောက်ရှိခဲ့သည်။ ကျောင်းနေစဉ်ကာလများဖြစ်သော ၅နှစ်တာကာလအတွင်း တက္ကသိုလ် Budō ကလပ်တွင် Kendō ပညာရပ်နှင့် ထိတွေ့ခွင့်ရခဲ့သည်။နောက်ပိုင်းတွင် တက္ကသိုလ်ကန်ဒိုအသင်းသားအဖြစ်ပါဝင်ကစားခဲ့ပြီး Shodan ခေါ် အငယ်တန်းကန်ဒိုပညာနှင့် တိုက်ရိုက်ထိတွေ့ဆည်းပူးခွင့်ရခဲ့သည်။ ကျောင်းပြီးချိန် ကုမ္ပဏီဝန်ထမ်းအဖြစ်အသားကျသွားသော ကာလတွင် ကန်ဒိုကိုတစ်ဖန်ပြန်လည်ကစားလိုသောဆန္ဒ ဖြစ်ပေါ်လာပြီးမိမိနေထိုင်ရာမြို့ရှိ Kendō ဒိုဂျို သွားရောက်စဉ် အီအိုက်ဒို နှင့်စတွင်ဆုံဆည်းခဲ့ခြင်းဖြစ်သည်။ နဂိုကပင် ဂျပန်ဓားကိုနှစ်သက်သူဖြစ်ပြီး ကိုယ်တွယ်ထိတွေ့လိုစိတ်အရင်းခံရှိသူဖြစ်သည့်အတွက် ယခုကဲ့သို့ ဂျပန်ဓားကိုနဖူးတွေ့ဒူးတွေ့ ကိုယ်တွယ်ပြီး လေ့ကျင့်ကစားခွင့်ရှိသော အီအိုက်ဒို ဆိုသောပညာရပ်နှင့်ရေစက်ဆုံရခြင်းကိုအင်မတန်ဝမ်းမြောက်ဝမ်းသာဖြစ်လျက် ရသမျှအချိန်အတွင်း အပြင်းအထန်လေ့ကျင့်ကစားခဲ့ပြီး ယင်းသို့စိတ်အားထက်သန်စွာလေးကျင့်ဆည်းပူးမှုကြောင့် အသင်းထံမှလည်းယုံကြည်မှုရရှိခဲ့ပြီး Musō Shin Den Ryū အသင်းသို့ဝင်ခွင့်ရခဲ့သည်။ ဝင်ဝင်ခြင်းနှစ်မှာပင် Kyūi ခေါ်အရန်အသင်းသား စာမေးပွဲကိုအောင်မြင်ခဲ့ပြီး Shodan မှတစ်ဆင့် Nidan ထိုမှတစ်ဆင့် ယမန်နှစ်တွင် Sandan အထိအောင်မြင်ခဲ့သည်။ အသင်းမှပါဝင်ယှဉ်ပြိုင်သောJōtō iaidō Taikai ခေါ် မြို့နယ်လုံးဆိုင်ရာ အီအိုက်ဒိုပြိုင်ပွဲ တစ်ဦးချင်းပွဲစဉ်တွင် ၂နှစ်ဆက်တိုက်ရွှေတံဆိပ်ဆုရရှိခဲပြီး Kantō iaidō Taikai ခေါ် တိုင်းနှင့်ပြည်နယ်ပေါင်းစုံ အီအိုက်ဒို ပြိုင်ပွဲ အသင်းလိုက်အုပ်စုပွဲစဉ်တွင် ကြေးတံဆိပ်ဆွတ်ခူးနိုင်ခဲ့လေသည်။ လတ်တလောတွင်လည်း ဂျပန်နိုင်ငံတွင် ကိုရိုနာအခြအနေနဲ့ ထုတ်ပြန်ချက်များနှင့်အညီ အသင်းကိုလေ့ကျင့်ရက်မပျက် ရအောင်သွားလျက်ရှိပြီး အချိန်ရလျင်ရသလို facebook တွင် ဇော်မိုး (အီအိုက်ဒို) ကလောင်အမည်ဖြင့် အီအိုက်ဒိုပညာရပ်များကို မြန်မာဘာသာဖြင့် ပြန်လည်ဝေငှလျက်ရှိသည်။
講師プロフィール
講師プロフィール Zaw Moe。ヤンゴン出身1973年生まれ、ヤンゴン大学を卒業後、25歳で来日、現在で東京在住歴20年。子供の頃から好奇心旺盛な性格で、空手を始めたことがきっかけで、日本語や日本の文化に興味を持つ。日本の大学へ留学中の5年間は、剣道部へ所属。剣道初段。卒業後、2015年頃に再び剣道を稽古するため地元の道場に訪れ、日本刀を使う武道、居合道に出会う。その後、居合道を熱心に稽古する姿を会に認められ、夢想神伝流へ入門。居合道歴5年。昨年3段取得し、日々居合道の修練に励んでいる。これまでの大会実績は、城東居合道大会個人戦2年連続優勝、関東甲信越居合道大会3段部、団体戦3位。また、ZawMoe( iaidō )としてFacebookで居合道の知識やノウハウなどをミャンマー語で配信中。
“DŌ” Talk series အပိုင်း( ၃) ~ ခဒို (ဂျပန်ရိုးရာ ပန်းအလှဆင်ခြင်း )
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်သည် ဂျပန်ဘာသာစကားလေ့လာနေသူများကို ဂျပန်ယဥ◌်ကျေးမှုနှင့် မိတ်ဆက်ပေးဖို့အတွက် စက်တင်ဘာလမှစပြီး “DŌ” Talk series အွန်လိုင်းစကားဝိုင်းအစီအစဥ◌်ကို တင်ဆက်ခဲ့တာ ယခုနဲ့ဆို သုံးကြိမ်မြောက်ရှိခဲ့ပြီဖြစ်ပါတယ်။
အားလုံးပဲ ပန်းလေးတွေကို နှစ်သက်ကြပါသလား? “Ikebana” (အိကဲဘန) ကိုရော သိပါသလား? ကြားဖူးပါသလား?
ယခု တတိယအကြိမ် ပြုလုပ်မယ့် “DŌ” Talk စကားဝိုင်းမှာတော့ “Kado” (ခဒို) လို့ခေါ်တဲ့ ဂျပန်ရိုးရာ ပန်းအလှဆင်ခြင်းကို မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ sensei အိုဆာဝါ အိချိရင်းနဲ့အတူ ဂျပန်ရိုးရာအနုပညာတွေထဲကတစ်ခုဖြစ်တဲ့ ပန်းအလှဆင်ခြင်းကို လေ့လာကြရအောင်။
ယခုတစ်ခေါက်မှာ sensei က ပန်းအလှဆင်ခြင်းကို လက်တွေ့ပြသမည့်အပြင် ပါဝင်သူတို့ကိုယ်တိုင် sensei နဲ့အတူ လက်တွေ့ လိုက်လုပ်နိုင်မည့် အစီအစဥ◌်လည်း ပါဝင်ထည့်သွင်းထားပါတယ်။ ယခု “DŌ” Talk အစီအစဥ◌်မှာ ရဲ့ သင်ကြားပြသပေးမှုနဲ့ မိမိကိုယ်တိုင် မိမိပန်းကို အလှဆင်ခွင့်ရရှိမှာဖြစ်လို့ အားလုံးကို ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
“DŌ” Talk series အကြောင်း
“DŌ” Talk series သည် ဂျပန်၏ဘွန်းဘူလျောဒို အယူအဆကို အခြေခံထားပြီး ဂျပန်ဘာသာစကားလေ့လာနေသူများကို ဘာသာစကား စွမ်းရည်ပိုင်းတွင်သာမက ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတများကိုလည်း ထဲထဲဝင်ဝင် သိရှိကာ ဘာသာစကားစွမ်းရည်နှင့် ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတ အညီအမျှ တိုးတက်နိုင်စေဖို့အတွက် ဂျပန်ယဥကျေးမှုနှင့် မိတ်ဆက်ပေးမည့် အွန်လိုင်း အစီအစဉ်ဖြစ်သည်။ လစဉ် ရှော့ဒိုး(စာလုံးအလှရေးခြင်း အတတ်ပညာ) ခဒိုး(ပန်းအလှဆင်ခြင်း အတတ်ပညာ)၊ ၊ ဘူဒို (ကိုယ်ခံပညာ) အစရှိသည့် နယ်ပယ်အသီးသီးမှ“DŌ”ပညာရပ်များမှပညာရှင်များကို ဖိတ်ခေါ်ပြီး ဂျပန်ဘာသာစကားလေ့လာနေသူများနှင့်အတူ ဂျပန်ဘာသာဖြင့် ပျော်ပျော်ရွှင်ရွှင် စကားဝိုင်းတစ်ခု ပြုလုပ်သွားမည် ဖြစ်ပါသည်။
ခဒို ဂျပန်ရိုးရာ ပန်းအလှဆင်ခြင်း
ခဒို (အိကဲဘန လို့လည်း သိကြတဲ့) ဂျပန်ရိုးရာပန်းအလှဆင်ခြင်း အနုပညာဟာ ရာသီတစ်ခုချင်းစီပေါ်လိုက်ပြီး ပွင့်တဲ့ ပန်း၊ အပင်ရဲ့ အကိုင်း အစရှိသည်တို့ကို မိမိလိုသလို ညှပ်ပြီး ပန်းအိုး(သို့) အလှပန်းကန် ထဲမှာ အလှဆင်ပန်းထိုးပြီး ပန်းအိုးရဲ့ အလှအပနဲ့အတူ ဘဝရဲ့တန်ဖိုး၊ အလှကိုပါ ခံစားကြည့်ရှုကြတဲ့ အနုပညာတစ်ရပ်ဖြစ်ပါတယ်။ ခဒို ဟာ ဂျပန်လူမျိုးတွေရဲ့ ဂျပန်ရိုးရာအနုပညာကို ပြသတဲ့ အလေ့အကျင့်တစ်ခုလည်းဖြစ်ပါတယ်။
နည်းပြဆရာ၏ကိုယ်ရေးအကျဉ်း
အိုဆာဝါ အိချိရင်း ၊တိုကျိုတွင်မွေးဖွားခဲ့သည်။ အသက်နှစ်ဆယ်ဝန်းကျင်တွင် အိကဲဘန ပန်းအလှဆင်ခြင်းကို စတင်သိရှိခဲ့ပြီး လေ့လာခဲ့သည်။ အမေရိကားတွင် အနုပညာနှင့်ပါတ်သတ်ပြီး လေးနှစ်ကြာ ပညာသွားရောက်သင်ယူခဲ့ပြီး ဂျပန်သို့ ပြန်ရောက်လာသောအခါ “ Ryusei” အိကဲဘနကျောင်းတွင် အိကဲဘန ကိုလေ့လာခဲ့သည်။ ကျောင်းမှ ဆရာ၏ လမ်းညွှန်ပြသမှုအောက်တွင် စိတ်ကိုမြှုပ်နှံပြီး အိကဲဘနကို လေ့လာခဲ့သည်မှာ ယခုဆိုလျှင် အနှစ် ၂ဝ ရှိခဲ့ပြီ ဖြစ်ပါသည်။ sensei ၏ အလှဆင်ထားသည့် အိကဲဘန လက်ရာများကို Ryusei အိကဲဘနကျောင်း၏အနုပညာပြပွဲ၊ Suginaku ရှိ အနုပညာပြပွဲနှင့် အနုပညာပြခန်းများတွင် ပြုလုပ်သည့် အိကဲဘန ပြပွဲများတွင် ပြသခဲ့ပါသည်။ sensei သည် မူလတန်းကျောင်းများနှင့် မိမိ၏ နေအိမ်တွင်လည်း အိကဲဘနကို သင်ကြားပေးလျက်ရှိပြီး ယခုကာလတွင် အွန်လိုင်းမှတစ်ဆင့် သင်ကြားဝေမျှပေးလျက်ရှိပါသည်။
ပွဲအစီအစဉ် နှင့် အသေးစိတ်
■ နေ့ရက် နှင့် အချိန် : ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့ (တနင်္ဂနွေနေ့)၊
မြန်မာစံတော်ချိန် နေ့လယ် ၂ နာရီမှ ၃ နာရီခွဲ
■ သတ်မှတ်ဦးရေ : ၂၅ ယောက်
■ ပြုလုပ်မည့်နည်းလမ်း : အွန်လိုင်းမှ Zoomကိုအသုံးပြု၍ ပြုလုပ်သွားပါမယ်
[URL ကို ပွဲမပြုလုပ်ခင်တစ်ရက်မှာ မေးလ်ဖြင့်ဆက်သွယ်ပေးပါမယ်။]
■ လျှောက်ထားရန် : အောက်တွင်ပေးထားသော URL မှလျှောက်ထားပေးပါရန်။
■ လျှောက်ထားရန် URL :https://forms.gle/Nx71SYBuqHyzdQBv9
■ နောက်ဆုံးလျှောက်ထားရန် : နိုဝင်ဘာလ ၈ ရက်နေ့ (တနင်္ဂနွေနေ့) ညနေ ၅ နာရီ
*ပြင်ဆင်ရမည့် ပစ္စည်းအသေးစိတ်ကို ဓာတ်ပုံနှင့်အတူ discussion တွင် တင်ဆက်ပေးသွားမည်ဖြစ်ပြီး ပွဲမစခင် ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါသည်။
*ဤစကားဝိုင်းသည် ဂျပန်ဘာသာစကားကိုသာ အသုံးပြုပြီး ကျင်းပသွားမည်ဖြစ်ပါသည်။
ဂျပန်ဘာသာစကား ပြောဆိုရာတွင် ကြိုတင်ပြင်ဆင်ထားစရာ မလိုဘဲ ပြောဆိုနိုင်သူ၊ လူမှုရေးအရ ပြောဆိုဆက်ဆံနိုင်သူများအတွက် ရည်ရွယ်ပါသည်။
*လျှောက်ထားသူ ၂၀ယောက်ပြည့်သွားလျှင်လျှောက်လွှာပိတ်မည့်အတွက် အမြန်ဆုံးလျှောက်ထားကြဖို့ ဖိတ်ခေါ်ပါတယ်။
*စကားဝိုင်းအပြီးတွင်လည်း ဆွေးနွေးပွဲကို မှတ်တမ်းရုပ်သံရိုက်ကူးထားပြီး၊ မြန်မာဘာသာ စာတန်းထိုးဖြင့် ဆက်ဆက်တင်ဆက်ပေးသွားရန်လည်း စီစဉ်ထားပါသည်။
【オンラインイベントのご案内 「道トーク」シリーズ第三弾〜華道〜】
国際交流基金ヤンゴン日本文化センターでは、日本語学習者が日本文化に出会う場として、オンライントークイベント「道トーク」を9月より開催しています。皆さん、お花は好きですか?「いけばな」を知っていますか?第三回目は、華道を紹介します。日本の伝統的な芸術のひとつである華道について、大澤一綸先生と一緒に学びましょう!今回は、先生の実演の他に体験コーナーも設けています。自分でお花を生けることができるチャンスです。
たくさんの皆さんのご応募をお待ちしております!
道トークについて
文武両道という言葉にインスパイアされたこの「道トーク」シリーズは、ミャンマーの日本語学習者が、日本の文化に出会い、理解を深めるためのオンライントークイベントです。毎月さまざまな分野の専門家を招いて、日本語でミャンマーの日本語学習者とオンラインで楽しいトークを行います。
華道について
華道とは、四季折々の草木や花などを切って花器に飾り、その姿の美しさ、いのちの尊さを表現し鑑賞する芸術で、礼儀作法を大切にする日本の伝統的な芸術のひとつです。
講師プロフィール
大澤一綸(おおさわ いちりん)。東京都出身。20代前半に、いけばな(華道)に出会う。アメリカで4年アートを学び、帰国後「いけばな龍生派」に入門。親先生のもとで本格的に学び、現在で約20年。いけばな龍生派の展示会、杉並区 のアート展、ギャラリーでの展示など、様々な場所で作品を展示しながら、小学校や自宅でいけばな教室を行う。最近では、オンラインでの講座を実施している。
【イベント詳細】
■日時:2020年11月28日(土) 14:00~15:30(ミャンマー時間)
■定員:25名
■実施方法:オンライン(Zoom)にて実施(参加URLは前日までにメールでご連絡いたします。)
■参加申込:下記URLよりお申込ください。
申込URL: https://forms.gle/Nx71SYBuqHyzdQBv9
■申込締切:11月8日(日) 17:00
*いけばなの体験に必要な道具・材料は、各自で事前にご準備ください。ご用意いただくものは、陶器の器(マグカップ)、はさみ、ワイヤー、花(枝物、花)になります。詳細は後日、イメージの写真をつけてイベントページでお知らせします。
*本イベントは全て日本語で行います。日本語のみの会話に準備なしで参加でき、社交的なやりとりができる方が対象です。
*参加者のお申込が25名に達した時点で、申込を締め切りますので、お早めにお申込ください。
*本イベントは録画し、後日ミャンマー語字幕をつけて公開予定です。
Social Entrepreneurs Exchange Seminar: Sustainable development of local industry via innovations
globalization ခေတ်ကြီးတွင် စီးပွားရေးနှင့် ဖွံ့ဖြိုးမှုတို့ အရှိန်အဟုန်ဖြင့် တိုးတက်နေသော်လည်း အကျိုးဆက်အားဖြင့် ပြည်တွင်းစီးပွားရေးတွင် ကွာဟမှုများဖြစ်ပေါ်စေကာ မိရိုးဖလာ စီးပွားရေးလုပ်ငန်းများလျော့နည်းလာခြင်း၊ လူများ မြို့ကြီးပြကြီးများသို့ ပြောင်းရွှေ့သွားခြင်း အစရှိသည့် လူ့အဖွဲ့အစည်းအတွင်း ပြောင်းလဲမှုများကြောင့် စိုးရိမ်ပူပန်စရာများ ရှိလာပါသည်။ ယခုလို လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသောခေတ်တွင် အထူးသဖြင့် ကိုရိုနာရောဂါကြောင့် စီးပွားရေးအပေါ် ကန့်သတ်မှုများရှိနေစဥ် မိမိတို့၏ ပြည်တွင်းစီးပွားရေးကို တပြေးညီ စဥ◌်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေဖို့နှင့် တစ်ချိန်တည်းမှာပဲ အဆိုပါ လူမှုစီးပွားရေးပြဿနာများကို ဖြေရှင်းနိုင်ရန်မှာ သေချာစဥ◌်းစားအဖြေရှာဖို့လိုအပ်သည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာပါသည်။
အဆိုပါအကြောင်းအရာကို နောက်ခံထား၍ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်နှင့် Impact Hub Yangon သည် ဂျပန်နှင့် မြန်မာမှ တီထွင်ဆန်းသစ်သော အတွေးအခေါ်business model များဖြင့် ပြည်တွင်းစီးပွားရေးကို ပြန်လည်ရှင်သန်စေခဲ့သည့် လူထုအကျိုးပြုစီးပွားရေးလုပ်ငန်းရှင် social entrepreneurs နှစ်ဦးကို ဖိတ်ခေါ်ထားပါတယ်။
ဖိတ်ကြားထားသည့် social entrepreneurs နှစ်ဦးက ဂျပန်နှင့်မြန်မာမှ လူမှုစီးပွားရေးအခြေအနေများကို အခြေခံကာ ပြည်တွင်းဈေးကွက်စီးပွားရေး ရေရှည်တည်တံ့တိုးတတ်ဖို့ တီထွင်ဆန်းသစ်သော အတွေးအခေါ်များနှင့် မည်သို့ချဉ်းကပ်ပုံ၊ product ကို innovate လုပ်ခြင်းနှင့် လူ့အဖွဲ့အစည်းအတွက် ထည့်သွင်းစဥ်းစားပြီး innovate လုပ်ဖြစ်ပုံ နှင့် ကိုဗစ်ကာလအတွင်း သူတို့ မည်ကဲ့သို့ ရပ်တည်ခဲ့ကြသည်ကို ဆွေးနွေးဝေမျှသွားမည်ဖြစ်ပါသည်။
ဂျပန်နိုင်ငံ အိဝတဲ စီရင်စုရှိ အသုံးမပြုပဲစွန့်ပစ်ထားသည့် စပါးခင်းများကို ပြန်လည်အသုံးဝင်အောင် innovative အိုင်ဒီယာများဖြင့် ပြုလုပ်ခဲ့သည့် Fermenstation., Co., Ltd ကို တည်ထောင်သူ Ms. Lina Sakai နှင့် မြန်မာမှ လူနေမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်ကို ရေရှည်တည်တံ့ဖွံ့ဖြိုးစေဖို့ ဆန်းသစ်သည့် business model ဖြင့် social start-up ကို တည်ထောင်ခဲ့သည့် recycle Myanmar မှ ကိုပုညတို့မှ ဆွေးနွေးဝေမျှသွားမည်ဖြစ်ပြီး Impact Hub Yangon မှ moderator အဖြစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
နေ့ရက် ။ ။ ၂၂ ရက် ၁၁ လ ၂၀၂၀ (တနင်္ဂနွေနေ့)
အချိန် ။ ။ နေ့လည် ၂ နာရီ မှ ၄ နာရီ
ဘာသာစကား ။ ။ အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ
အသုံးပြုမည့် platform ။ ။ Zoom webinar (အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ ), Facebook Live (only English language )
စိတ်ဝင်စား၍ ပွဲတက်ရောက်လိုပါက အောက်ဖော်ပြပါ လင့်ခ် မှ တစ်ဆင့် ဝင်ရောက် နာမည်စာရင်းသွင်းနိုင်ပါသည်။
https://zoom.us/webinar/register/WN_lifYNDuRRYqYV200Ab5jwQ
Speakers:
(1) Lina Sakai
Lina Sakai သည် Fermenstation ကုမ္ပဏီ၏ CEO ဖြစ်ပြီး Fermenstation သည် အသုံး မပြုသော biomass များမှတစ်ဆင့် အီသနော ထုတ်လုပ်သည့် ကုမ္ပဏီ ဖြစ်သည်။ Fermenstation သည် အသုံးမပြုသော စပါးခင်းများမှ ဆန်ကို အချဉ်ဖောက်ပြီး အဓိကအားဖြင့် အလှကုန်ပစ္စည်း၊ အစားအသောက်နှင့် ဖျော်ရည်များတွင် ကုန်ကြမ်းပစ္စည်းအဖြစ် အသုံးပြုလေ့ရှိသည့် ပရီမီယမ် အီသနော ကို ထုတ်လုပ်ဖြန့်ဖြူးသည်။ ကုမ္ပဏီမှထွက်ရှိသော ဘေးထွက်ပစ္စည်းမှန်သမျှကို ပရီမီယမ် မျက်နှာသစ်ဆပ်ပြာနှင့် အလှကုန်ပစ္စည်းများ အစရှိသည့် တန်ဖိုးမြှင့် ပစ္စည်း အဖြစ်သို့ ထုတ်လုပ်ပြီး ဈေးကွက်ချဲ့ထွင်လျက်ရှိသည်။ အချဉ်ဖောက်ရာမှ ကျန်ရှိသော စပါးအကြွင်းအကျန်များကို တိရစ္ဆာန်အစာအဖြစ်အသုံးပြုပြီးလည်း အလေအလွင့်မရှိအောင် ဆောင်ရွက်ကာ ရည်ရှည်တည်တံ့ခိုင်မြဲသော စက်ဝန်းကို ဖန်တီး ထားသည်။
အီသနောကို လောင်စာအဖြစ် မူလအစက သတ်မှတ်အသုံးပြုခဲ့ကြသော်လည်း Rina ၏ Fermenstation ကုမ္ပဏီသည် အီသနောကို အလှကုန်ပစ္စည်းဈေးကွက်တွင် ထိုးဖောက်နိုင်ခဲ့သည်။
Lina ၏ အလဟသဖြစ်နေသော သဘာဝအရင်းအမြစ်များကို မည်သည့်နည်းဖြင့် အကျိုးရှိစွာ အသုံးပြုနိုင်မလဲဆိုသည့် သိလိုစိတ်က အချဉ်ဖောက်သည့်နည်းပညာကို လေ့လာဖို့ အားဖြစ်စေခဲ့သည်။ ထိုအသိပညာဖြင့် ဂျပန်နိုင်ငံ တိုဟိုခု ဒေသရှိ အသုံးမပြုသော စပါးခင်းထဲရှိ ဆန်စပါးများကို အီသနောအဖြစ် ပြောင်းလဲထုတ်လုပ်ခဲ့သည်။ ထိုအချိန်မှစ၍ စွန့်ဦးတီထွင်သူတစ်ဦးဖြစ်လာဖို့ သူမ ဆုံးဖြတ်ခဲ့သည်။ Rina သည် သူမ၏ Fermenstation ကုမ္ပဏီမှတစ်ဆင့် တစ်နေ့တွင် အသုံးမပြုသော အရင်းအမြစ်များမှ ကုန်ကြမ်း ပစ္စည်းများ ဖန်တီးထုတ်လုပ်ခြင်းကို အားပေးထောက်ခံသည့် လူ့အသိုက်အဝန်း “renewable society” တစ်ခု ပေါ်ထွန်းလာဖို့ မျှော်လင့်သည်။ ကုမ္ပဏီ၏ သဘာဝပတ်ဝန်းကျင်နှင့် လိုက်ဖက်ညီပြီး ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေးပုံစံသည် ကုမ္ပဏီအောင်မြင်မှု၏ အဓိက သော့ချက်ဖြစ်သည်။
(2) Pon Nya
ကိုပုညသည် မြန်မာနိုင်ငံမှ အနာဂါတ်အမြင်ရှိတဲ့ လူမှုအကျိုးပြု စွန့် ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပါသည်။ သူသည် ချဲ့ထွင်တိုးပွားနိုင်သော၊ စဥ်ဆက်မပြတ်သော စီးပွားရေးပုံစံဖြင့် လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်းဖြစ်သည့် Recycle Myanmar ကို တည်ထောင်ခဲ့ပါသည်။ Recycle Myanmar သည် အရင်းအမြစ်များကို သံသရာလည်ပတ်စေသည့် စီးပွားရေးကို ပံ့ပိုးပေးသည့်အနေဖြင့် မိုဘိုင်းအပလီကေးရှင်းအခြေခံ စွန့်ပစ်ပစ္စည်းပြန်လည်အသုံးပြုရန် ချိတ်ဆက်ပေးသော ပလတ်ဖောင်းတစ်ခုဖြစ်ပါသည်။ ၎င်းသည် အခြေခံလူတန်းစားများကို အလုပ်အကိုင်ဖန်တီးပေးရုံသာမကပဲ လူမှုပတ်ဝန်းကျင်ရေရှည်တည်တံ့မှုကိုလည်း အပေါင်းလက္ခဏာဆောင်သော အကျိုးကျေးဇူးပြုနေပါတယ်။
Moderator
ကိုဘုန်းမြတ်သည် လက်ရှိတွင် Impact Hub Yangon ၌ business operations နှင့် administration management ပိုင်းတွင် Operations Lead အဖြစ် တာဝန်ယူလုပ်ကိုင်လျက်ရှိသည်။ Sunderland တက္ကသိုလ်မှ Engineering ဆိုင်ရာ ပရော့ဂျက်စီမံခန့်ခွဲမှုကို မဟာဘွဲ့ဖြင့် ရရှိအောင်မြင်ခဲ့သည်။ Impact Hub Yangon အဖွဲ့တွင် Operations Lead အဖြစ် မဝင်ရောက်ခင်က Visibility design ဟုခေါ်သည့် 360 မားကတ်တင်း ကုမ္ပဏီတွင် project manager အဖြစ် ဆောင်ရွက်ခဲ့သည်။ လူငယ်ခေါင်းဆောင်တစ်ဦးအဖြစ် ကိုဘုန်းမြတ်သည် နိုင်ငံဂေဟစနစ်ဖွံ့ဖြိုးတိုးတတ်ရန်၊ နိုင်ငံဂေဟစနစ်ရှိ စွန့်ဦးတီထွင်မှုလုပ်ငန်းအစီအစဥ်များ တိုးတက်လာနိုင်ရန်နှင့် ထိုအတွက် စီမံခန့်ခွဲမှုလုပ်ငန်းစဥ်ပိုင်းမှ ထိရောက်စွာ ပါဝင်ဆောင်ရွက်မှုကို မြှင့်တင်ပေးခြင်းဖြင့် ကူညီနိုင်ရန် စိတ်အားထက်သန်သူတစ်ဦးဖြစ်သည်။ ကိုဘုန်းမြတ်သည် UNDP၊ GIZ၊ FnF အစရှိသည့် အဖွဲ့အစည်းများနှင့် စွန့်ဦးတီထွင်မှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတတ်မှု ပရိုဂရမ်များကို ဆောင်ရွက်လျက်ရှိပြီး အူရီဒူး မြန်မာနှင့်လည်း ဂေဟစနစ်ဖွံ့ဖြိုးတိုးတတ်မှုကို အော်ပရေးရှင်းနည်းစနစ်များမှတဆင့် ပုံဖော်ဆောင်ရွက်ပေးနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။ ကိုဘုန်းမြတ်သည် စားသောက်ကုန်ပစ္စည်းများကို တီထွင်ဆန်းသစ်နိုင်မည့်အိုင်ဒီယာအသစ်များ မွေးထုတ်ပေးသည့် တောင်ကြီးရှိ “Kitchen Hub” ၏ လုပ်ငန်းလည်ပတ်မှု အော်ပရေးရှင်းပိုင်းအတွက် တာဝန်ယူညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။
“ အနုပညာဖန်တီးသူ artists နဲ့ အနုပညာ art ကြားမှာ ၆ ပေခြားတယ်
အနုပညာ Art နဲ့ ကြည့်ရှုသူ ပရိသတ် audience ကြားမှာ ၆ ပေခြားတယ်ဆိုရင်
ကိုဗစ်-၁၉ ကာလမှာ artists တွေက audience ပရိသတ်တွေနဲ့ ဘယ်လောက်ကွာဝေးပါသလဲ? “
ကိုဗစ် – ၁၉ ရောဂါသည် ကျွန်ုပ်တို့၏ လူ့အဖွဲ့အစည်းနှင့် နေထိုင်မှုပုံစံတို့အပေါ်တွင် များစွာ သက်ရောက်မှုရှိပြီး“social distancing” ဟု ခေါ်သည့် သတ်မှတ်ချက်အသစ်တစ်ခုအောက်တွင် စီးပွားရေး၊ လူမှုဆက်ဆက်သွယ်ရေးကန့်သတ်မှုများနှင့် ပြောင်းလဲလာသော နေထိုင်မှုပုံစံအသစ်တွင် Studio များ၊ ပြခန်းများ၊ ရုပ်ရှင်ရုံ များပိတ်ထားရပြီး အနုပညာဖန်တီးသူ တွေဟာ အနုပညာကို ဆက်လက်ဖန်တီးနိုင်ဖို့နဲ့ အနုပညာဖန်တီးသူအချင်းချင်း၊ အနုပညာနဲ့ ပရိသတ်ကို ပြန်လည်ချိတ်ဆက်ပေးနိုင်ဖို့ သည် စိန်ခေါ်မှုအသစ်တစ်ရပ်ဖြစ်နေပြီး၊ အကြီးအကျယ် မေးခွန်းထုတ်စရာကိစ္စတစ်ခုဖြစ်နေပါတယ်။ ထိုအတွက်ကြောင့် ဂျပန်ဖောင်ဒေးရှင်းရန်ကုန်သည် Creative Platform Series တွင် ပါဝင်ခဲ့ကြသူများ ပြန်လည်ချိတ်ဆက်ပေးနိုင်ရန်သာမက အာဆီယံနိုင်ငံအချို့မှ ခေတ်ပြိုင်အနုပညာမြင်ကွင်းများအခြအနေများကိုပါ ပြန်လည်ချိတ်ဆက်ပေးနိုင်ရန် ရည်ရွယ်၍ ဆုံမှတ်တစ်ခု ဖန်တီးရန် ဤ Connection Lost ! & Reconnecting စကားဝိုင်းဆွေးနွေးပွဲကို တင်ဆက်လိုက်ပါသည်။
ယခု “Lost in Connection and Re-connect” ဆွေးနွေးပွဲ စကားဝိုင်း မှာ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ Creative Platform series မှ speaker များဖြစ်ကြတဲ့ အင်ဒိုနီးရှားမှ Leonhard Bartolomeus၊ မလေးရှားမှ Hoo Fan Chonနှင့် ထိုင်းမှ Henry Tan တို့ အွန်လိုင်း Zoom မှာ ပြန်လည်တွေ့ဆုံကြမည်ဖြစ်ပြီး သူတို့လို artists တွေ ဒီအခြေအနေကို ဘယ်လို ရင်ဆိုင်ဖြတ်သန်းကြလဲ၊ art movement အသစ်တွေ ဘယ်လိုပြုလုပ်ခဲ့ကြလဲဆိုတာကို ဆွေးနွေးဝေမျှသွားမှာဖြစ်ပါတယ်။ Creative Platform series မှာ ပါဝင်ခဲ့တဲ့ မြန်မာ artist ကျူရေတာ ကိုအောင်မြတ်ဌေးနှင့် ဖူးမြတ်သွယ်တို့မှ moderator အနေဖြင့် ဦးဆောင်ဆွေးနွေးသွားမည်ဖြစ်ပါသည်။ ဤဆွေးနွေးပွဲစကားဝိုင်းကို အင်္ဂလိပ်ဘာသာစကားဖြင့် ပြုလုပ်ဆွေးနွေးမည်ဖြစ်ပါသည်။
အောက်ပါလင့်ခ်တွင် စာရင်းပေးသွင်းနိုင်ပါသည်။
https://forms.gle/6L9FkirasYomVAZY6
Speakers:
(1) Leonhard Bartolomeus
Leonhard Bartolomeus သည် ဂျပန်ရှိ ယမဂုချီ အနုပညာနှင့် မီဒီယာစင်တာမှ အနုပညာပြပွဲများစီစဥ်သူ ကျူရေတာတစ် ဦးဖြစ်သည်။ ၂ဝ၁၂ ခုနှစ်တွင် ဂျကာတာ အနုပညာ အင်စတီကျုမှ ဘွဲ့ရပြီးနောက် “ruanggrupa” (နောက်ပိုင်းမှာ “Gudskul Ekosistem” ဟု သိကြသည့်) အနုပညာအဖွဲ့တွင် အဖွဲ့ဝင်ခဲ့ပြီး အနုပညာပြပွဲများ၊ လှုပ်ရှားမှုများကို စီစဥ်ပါဝင်ခဲ့သည်။ ဘာတို၏ နှောင်းပိုင်း အနုပညာပြပွဲပရော့ဂျက်များသည် ပွင့်လင်းလွတ်လပ်သော ပညာရေးနှင့် အများနှင့် စုပေါင်းလုပ်ဆောင်ဖန်တီးရသည့် အနုပညာပရော့ဂျက်များဘက်ကို ဦးတည်လာခဲ့သည်။ ၂ဝ၁၇ ခုနှစ်တွင် ဂျကာတာ၊ ဆီမာရမ်နှင့် ဆာရာဘားရား မြို့တို့မှ ကျူရေတာ များနှင့်အတူ စုပေါင်းပြီး KKK (Kolektif Kurator Kampung) ဟုခေါ်သည့် စုပေါင်း ကျူရေတာအဖွဲ့ (curatorial collective) အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ဘာတိုသည် independent research များကိုလည်း ထဲထဲဝင်ဝင် ပြုလုပ်လျက်ရှိပြီး နိုင်ငံတကာရှိ အနုပညာအဖွဲ့အစည်းများနှင့် လည်း ပူးပေါင်းပြီး ပရော့ဂျက်များ ပြုလုပ်လျက်ရှိသည်။ Barto သည် ယခုလက်ရှိတွင် ယမဂုချီ၊ ဂျပန်တွင် နေထိုင်ကာ အနုပညာလုပ်ငန်းများ စီစဥ်ဖန်တီးပြုလုပ်လျက်ရှိသည်။
(2) Hoo Fan Chon

Hoo Fan Chon ကို ၁၉၈၂ ခုနှစ်တွင် မလေးရှား၊ Selangor ၌ ဖွားမြင်ခဲ့ပြီး ယခုလက်ရှိတွင် ပီနန်၊ George Town တွင် နေထိုင်လျက်ရှိသည်။ ၂ဝ၁၂ ခုနှစ်တွင် Run Amok Gallery ဟု အမည်ပေးထားသည့် စုပေါင်း အနုပညာဖန်တီးသူများအဖွဲ့ (art collective)ကို ပူးတွဲတည်ထောင်ခဲ့ပြီး ၂ဝ၁၇ခုနှစ်အထိ အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။၂ဝ၁ဝ ခုနှစ်တွင် London College of Communication တွင် ဓာတ်ပုံပညာရပ်ဖြင့် ဘွဲ့ရခဲ့ပြီး ၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၇ ခုနှစ်အထိ ဂျပန်ဖောင်ဒေးရှင်းအာရှစင်တာ၏ ကျူရေတာ workshop တွင် ပါဝင်ခဲ့ပြီးနောက် ထိုင်ဝမ်ရှိ No Man’s Land Residency Project – Nusantara Archive တွင် ၂ဝ၁၈ ခုနှစ်အထိ ပါဝင်ဆောင်ရွက်ခဲ့သည်။ တတိယအကြိမ်မြောက် Makassar Biennale ပြပွဲတွင် ပါဝင်ခဲ့ပြီး သူ၏ တစ်ကိုယ်တော် အနုပညာပြပွဲ ‘Biro Kaji Visual George Town’ ကို မလေးရှားတွင် ပြုလုပ်ခဲ့သည်။ မကြာသေးမီက ကွာလာလမ်ပူ “Ilham” အနုပညာပြခန်းတွင် ပြုလုပ်သည့် မလေးရှားနိုင်ငံ၏ ဓာတ်ပုံယဥ်ကျေးမှုကို ပြသသည့် ‘Bayangnya itu Timbul Tenggelam – Photographic Cultures in Malaysia’ ပြပွဲကို ပူးတွဲစီစဥ်ခဲ့သည်။ Fan Chon သည် သူ၏ အနုပညာလက်ရာများတွင် ယဥ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းကို တည်ဆောက်ထားမှုနှင့် လူများ ယဥ်ကျေးမှုတစ်ခုမှ တစ်ခုသို့ ရွေ့ပြောင်းသွားသောအခါ တန်ဖိုးထားမှုတွေ ပြောင်းလဲသွားနိုင်ကြောင်းကို ဖော်ထုတ်ပြသသည်။ Fan Chon ၏ အနုပညာလက်ရာအများစုသည် ယဥ်ကျေးမှုများကို ဘာသာပြန်ဖို့ ကြိုးစားသည့် လုပ်ငန်းစဥ်များဖြစ်ပြီး တစ်ခါတစ်ရံတွင် မထင်မှတ်ထားသည့် အဖြေများ၊ ကျိုးကြောင်းမညီညွတ်သော ရလဒ်များလည်း ပါဝင်သည်။
(3) Henry Tan

Henry Tan သည် အနုပညာ၊ နည်းပညာပိုင်းဆိုင်ရာနှင့် ပတ်သတ်ပြီး ဝေမျှသင်ကြားပေးသူ၊ artist တစ်ဦးဖြစ်သည်။ ဘန်ကောက်တွင်အခြေစိုက်ပြီး Tentacles Art Space ၏ ပူးတွဲတည်ထောင်သူ၊ Freaklab, Thailand နှင့် metaPhorest Japan ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ Henry သည် မီဒီယာကို အသုံးပြုပြီး အနုပညာဖန်တီးရာတွင် ကျွမ်းကျင်ပြီး သူသည် အနာဂါတ်ကာလရှိ လူသားများ၊ လူ့အဖွဲ့အစည်း၊ အခွင့်အလမ်းများနှင့် အနာဂါတ်ကမ္ယာကို အခြေပြုပြီး အနုပညာဒီဇိုင်းများကို ဖန်တီးသူတစ်ဦးဖြစ်သည်။ Henry ၏ အနုပညာလက်ရာများသည် ရွှံ့၊ စက္ကူ၊ ပလက်စတစ် အစရှိသည်တို့ဖြင့် ရိုးရာဟန်ပါအောင် ဖန်တီးထားသည့် လက်မှုပစ္စည်းများဖြစ်သည်။ abstract သဘောတရားကို အသုံးပြုပြီး အရာဝတ္ထုများ၏ ဒြပ်ဝတ္ထုဖြစ်တည်မှုကို အသုံးပြုပြီး ဖန်တီးသည်။ Henry သည် ကိုယ်ပိုင်အတွေ့အကြုံများ၊ လုပ်ငန်းခွင်မှ အမှတ်တရများကို အသုံးပြုပြီး ငယ်ဘဝ၊ စိတ်ကူးယဥ်ဆန်မှု၊ လူသားတို့၏ အခြေအနေ အစရှိသဖြင့် ခေါင်းစဥ် အကြောင်းအရာများဖြင့် အနုပညာလက်ရာများကို ပုံဖော်ဖန်တီးလျက်ရှိသည်။
Moderators
(1) Aung Myat Htay
အောင်မြတ်ဌေးသည် ရန်ကုန်အခြေစိုက် artist၊ writer ၊ အင်ဒီပန်ဒန့် ကျူရေတာ တစ်ဦးဖြစ်သည်။ ၁၉၉၈ ခုနှစ်တွင် ရန်ကုန်ယဥ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီး ထိုတက္ကသိုလ်တွင် ၂ဝဝ၂ ခုနှစ်အထိ ကထိကအဖြစ် စာသင်ကြားတာဝန်ထမ်းဆောင်ခဲ့သည်။ ၂ဝဝ၅ ခုနှစ်မှစ၍ စာရေးဆရာ၊ ကျူရေတာအဖြစ် မြန်မာအနုပညာလောကထဲ့သို့ ဝင်ရောက်ခဲ့သည်။ ခေတ်ပြိုင်အနုပညာ contemporary art တွင် တွေ့ရသည့် လွတ်လပ်စွာထုတ်ဖော်ပြသနိုင်စွမ်းကို လေ့လာဖွေရှာခဲ့ပြီး လူအဖွဲ့အစည်းပြဿနာများအတွက် message ပေးရာတွင် ခေတ်ပြိုင်ဟန်ထည့်ထားသည့် ရိုးရာအနုပညာပုံစံများ၊ လက်ရာများဖြင့် တင်ဆက်ပြသခဲ့သည်။ အောင်မြတ်ဌေး၏ အနုပညာလက်ရာများသည် ထိုင်း၊ အိန္ဒိယ၊ ဂျပန်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင် အစရှိသည့် အာရှနိုင်ငံများအပြင် ဟောင်ကောင်၊ ယူအက်စ် (US) တို့တွင်လည်း ပြသခြင်းခံခဲ့ရသည်။ အောင်မြတ်ေဌးသည် နိုင်ငံတကာရှိ အနုပညာရှင်များကို ဖိတ်ခေါ်သည့် Art residency program ပရိုဂရမ်များတွင်လည်း ဖိတ်ခေါ်ခြင်းခံခဲ့ရသည်။ သူသည် ၂ဝ၁၇ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် “My Yangon, My Home” Art Heritage Festival ၏ public art section အတွက် ပြပွဲစီစဥ်သူအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။ အောင်မြတ်ဌေးသည် SOCA (School of contemporary Arts) online program ကို တည်ထောင်သူဖြစ်ပြီး မကြာသေးမီက မြန်မာခေတ်ပြိုင်အနုပညာအကြောင်းကို သုတေသနစာတမ်းပြုထားသည့် “Silence is Golden” DVD မဂ္ဂဇင်း အတွဲ ၂ ကို ရေးသားထုတ်ဝေခဲ့သည်။
(2) Phoo Myat Thwe
ဖူးမြတ်သွယ်သည် မြန်မာဒိဌ ပြခန်း၏ မန်နေဂျာဖြစ်ပြီး မြန်မာဒိဌ သည် မြန်မာနိုင်ငံရှိ ဓာတ်ပုံပညာရှင်များ၊ ရုပ်ရှင်ဖန်တီးသူ filmmakers များကို ထောက်ပံ့ပေးသည့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်သည်။ သူမသည် မြန်မာနိုင်ငံမှ ဓာတ်ပုံ နှစ်သောင်းကျော်ကို စုစည်းထားသည့် Myanmar Photo Archive ဓာတ်ပုံမော်ကွန်းတိုက် ပရော့ဂျက်၏ လက်ထောက်တာဝန်ခံတစ်ဦးလည်းဖြစ်သည်။ ၂ဝ၂ဝ ခုနှစ် ဧပြီလတွင် မြန်မာနှင့် နိုင်ငံခြားရှိ အနုပညာနယ်ပယ်ပေါင်းစုံမှ လူငယ်အနုပညာရှင်အချို့၏ လက်ရာများကို ပြသသည့် “Art-Spaces-Us” အွန်လိုင်းအနုပညာပြပွဲကို Myanm/art gallery နှင့်အတူ စီစဥ် ပြုလုပ်ကျင်းပခဲ့သည်။ သူမသည် လူ့အဖွဲ့အစည်းအတွင်း ပြောင်းလဲမှုများကို ဦးတည်ပေးနိုင်မည့် ဆွေးနွေးမှုများ၊ သုံးသပ်မှုများ၊ လှုပ်ရှားမှုများ ပြုလုပ်ရာ ဆွေးနွေးခန်းနေရာများ(ပုံမှန်ဖြစ်စေ (သို့) အွန်လိုင်းမှဖြစ်စေ) ဖန်တီးစီစဥ်ပေးခြင်းကို စိတ်ပါဝင်စားသည်။ ဖူးမြတ်သွယ်သည် လက်ရှိတွင် Augmented Reality/ Virtual Reality နည်းပညာနှင့် ထိုနည်းပညာကို အနုပညာဖန်တီးရာတွင် အသုံးချနိုင်မည့်နည်းလမ်းများကို လေ့လာလျက်ရှိသည်။
日本語教師のみなさま、会話テストはどのように行っていますか?評価の仕方で困っていませんか?
ヤンゴン日本文化センターの今年最後のセミナーは、そんな先生方に向けて、国際交流基金の『いろどり 生活の日本語』を例に、ロールプレイ形式の会話テストの作成方法や評価方法など、実践的な方法をご紹介します。セミナーの最後に会話テストや評価に役立つセミナー資料もプレゼントします。ぜひご参加ください!
① 会話テストを作ってみよう!~『いろどり』を例に~
12月26日(土)13:30 –(ミャンマー時間)(120分)
② 会話テストの評価をしてみよう!~『いろどり』を例に~
12月27日(日)13:30 –(ミャンマー時間)(100分)
■対象:会話テストの作成や評価をする機会がある、もしくはこれからやってみたい!という日本語教師、日本語教育機関の関係者(JLPT N3以上)
■定員:各40名
■実施方法:オンライン(Zoom)にて実施(参加URLは前日にメールでご連絡いたします。)
■参加申込:下記URLよりお申込ください。
申込URL:
https://forms.gle/A9YUZFUaqvDMiADu7
■申込締切:12月24日(木)(①②とも)
*いずれか1回のみでもご参加いただけますが、両日ご参加いただくと会話テストの作成から評価の仕方までの流れがよくわかります。
*セミナーは日本語で行います。
*PCからのご参加をお願いします(携帯電話からの参加はおすすめしません。)
*各セミナーは、お申込が40名に達した場合、その時点で申込を締め切ります。お早めにお申込ください。
(参考)『いろどり』のウェブサイト:
https://www.irodori.jpf.go.jp/
日本語教師のみなさま、会話テストはどのように行っていますか?評価の仕方で困っていませんか?
ヤンゴン日本文化センターの今年最後のセミナーは、そんな先生方に向けて、国際交流基金の『いろどり 生活の日本語』を例に、ロールプレイ形式の会話テストの作成方法や評価方法など、実践的な方法をご紹介します。セミナーの最後に会話テストや評価に役立つセミナー資料もプレゼントします。ぜひご参加ください!
① 会話テストを作ってみよう!~『いろどり』を例に~
12月26日(土)13:30 –(ミャンマー時間)(120分)
② 会話テストの評価をしてみよう!~『いろどり』を例に~
12月27日(日)13:30 –(ミャンマー時間)(100分)
■対象:会話テストの作成や評価をする機会がある、もしくはこれからやってみたい!という日本語教師、日本語教育機関の関係者(JLPT N3以上)
■定員:各40名
■実施方法:オンライン(Zoom)にて実施(参加URLは前日にメールでご連絡いたします。)
■参加申込:下記URLよりお申込ください。
申込URL:
https://forms.gle/A9YUZFUaqvDMiADu7
■申込締切:12月24日(木)(①②とも)
*いずれか1回のみでもご参加いただけますが、両日ご参加いただくと会話テストの作成から評価の仕方までの流れがよくわかります。
*セミナーは日本語で行います。
*PCからのご参加をお願いします(携帯電話からの参加はおすすめしません。)
*各セミナーは、お申込が40名に達した場合、その時点で申込を締め切ります。お早めにお申込ください。
(参考)『いろどり』のウェブサイト:
https://www.irodori.jpf.go.jp/

ဤသင်ထောက်ကူစာအုပ် (စာသားများ၊ ရုပ်ပုံများ၊ ဓာတ်ပုံများ၊ အသံဖိုင်စသည်တို့အပါအဝင်) ၏ မူပိုင်ခွင့် (တစ်နည်းအားဖြင့် ဥာဏမူပိုင်ခွင့်) အား ဂျပန်ဖောင်ဒေးရှင်းမှ ပိုင်ဆိုင်သည်ဖြစ်ပါသဖြင့် ခွင့်ပြုချက်မရှိဘဲ ရောင်းချခြင်းခွင့်မပြုပါ။