🌺Okinawa Month🌺
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်သည် မြန်မာ-ဂျပန်ယဉ် ကျေးမှုဖလှယ်ရေး ပေါင်းကူးတံတားအနေဖြင့် ဂျပန်ယဉ်ကျေးမှုဆိုင်ရာ ပွဲအစီအစဉ်များကို တင်ဆက်ပေးလျက်ရှိပါသည်။ ယခု စက်တင်ဘာလတွင် “Okinawa Month” ဟူ၍ အိုကီနာဝါဒေသ၏ ယဉ်ကျေးမှု၊ အနုပညာ၊ သမိုင်းကြောင်းတို့ကို စိတ်ဝင်စားဖွယ်အစီအစဉ်များစွာဖြင့် မိတ်ဆက်ပေးသွားမည်ဖြစ်ပါသည်။

အိုကီနာဝါဒေသသည် ဂျပန်၏ အနောက်တောင်ဘက် အကျဆုံး နေရာတွင်တည်ရှိပြီး ကျွန်းငယ်ပေါင်း ၁၆၀ ဖြင့် ပါဝင်ဖွဲ့စည်းထားသည်။ အိုကီနာဝါသည် ယခင်က ဂျပန်ပြည်တွင် မပါဝင်ဘဲ လျူးကျူးနိုင်ငံတော်အဖြစ် တစ်ထီးတစ်နန်း တစ်သီးတစ်ခြား တည်ရှိခဲ့ပြီး အရှေ့အာရှ ကုန်သွယ်ရေးအတွက် အချက်အခြာကျသော နိုင်ငံတစ်ရပ်ဖြစ်ခဲ့သည်။ ထိုသို့ အရှေ့အာရှနှင့် တောင်အာရှနိုင်ငံများကြား ကုန်ဖလှယ်ရာဒေသဖြစ်သည့်အလျောက် ယဉ်ကျေးမှုမှာလည်း မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံများ၏ ယဉ်ကျေးမှုုနှင့် ဆင်တူနိုင်သည့် အချက်များကိုလည်း တွေ့နိုင်မည်ဖြစ်သည်။

ဤသို့ စိတ်ဝင်စားဖွယ် သမိုင်းကြောင်းရှိသည့် အိုကီနာဝါ၏ ပင်လယ်ပြာ သဘာဝရှုခင်း၊ ထူးခြားသော အိုကီနာဝါ ဒေသိယဘာသာစကား၊ အစားအစာ၊ ယဉ်ကျေးမှုအကြောင်း မိတ်ဆက်ခြင်းကို “Okinawa Month” ၏ ပထမအပါတ် မိတ်ဆက်အစီအစဉ်အဖြင့် ပြုလုပ်သွားမည်ဖြစ်ပါသည်။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်မှ မစ္စ ဟိနနို ရှိမိုဇတိုမှ အဓိကတင်ဆက်သွားမည်ဖြစ်ပြီး သူ၏ ဇာတိမှာလည်း အိုကီနာဝါဖြစ်ပါသည်။ အစီအစဉ်အပြီးတွင် ရိုးရာ အစားအစာဖြစ်သည့် Saataa Andagii (サーターアンダギー, Okinawan traditional style doughnuts)၊ Kuru Zaataa(黒砂糖, black sugar)နှင့် Sanpin Cha(さんぴん茶, jasmine tea) တို့ကိုလည်း မြည်းစမ်းနိုင်မည်ဖြစ်ပါသည်။

နောက်လာမည့် အပါတ်များတွင်လည်း အခြားစိတ်ဝင်စားဖွယ်ကောင်းသော အိုကီနာဝါယဉ်ကျေးမှုအစီအစဉ်များကို တင်ဆက်ပေးသွားမည်ဖြစ်သောကြောင့် အားလုံးကို စောင့်မျှော်ကြည့်ရှု ပါဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်။

Okinawa Month
“1st week: Introduction to Okinawa”

နေ့ရက်။ ။ စက်တင်ဘာလ ၉ ရက် (စနေနေ့)
အချိန် ။ ။ မနက် ၁ဝ နာရီမှ ၁၂ နာရီအထိ
နေရာ ။ ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဉ်ကျေးမှုစင်တာ
အမှတ် (၇ဝ)၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်
*လူဥ◌ီးရေကန့်သတ်ထားသည့်အတွက် အောက်ပါလင့်ခ်မှတစ်ဆင့် စာရင်းပေးသွင်းရန် လိုအပ်ပါသည်။

Registration link: https://forms.gle/PZqAxqNZ4KqoscQU8
(လင့်ခ်ကိုဝင်၍မရပါက VPN ဖွင့်၍ ဝင်ကြည့်ဖို့ အကြံပြုပါသည်)

ဂျပန်မှာ ဇူလိုင်ကနေ August လကုန်၊ စက်တင်ဘာလဆန်းအထိ နွေရာသီကျရောက်ပါတယ်။ ပူပြင်းတဲ့နွေရာသီရဲ့ ညနေခင်းတွေမှာ မရှိမဖြစ် လိုအပ်တာကတော့ ဝတ်ရတာ သက်တောင့်သက်သာရှိတဲ့ ယုကတဝတ်စုံရယ်၊ ယပ်တောင်တစ်လက်ရယ်၊ ခခိဂိုရိ (かき氷) ရေခဲခြစ်အေးအေးလေးရယ်ပါပဲ။ ညနေစောင်းလာတာနဲ့ ပုစဉ်းရင်ကွဲသံတွေ တစ်စီစီကြားနေရမယ်။ မိုးလေတိမ်ကင်းစင်တဲ့အခါ ကောင်းကင်မှာ မီးရှူးမီးပန်းလွှတ်တဲ့ (花火)ပွဲတွေကို ကြည့်ဖို့ မိသားစု၊ သူငယ်ချင်းတွေနဲ့ အတူတူ ယုကတဝတ်စုံကိုယ်စီနဲ့ သွားကြမယ်။ မြန်မာမှာ ဘုရားပွဲဈေးတန်းလှည့်သလိုပဲ အပြန်မှာ နွေရာသီပွဲတော်(夏祭り)မှာ ဂိမ်းတွေဆော့၊ မုန့်ပတ်စားပြီးမှ အိမ်ပြန်ကြတဲ့ နွေရာသီ ယဉ်ကျေးမှုအစဉ်အလာရှိပါတယ်။

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဉ်ကျေးမှုစင်တာက ယခုတစ်ခေါက်မှာ အားလုံးအတွက် ဂျပန်ရဲ့ နွေရာသီပွဲ တော်(夏祭り)ကို ယူဆောင်လာပေးမှာြဖစ်ပါတယ်။ ယုကတဝတ်စုံဝတ်မယ်၊ ကိုယ်တိုင် ယပ်တောင်လုပ်ကြမယ်၊ ဂိမ်းတွေဆော့ကြမယ် စတဲ့အစီအစဉ်တွေပါဝင်မှာဖြစ်ပါတယ်။

နွေရာသီပွဲတော်အစီအစဉ်ကို August လ ၁၉ ရက်နေ့ (စနေနေ့) ဂျပန်ယဉ်ကျေးမှုစင်တာမှာ မနက် ၁၀ နာရီကနေစပြီး လာရောက်ပါဝင်ဆင်နွှဲလို့ရပါတယ်။ ယုကတ ဝတ်မယ်ဆိုရင်တော့ ကြိုတင်စာရင်းပေးသွင်းဖို့ လိုပါတယ်။

အောက်ပါလင့်ခ်တွင် ကြိုတွင်စာရင်းပေးသွင်းနိုင်ပါသည်။

https://forms.gle/DRxPq8bqGvL2tvceA

မေလ ၅ နေ့မှာ ကျရောက်ခဲ့တဲ့ Kodomo no hi (ကလေးများနေ့)ကို ဆင်နွှဲတဲ့အနေနဲ့ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာမှာ ကလေးများပါ ပါဝင်နိုင်မယ့် Kodomo no hi event ကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ Kodomo no hi အကြောင်းကို ရှင်းပြမယ်၊ Koinobori ငါးကြင်းအလံများကို Origami ခေါက်ပြီး အတူတူ လုပ်ကြမယ်၊ Kabuto ဆာမူရိုင်းတွေဆောင်းတဲ့ မောက်တိုခမောက်ကို အတူတူလုပ်ကြမယ်၊ အဖွဲ့လိုက် ယှဉ်ပြိုင်ကစားရမယ့် ဆာမူရိုင်းဂိမ်း၊ ဆူမိုဂိမ်းတွေလည်း ကစားကြမှာမို့ အားလုံးကို ပါဝင်ဖို့ဖိတ်ခေါ်ပါတယ်။

အချိန်နဲ့ နေ့ရက်ကို အောက်တွင်ကြည့်ရှုနိုင်ပြီး လူဉီးရေကန့်သတ်ထားတာဖြစ်လို့ မြန်မြန်စာရင်းပေးသွင်းဖို့ လိုပါတယ် (အမှန်တကယ်မပါဝင်နိုင်ပဲ စာရင်းပေးသွင်းပါက အခြားသူများအတွက် နစ်နာမှုရှိပါသဖြင့် စာရင်းပေးသွင်းပြီး ပွဲနေ့တွင်ကိုယ်တိုင်လာရောက်ပါဝင်နိုင်ပါမှ register လုပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်)

အစီအစဉ်

အချိန် ။ ။ မနက် ၁ဝ နာရီမှ နေ့လည် ၁၂ နာရီခွဲအထိ

နေ့ရက် ။ ။ မေလ ၂ဝ ရက် (စနေနေ့)

နေရာ ။ ။ ဂျပန်ယဉ်ကျေးမှုစင်တာ၊ အမှတ် (၇ဝ)၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်

သတ်မှတ်လူဉီးရေ ။ ။ ၁၅ ယောက်

စာရင်းပေးသွင်းရန် လင့်ခ် ။ ။ https://forms.gle/hdPxXziFpj6J6M6t5

ミャンマー語

ဂျပန်ဘာသာစကားဆရာ ဆရာမများအားလုံး မင်္ဂလာပါခင်ဗျာ။ ဒီနေ့မှာတော့ “Irodori Circle” နဲ့မိတ်ဆက်ပေးချင်ပါတယ်။
“Irodori Circle” ဆိုတာဘာလဲ။ “Irodori Circle” ဆိုတာ နိုင်ငံအသီးသီးမှ ဂျပန်ဘာသာဆရာ၊ ဆရာမတွေနဲ့ မိမိနိုင်ငံရဲ့ယဉ်ကျေးမှုတွေအကြောင်းကို ဂျပန်ဘာသာစကားဖြင့် ပြောနိုင်မယ့် အသိုက်အဝန်းတစ်ခုပဲဖြစ်ပါတယ်။

ပထမဆုံးအကြိမ် ဆွေးနွေးပွဲရဲ့ ခေါင်းစဉ်ကတော့  “ဂျပန်နိုင်ငံနှင့် အခြားနိုင်ငံ ၄ နိုင်ငံ၏ အစားအသောက်ယဉ်ကျေးမှုများအကြောင်း ပြောကြရအောင်” ပဲဖြစ်ပါတယ်။ ဂျပန်၊ မြန်မာ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား နဲ့ ဖိလစ်ပိုင် စတဲ့နိုင်ငံအသီးသီးရဲ့ အစားအသောက်ယဉ်ကျေးမှုနဲ့ ဒေသဟင်းလျာတွေအကြောင်းပြောနိုင်မယ့် အခွင့်အရေးပဲဖြစ်ပါတယ်။ ( ဒေသဟင်းလျာ = မိမိဒေသဆိုင်ရာ ထူးခြားတဲ့ပါဝင်ပစ္စည်းများကို အသုံးပြုထားတဲ့ ရိုးရာဟင်းလျာ)
အားလုံးပဲ သေချာပေါက် ပါဝင်ဆွေးနွေးတာကို စောင့်မျှော်နေပါမယ်။

■ကျင်းပမည့်နေ့: ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့ (ကြာသပတေးနေ့)
မြန်မာစံတော်ချိန် : နေ့လည် ၃:၃၀ ~ ၅ နာရီ အထိ (Main Section)
နေ့လည် ၅~ ၅:၃၀ နာရီ အထိ (ဆွေးနွေးပွဲ~မိတ်ဆက်)
■ဆွေးနွေးပွဲကြေး : အခမဲ့
■ကျင်းပမည့်ပုံစံ:အွန်လိုင်း(Zoom)
■တတ်ရောက်နိုင်မည့်သူများ:N4 နှင့်အထက် မြန်မာလူမျိုး ဂျပန်ဘာသာဆရာ ဆရာမများ
■သတ်မှတ်ဦးရေ:၃၀ ယောက်
*တတ်ရောက်နိုင်မယ့်သူတွေကို အောက်တိုဘာ ၃ ရက်နေ့ (အင်္ဂါနေ့) မှာ Zoom ရဲ့ URL ကို မေးလ်ဖြင့်ပို့မှာဖြစ်တဲ့အတွက်ကြောင့် မေးလ်စစ်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။
■တတ်ရောက်ရန် လျှောက်ထားခြင်း : အောက်ပါGoogle Form မှတစ်ဆင့် လျှောက်ထားပါရန်။

 

■လျှောက်ထားရန် Google Form URL:

https://docs.google.com/forms/d/e/1FAIpQLSfripOWIeY_5UTt9TRrI1VZ-yc5okfAaf1xnO83Y0_QXm33Wg/viewform?usp=sf_link

日本語

【いろどりサークル ~日本と4か国の食文化(しょくぶんか)について話そう~】

日本語教師の皆さん、こんにちは!今日は「いろどりサークル」へのご案内です。

「いろどりサークル」とは…?色々な国の日本語教師とその国の文化について、日本語で話すことができるサークルです。

第1回のテーマは「日本と4か国の食文化について話そう」です。日本とミャンマー・インドネシア・カンボジア・フィリピンの食文化や郷土料理(きょうどりょうり)について、話しができるチャンスです!(郷土料理 = 地域独自(ちいきどくじ)の食材を使った伝統的(でんとうてき)な料理)

ぜひ、皆さんのご参加をお待ちしております!

 

■日時 : 2023年10月5日(木) ミャンマー時間:午後3時30分~5時(メインセッション) 午後5時~5時30分(交流会:自由参加)

■受講料:無料

■実施方法:オンライン(Zoom)

■参加条件:N4以上のミャンマー人日本語教師

■定員 :30名

*参加できる方は、10月3日(火)にZoomのURLをメールでご連絡いたしますので、メールを確認してください。Spam Folderも確認してください。

■参加申込:下記Google Formよりお申込ください。

■申込みGoogle Form URL:

https://docs.google.com/forms/d/e/1FAIpQLSfripOWIeY_5UTt9TRrI1VZ-yc5okfAaf1xnO83Y0_QXm33Wg/viewform?usp=sf_link

(日本語は下にあります)

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာသည် ဂျပန်ဘာသာစကားလေ့လာနေသူတွေအတွက် ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ဓလေ့ထုံးတမ်းစတာတွေကို ဂျပန်လူမျိုးနဲ့ ဂျပန်လို ပျော်ပျော်ရွှင်ရွှင် နှီးနှော ဖလှယ်နိုင်မယ့် “ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောရအောင်” ဆိုတဲ့ အစီအစဉ်လေးကို စတင်ခဲ့ပါတယ်။ ဒီတစ်ခေါက်အကြောင်းအရာကတော့ “ကြိုက်နှစ်သက်တဲ့ဂျပန်အန်နီမေးရှင်း” ဖြစ်ပါတယ်။ မိမိ ကြိုက်နှစ်သက်တဲ့ဂျပန်အန်နီမေးရှင်းအကြောင်းနဲ့ ကြိုက်နှစ်သက်ရတဲ့အကြောင်းအရင်းကို ဂျပန်လူမျိုးနဲ့ ဂျပန်လိုပြောကြားပြီး၊ လူကြိုက်များတဲ့ ဂျပန်အန်နီမေးရှင်းဇာတ်ကားတစ်ကားကိုလည်း ၁၅ မိနစ်ခန့်ပြသသွားမှာဖြစ်တဲ့အတွက် စိတ်ပါဝင်စားသူများ အောက်ပါ google forms ကို ဖြည့်စွက်ပြီး နာမည်စာရင်းပေးနိုင်ပါတယ်။

日本語で楽しく話そう!!<<好きなアニメ>> (google.com)

နေ့ရက်နှင့်အချိန်။ ။ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ (ဗုဒ္ဓဟူးနေ့) နေ့လယ် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ

သတ်မှတ်ဦးရေ။ ။ ၂၀ ဦး

ဂျပန်စာ level။ ။ N3 levelနှင့်အထက်

ကျင်းပမည့်နေရာ။ ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ

အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

※ကိုဗစ်ရောဂါထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်း mask များ ဝတ်ဆင်၍ ပါဝင်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

日本語で楽しく話そう!! <<好きなアニメ>>

国際交流基金ヤンゴン日本文化センターでは、日本語を勉強している人のために日本の文化や習慣などを日本人と楽しく日本語でお話しできる「日本語で楽しく話そう!!」というプログラムを月に1回開催しています。。今回のテーマは、「好きなアニメ」です。自分が好きな日本のアニメとその理由について、日本人と日本語でお話ししてみませんか?さらに、今回は日本の有名なアニメを15分観られますので、興味がある人はグーグルフォームから申し込んで参加してください。

日本語で楽しく話そう!!<<好きなアニメ>> (google.com)

日時 :2023年9月27日(水) 午前10:00~11:30

定員:20名

日本語レベル:N3以上

場所 :The Japan Foundation Yangon (国際交流基金ヤンゴン日本文化センター)

No. 70, Nat Mauk Lane (1), Bahan Township.

※コロナ感染予防対策として、参加する人は全員マスクの着用をお願いします。

(ミャンマー語の後に日本語が続きます)
၂၄ ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများ အောက်ပါအချက်အလက်များကို ဖတ်ရှု၍ ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။
၁။ ကျင်းပမည့် နေ့ရက်နှင့် အချိန်
ပြိုင်ပွဲကျင်းပမည့်နေ့။ ။၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် (စနေနေ့) ၉ နာရီမှ ၁၂ နာရီ
(※ပဏာမအဆင့်ကိုအောင်ခဲ့သူများသာ)
၂။ လျှောက်လွှာလျှောက်ထားနိုင်သူ
(၁) အသက် ၁၆ နှစ် မှ ၃၀ နှစ် အတွင်းဖြစ်ပြီး၊ မြန်မာနိုင်ငံအတွင်းနေထိုင်သည့် မြန်မာနိုင်ငံသားဖြစ်ရမည်။
(၂) ဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ ဆရာမ မဖြစ်ရ။ (အချိန်ပိုင်းနှင့် လုပ်အားပေးသူများ မပါပါ)
(၃) ယခင်ကျင်းပခဲ့ဖူးသော ဂျပန်ဘာသာစကားပြောပြိုင်ပွဲတွင် ဆုရရှိဖူးထားသူမဖြစ်ရ။
၃။ လျှောက်လွှာလက်ခံခြင်း
လျှောက်လွှာများကို အောက်ဖော်ပြပါ Link မှတဆင့် Google Form တွင် ဖြည့်စွက်ပြီး ပေးပို့လျှောက်ထားနိုင်ပါသည်။
လျှောက်လွှာလက်ခံမည့်ကာလ ။ ။ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၇ ရက် (ဗုဒ္ဓဟူးနေ့) မနက် ၉ နာရီ မှ အောက်တိုဘာလ ၆ ရက် (သောကြာနေ့) ညနေ ၄ နာရီအထိ ပေးပို့လျှောက်ထားနိုင်ပါသည်။
(※စက်တင်ဘာလ ၂၇ ရက်မှသာ အောက်ဖော်ပြပါ link ကိုအသုံးပြုနိုင်မည်ဖြစ်ပါသည်။
Application ဖောင်ဖြည့်ရန်အတွက် အောက်ပါတို့ကို ပြင်ဆင်ထားရန်လိုအပ်ပါသည်။
(၁) G-mail account ဖြင့် ဖောင်ဖြည့်ရမည်ဖြစ်သောကြောင့် ကိုယ်ပိုင် G-mail အကောင့်ဖွင့်ထားရမည်။
(၂) ဓာတ်ပုံ (3×4 cm) (File name: မိမိအမည်-1) နှင့် မှတ်ပုံတင်အရှေ့အနောက်ပုံ (File name: မိမိအမည်-2) တို့ကို JPG file ဖြင့်ကြိုပြင်ထားရမည်။ ဖိုင်တစ်ခုလျှင် Size 3MB အောက် ဖြင့် ပြင်ဆင်ပေးပါ။
(၃) Speech ၏ အကြောင်းအရာ ကို ဂျပန်ဘာသာ စာလုံးရေ ၁၀၀၀ ခန့် ဖြင့် (Word File) ပြင်ထားရမည်။
(File name: မိမိအမည်-3)
(၄) မိမိယှဥ်ပြိုင်မည့် Speech သည် 3 မိနစ်ထက်မနည်း 4 မိနစ်ထက်မပိုသော အသံဖိုင် (File name: မိမိအမည်-4) ကို MP 3 ဖြင့် သွင်းထားရမည်။ File size 10MB ဝန်းကျင်ခန့် ပြင်ဆင်ပေးပါ။
၄။ ပဏာမရွေးချယ်ခြင်း
ပဏာမရွေးချယ်မှုတွင် ပြိုင်ပွဲဝင်ပြောကြားမည့် အကြောင်းအရာကို ပြိုင်ပွဲအတိုင်းပြောကြားရမည်ဖြစ်ပြီး၊ ဂျပန်ဘာသာဖြင့် အမေးအဖြေများ ပြုလုပ်၍ အကဲဖြတ်ရွေးချယ်သွားမည် ဖြစ်ပါသည်။
(※လျှောက်ထားသူများ၏ လျှောက်လွှာ၊ Speech (Word file နှင့် အသံဖိုင်) ကို စီစစ်ပြီး၊ သတ်မှတ်ချက်နှင့် ကိုက်ညီသော လျှောက်ထားသူများသည် ပဏာမရွေးချယ်မှုတွင် ယှဉ်ပြိုင်ခွင့်ရရှိပါမည်။)
ပဏာမရွေးချယ်မည့်နေ့။ ။၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၁ ရက် (စနေနေ့) နှင့် အောက်တိုဘာလ ၂၂ ရက် (တနင်္ဂနွေနေ့)
※ ပဏာမရွေးချယ်ခြင်းကို အွန်လိုင်းဖြင့်သာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
၅။ ဂျပန်ဘာသာစကားပြောပြိုင်ပွဲ
ပဏာမအဆင့်ရွေးချယ်မှုရလဒ်များကို ပြိုင်ပွဲဝင်များထံသို့ ဆက်သွယ်အကြောင်းကြားမည်ဖြစ်ပြီး သက်ဆိုင်ရာ ပွဲစီစဉ်ကျင်းပသည့်အဖွဲ့အစည်းများ၏ Facebook စာမျက်နှာတွင် ကြေညာသွားပါမည်။ ပဏာမအဆင့် အောင်မြင်သူများသည် ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပါဝင်ယှဉ်ပြိုင်ကြရမည် ဖြစ်ပါသည်။
※ အသေးစိတ်ကို ပါဝင်ယှဉ်ပြိုင်ရမည့်သူများအား တိုက်ရိုက် ဆက်သွယ်အကြောင်းကြားပါမည်။
၆။ ဆုချီးမြှင့်ခြင်း
(၁) ဆုရရှိသူများအား တန်ဖိုးကြီးလက်ဆောင်များကို ပေးအပ်သွားပါမည်။
(၂) ပထမဆုရရှိသူသည် ဂျပန်နိုင်ငံတွင်ဆက်လက်ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ဂျပန်ဘာသာစကားပြော ပြိုင်ပွဲကြီးတွင် အာဆီယံနိုင်ငံအသီးသီးမှ ဂျပန်ဘာသာစကားပြောပြိုင်ပွဲဆုရရှိသူများနှင့်အတူစုဝေး၍ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပါသည်။
၇။ စုံစမ်းမေးမြန်းရန်
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
ဖုန်း 09-428612151, 09-262602121
အီးမေးလ် event.maja.ygn@gmail.com
※လက်ရှိဖြစ်ပေါ်နေသောအခြေအနေအပေါ်မူတည်၍ ပွဲရက်ရွှေ့ဆိုင်းခြင်းစသည့် အစီအစဉ်ပြောင်းလဲခြင်းများ၊ ပွဲရပ်နားခြင်းများရှိနိုင်ပါသည်။
第24回日本語スピーチコンテスト2023
第24回日本語スピーチコンテストを2023年11月11日に開催します。ご興味がある方は以下をご確認ください。みなさんのご参加をお待ちしております。
1.本選
本選開催日時:2023年11月11日(土) 9:00~12:00
(※予選通過者のみ)
2. 参加条件
(1) 16歳~30歳までのミャンマー国籍を有する者でミャンマー在住の者
(2) 日本語教師ではない者(パートタイムやボランティアは除く)
(3) 過去に日本語スピーチコンテスト入賞経験の無いもの
3. 参加申込方法
下記のGoogle Form URLに必要事項を記入して申し込んでください。
申し込み受付日時 : 2023年9月27(水)午前9時 ~ 10月6日(金)午後4時
(※下記のURLは9月27日からアクセスできます)
申し込むときは以下の準備をしてください。
(1)Gmailアカウントで申し込むことになりますのでGmailアカウントを作成しておいてください。
(2)3 cm x 4 cmの顔写真(ファイル名: 氏名-1)とNRCの表と裏写真(ファイル名: 氏名-2)をJPEG形式にして送ってください。1つのファイルのサイズは3 MB以下にしてください。
(3)スピーチ内容は日本語で約1000字(Word file)で準備してください。(ファイル名: 氏名-3)
(4)3分以上4分以内のスピーチ音声ファイル(ファイル名: 氏名-4)をMP3形式で録音して送ってください。音声ファイルのサイズは約10 MBにしてください。
4. 一次審査方法
本番と同じスピーチを、実際にしてもらい、その後の質疑応答と合わせて審査を行います。
(※申込内容、スピーチ原稿と音声ファイルを審査し、条件を満たした者は予選に出場できます)
予選開催日時 : 2023年10月21日(土)、22日(日)
※予選はオンラインだけで開催いたします。
5. 本選
一次予選の結果は、参加者へ連絡します。また合わせて主催各団体のFacebookでも発表します。予選通過した方は2023年11月11日(土)に開催する本選に出場できます。
※詳細は本選出場者に個別に連絡します。
6. 賞品
入賞者には豪華賞品を贈呈します。
第1位の方はASEAN各国の成績優秀者を集めて日本で開催する「日本語スピーチコンテスト優秀者招へい」にミャンマー代表として招待されます。
7. お問い合わせ
ミャンマー元日本留学生協会(MAJA)
Tel: 09-428612151, 09-262602121
E-mail: event.maja.ygn@gmail.com
※諸般の事情により、計画変更(実施日変更等)や中止の可能性があります。

“ဂျပန်ဘာသာစကားသင်ကြားနေသော ဆရာ၊ဆရာမများအတွက် စကားပြောပွဲ ~ Irodori ရဲ့”ဂျပန်တွင်နေထိုင်မှုအတွက်သိကောင်းစရာများကိုအသုံးပြုပြီး ~ ကျင်းပသွားပါမည်”

ဂျပန်ဘာသာစကားသင်ကြားနေသော ဆရာ၊ဆရာမများအားလုံး မင်္ဂလာပါ။ အခုတလော ဂျပန်ဘာသာစကား ပြောဖြစ်ကြပါသလား။ “ဂျပန်ဘာသာစကားသင်ကြားနေပေမယ့်လည်း ဂျပန်စကားသိပ်မပြောဖြစ်ဘူး”လို့ထင်တဲ့သူတွေရှိပါသလား။ ဂျပန်စကားအတူတူပြောချင်တဲ့ ဂျပန်ဘာသာစကားသင်ကြားနေတဲ့ မြန်မာလူမျိုးဆရာ၊ဆရာမများ၊ ဂျပန်လူမျိုးသင်ကြားရေး ဆရာ၊ ဆရာမများနှင့် အတူ ပျော်ပျော်ပါးပါး ဂျပန်စကားပြောကြရအောင်။
စက်တင်ဘာလ ၁၄ ရက်နေ့ (ကြာသပတေးနေ့) စကားပြောပွဲ၏ ခေါင်းစဉ်ကတော့ “ မိမိကြိုက်တဲ့ ရုပ်ရှင်အ‌ကြောင်း ” ဖြစ်ပါတယ်။ ရုပ်ရှင်ဗီဒီယိုတွေထဲမှာ အချစ်နဲ့ပတ်သက်တဲ့ ရုပ်ရှင် ၊ Comedy ရုပ်ရှင်၊ Horror ရုပ်ရှင် စသည်ဖြင့် ရုပ်ရှင်အမျိုးအစားများစွာ ရှိပါတယ်။ စာဖတ်သူများအနေဖြင့် ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်အမျိုးအစားက ဘယ်လိုမျိုး ရုပ်ရှင်ဖြစ်ပါသလဲ? ဂျပန်ရုပ်ရှင်ဗီဒီယိုများ၊ ကိုးရီးယားရုပ်ရှင်ဗီဒီယိုများ နှင့် Hollywood ရုပ်ရှင်ဗီဒီယိုများထဲမှ မိမိကြိုက်နှစ်သက်ပြီး အခြားသူများကို ကြည့်ရှုစေချင်တဲ့ ရုပ်ရှင်ဗီဒီယိုများအကြောင်းကို  အခြားဂျပန်ဘာသာဆရာ၊ ဆရာမများနှင့်အတူတူ ပြောကြည့်ရအောင် ။
ပွဲအစီအစဉ်ကို ဂျပန်ဘာသာဖြင့်ပြုလုပ်ပေမယ့် စကားပြောကြတဲ့ အချိန်မှာ အနည်းငယ် မြန်မာစကားဖြင့်ပြောလျှင်လည်း အဆင်ပြေတဲ့အတွက်ကြောင့် သေချာပေါက် တက်ရောက် ပေးကြပါ။

ကျင်းပမယ့်နေ့ရက် :၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက် ( ကြာသပတေးနေ့ )  မနက် ၁၀ နာရီမှ ၁၁ နာရီအထိ ( မြန်မာစံတော်ချိန် )
သင်တန်းကြေး : အခမဲ့

ကျင်းပမည့်ပုံစံ : အွန်လိုင်း (Zoom)

သတ်မှတ်လူဦးရေ : ၁၀ယောက် (ဦးသူရစနစ်)

*ပါဝင်ခွင့်ရသူတွေကို စက်တင်ဘာလ ၁၃ ရက်နေ့ (ဗုဒ္ဓဟူးနေ့) မှာ Zoom လင့်ကို မေးလ်ဖြင့် ပို့ပေးမှာဖြစ်တဲ့အတွက်ကြောင့် မေးလ် စစ်ပေးရန် လိုအပ်ပါသည်။ Spam Folder ကိုလည်း စစ်ပေးရန် လိုအပ်ပါသည်။

ပါဝင်ရန်လျှောက်ထားခြင်း : အောက်ပါပေးထားသော Google Form ကိုဖြည့်ပေးပါရန်။

လျှောက်လွှာဖြည့်ရန် Google Form URL:

https://docs.google.com/forms/d/e/1FAIpQLSc84-YsCa5wi8LLsZjMPnwgYn_9EQhNVE4VpvhrVPNv9jWNAw/viewform?usp=sf_link

အားလုံးရဲ့ လျှောက်လွှာများကို စောင့်မျှော်လျက်ရှိပါတယ်။

 

【ミャンマー人日本語教師のためのおしゃべり会 ~『いろどり』生活TIPSを使って~】

日本語教師の皆さん、こんにちは!最近、日本語を話していますか?

「日本語を教えているけど、なかなか日本語で話すチャンスがない…」と思っている方はいらっしゃいませんか?

ぜひ、同じように日本語で話したいと思っているミャンマー人日本語教師や日本人講師と、一緒に楽しくおしゃべりしましょう!

進行は日本語で行いますが、おしゃべりの時は少しミャ9月14日(木)のおしゃべり会のテーマは「おすすめの映画」です。映画にはラブストーリーやコメディ、ホラーなどたくさんのジャンルがありますが、皆さんの好きな映画は何ですか?ぜひ、日本映画、韓国映画やハリウッドの映画など、おすすめの映画について、一緒におしゃべりしませんか?

ンマー語で話しても大丈夫ですので、どうぞお気軽にご参加ください!

 

■日時 : 2023年9月14日(木)午前10:00~11:00(ミャンマー時間)

■受講料:無料

■実施方法:オンライン(Zoom)

■定員 :10名(先着順)

*参加できる方は、9月13日(水)にZoomのURLをメールでご連絡いたしますので、メールを確認してください。Spam Folderも確認してください。

■参加申込:下記Google Formよりお申込ください。

■申込みGoogle Form URL:
https://docs.google.com/forms/d/e/1FAIpQLSc84-YsCa5wi8LLsZjMPnwgYn_9EQhNVE4VpvhrVPNv9jWNAw/viewform?usp=sf_link

 

それでは、皆さまのお申し込みをお待ちしております!

 

(ဆဌမအကြိမ်မြောက်မြန်မာလူမျိုးဂျပန်ဘာသာသင်ဆရာ၊ ဆရာမများအတွက် ပုံမှန်ပြုလုပ်သွားမည့် ဂျပန် ဘာသာသင်ကြားရေးနှင့် ပတ်သက်သည့်ဆွေးနွေးပွဲ)

ခေါင်းစဥ် – IRODORI Online Course အကြောင်းလေ့လာကြရအောင်

 

ဂျပန်ဘာသာသင်ကြားနေသောဆရာ၊ ဆရာမများအားလုံးပဲ မင်္ဂလာပါ။ ဂျပန်ဘာသာသင်ကြားရေးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲရဲ့ အသိပေး အကြောင်းကြားခြင်းဖြစ်ပါသည်။ ဆဌမအကြိမ်မြောက်ရဲ့ ခေါင်းစဥ်ကတော့ “IRODORI Online Course အကြောင်းလေ့လာကြရအောင်” ဖြစ်ပါသည်။ IRODORI Online Course ဆိုတာကတော့ ဂျပန်နိုင်ငံတွင်နေထိုင်မှုနှင့် အလုပ်လုပ်ရာတွင် လိုအပ်သော အခြေခံကျသော ဂျပန်ဘာသာစကား၏ပြောဆိုဆက်ဆံပုံကိုသင်ယူနိုင်မယ့် အခမဲ့ online course ဖြစ်ပါသည်။ ဒီနှစ်ရဲ့ မေလတုန်းက IRODORI ရဲ့အခြေခံမိတ်ဆက် (A1) course ရဲ့မြန်မာဘာသာပြန် ထွက်ရှိပြီးပါပြီ။ သင်တန်းမှာလည်း အသုံးချနိုင်ပြီး ဂျပန်ဘာသာသင်ယူသူတွေလည်း ကိုယ်တိုင်လေ့လာသင်ယူရာတွင် အသုံးပြုနိုင်ပါသည်။ ထိုအသုံးဝင်တဲ့ လုပ်ဆောင်ချက်တွေကို မိတ်ဆက်‌ပေးသွားမှာဖြစ်တဲ့အတွက် အတူတူ လေ့လာကြရအောင်။

စိတ်ဝင်စားတဲ့သူများ တက်ရောက်ခြင်းကို မျှော်လင့်နေပါမယ်။

 

■ ကျင်းပမည့်နေ့ရက် – ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၉ ရက် (စနေနေ့) မနက် ၉ နာရီခွဲမှ နေ့လည် ၁၁ နာရီအထိ (မြန်မာစံတော်ချိန်)

တက်ရောက်နိုင်မည့်သူများ – မြန်မာလူမျိုးဂျပန်ဘာသာသင်ကြားနေသောဆရာ၊ ဆရာမများ (JLPT N3 နှင့်အထက်)  *ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခွင့်မရှိပါ။

သတ်မှတ်ဦးရေ – အယောက် ၄၀

ကျင်းပမည့်ပုံစံ – အွန်လိုင်း (Zoom)

(လင့်ခ်ကိုကျင်းပမည့်ရက် ၂ ရက်မတိုင်ခင် မေးလ်ပို့ပေးပါမည်)

‌လျှောက်လွှာဖြည့်ရန် – အောက်ပါလင့်ခ်မှတဆင့် စာရင်းပေးသွင်းပါ။

https://docs.google.com/forms/d/e/1FAIpQLSeRb49BzW7r0EfTpjIc0EJrz_2hiZ2E1eQqr2E8KyZIvU-pnA/viewform?usp=sf_link

 

လျှောက်လွှာပိတ်ရက် – စက်တင်ဘာလ ၇ ရက် (ကြာသပတေးနေ့) နေ့လည် ၁၂ နာရီ (မြန်မာစံတော်ချိန်)

※သတ်မှတ်ဦးရေ အယောက် ၄၀ ပြည့်သွားသည်နှင့် လျှောက်လွှာပိတ်မည်ဖြစ်ပါသည်။

 

*ဆွေးနွေးပွဲကို ဂျပန်ဘာသာဖြင့် ပြုလုပ်သွားမည်ဖြစ်ပါသည်။

*မီးပျက်ခြင်းနှင့် အခြားသောမဖြစ်မနေအကြောင်းအရာမှလွဲပြီး တတ်နိုင်သလောက် ကွန်ပြူတာဖြင့်သာ ပါဝင်တက်ရောက်ပေးပါ။

*ပါဝင်တက်ရောက်ရမည့်လင့်ခ်ကို မေးလ်ပို့ရာတွင် Spam Folder ထဲသို့ရောက်နေတတ်ပါသဖြင့် Spam Folder ကိုပါစစ်ပေးပါ။

 

【第6回ミャンマー人日本語教師のための定期勉強会のご案内】

テーマ:いろどり日本語オンラインコースを試してみよう!

 

日本語教師の皆さん、こんにちは!日本語定期勉強会のお知らせです。第6回目のテーマは、「いろどり日本語オンラインコースを試してみよう!」です。

いろどり日本語オンラインコースは、日本で生活や仕事をする際に必要となる、基礎的な日本語のコミュニケーション力を身につけることができる無料のオンラインコースです。今年の5月には、入門(A1)コースにミャンマー語が追加されました。授業でも活用できますし、学習者の自主学習にも使うことができます。便利な機能をご紹介しますので、ぜひ、一緒に試してみませんか?ご興味のある方の参加をお待ちしております!

 

■実施日:2023年月9月9日(土)午前9:30~11:00(ミャンマー時間)

■対象:ミャンマー人日本語教師(JLPT N3以上)*学生・学習者は不可

■定員: 40名

■実施方法:オンライン(Zoom)にて実施 (参加URLは2日前にメールでご連絡いたします)

■参加申込:下記URLよりお申込ください。

申込URL: https://docs.google.com/forms/d/e/1FAIpQLSeRb49BzW7r0EfTpjIc0EJrz_2hiZ2E1eQqr2E8KyZIvU-pnA/viewform?usp=sf_link

 

■申込締切:9月7日(木)12:00(ミャンマー時間)

※申込みが定員の40名に達した場合、早めに締め切ることがございます。ご了承ください。

 

*勉強会は日本語で行います。

*停電などのやむを得ない場合を除き、基本的にPCからのご参加をお願いします。

*参加URLのメールが迷惑フォルダに入ることがあります。迷惑フォルダもご確認ください。

 

“ဂျပန်ဘာသာစကားသင်ကြားနေသော ဆရာ၊ဆရာမများအတွက် စကားပြောပွဲ ~ Irodori ရဲ့”ဂျပန်တွင်နေထိုင်မှုအတွက်သိကောင်းစရာများကိုအသုံးပြုပြီး ~ ကျင်းပသွားပါမည်”
ဂျပန်ဘာသာစကားသင်ကြားနေသော ဆရာ၊ဆရာမများအားလုံး မင်္ဂလာပါ။ အခုတလော ဂျပန်ဘာသာစကား ပြောဖြစ်ကြပါသလား။ “ဂျပန်ဘာသာစကားသင်ကြားနေပေမယ့်လည်း ဂျပန်စကားသိပ်မပြောဖြစ်ဘူး”လို့ထင်တဲ့သူတွေရှိပါသလား။ ဂျပန်စကားအတူတူပြောချင်တဲ့ ဂျပန်ဘာသာစကားသင်ကြားနေတဲ့ မြန်မာလူမျိုးဆရာ၊ဆရာမများနှင့် ဂျပန်လူမျိုးသင်ကြားရေး ဆရာဆရာမများနှင့် အတူ ပျော်ပျော်ပါးပါး ဂျပန်စကားပြောကြရအောင်။
စက်တင်ဘာလ ၁ ရက်နေ့ (သောကြာနေ့) စကားပြောပွဲ၏ ခေါင်းစဉ်ကတော့ “ ဂျပန်နိုင်ငံ၏ပွဲတော်များ ၊ မြန်မာနိုင်ငံ၏ပွဲတော်များ ” ဖြစ်ပါတယ်။ ဂျပန်နိုင်ငံတွင် ပွဲတော်အများအပြားရှိပေမယ့် စာဖတ်သူများအနေဖြင့် ဘယ်လိုပွဲတော်တွေကို သွားရောက်ချင်ပါသလဲ? ပြီးတော့ မြန်မာမှာရှိတဲ့ ပွဲတော်တွေနဲ့ပတ်သက်ပြီးတော့လည်း ဂျပန်ဖောင်ဒေးရှင်း မှာရှိတဲ့ ဂျပန်ဆရာ၊ ဆရာမတွေကို ပြောပြပေးစေချင်ပါတယ်။
ပွဲအစီအစဉ်ကို ဂျပန်ဘာသာဖြင့်ပြုလုပ်ပေမယ့် စကားပြောကြတဲ့ အချိန်မှာ အနည်းငယ် မြန်မာစကားဖြင့်ပြောလျှင်လည်း အဆင်ပြေတဲ့အတွက်ကြောင့် သေချာပေါက် တက်ရောက် ပေးကြပါခင်ဗျာ။
ကျင်းပမယ့်နေ့ရက် :၂၀၂၃ ခုနှစ်၊ စက်တာဘာလ ၁ ရက် ( သောကြာနေ့ ) မနက် ၁၀ နာရီမှ ၁၁ နာရီအထိ ( မြန်မာစံတော်ချိန် )
တတ်ရောက်နိုင်မည့်သူများ : မြန်မာလူမျိုးဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ဆရာမများ
သင်တန်းကြေး : အခမဲ့
ကျင်းပမည့်ပုံစံ : အွန်လိုင်း (Zoom)
သတ်မှတ်လူဦးရေ : ၁၀ယောက် (ဦးသူရစနစ်)
*ပါဝင်ခွင့်ရသူတွေကို သြဂုတ်လ ၃၁ ရက်နေ့ ( ကြာသပတေးနေ့ ) မှာ Zoom လင့်ကို မေးလ်ဖြင့် ပို့ပေးမှာဖြစ်တဲ့အတွက်ကြောင့် မေးလ် စစ်ပေးရန် လိုအပ်ပါသည်။ Spam Folder ကိုလည်း စစ်ပေးရန် လိုအပ်ပါသည်။
ပါဝင်ရန်လျှောက်ထားခြင်း : အောက်ပါပေးထားသော Google Form ကိုဖြည့်ပေးပါရန်။
လျှောက်လွှာဖြည့်ရန် Google Form URL:
အားလုံးရဲ့ လျှောက်လွှာများကို စောင့်မျှော်လျက်ရှိပါတယ်။
【ミャンマー人日本語教師のためのおしゃべり会 ~『いろどり』生活TIPSを使って~】
日本語教師の皆さん、こんにちは!最近、日本語を話していますか?
「日本語を教えているけど、なかなか日本語で話すチャンスがない…」と思っている方はいらっしゃいませんか?
ぜひ、同じように日本語で話したいと思っているミャンマー人日本語教師や日本人講師と、一緒に楽しくおしゃべりしましょう!
9月1日(金)のおしゃべり会のテーマは「日本のお祭り・ミャンマーのお祭り」です。
日本にはたくさんのお祭りがありますが、どんなお祭りに行ってみたいですか?そして、ミャンマーのお祭りについても、ぜひ、私たち日本人講師に色々教えてください!
進行は日本語で行いますが、おしゃべりの時は少しミャンマー語で話しても大丈夫ですので、どうぞお気軽にご参加ください!
■日時 : 2023年9月1日(金)10時~11時(ミャンマー時間)
■受講料:無料
■実施方法:オンライン(Zoom)
■定員 :10名(先着順)
*参加できる方は、8月31日(木)にZoomのURLをメールでご連絡いたしますので、メールを確認してください。Spam Folderも確認してください。
■参加申込:下記Google Formよりお申込ください。
■申込みGoogle Form URL:
それでは、皆さまのお申し込みをお待ちしております!

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာသည် ဂျပန်ဘာသာစကားလေ့လာနေသူတွေအတွက် ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ဓလေ့ထုံးတမ်းစတာတွေကို ဂျပန်လူမျိုးနဲ့ ဂျပန်လို ပျော်ပျော်ရွှင်ရွှင်နှီးနှောဖလှယ်နိုင်မယ့် “ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောရအောင်” ဆိုတဲ့ အစီအစဉ်လေးကို စတင်ခဲ့ပါတယ်။ ဒီတစ်ခေါက်အကြောင်းအရာကတော့ “ဂျပန်စာလေ့လာဖြစ်ခဲ့တဲ့အကြောင်းရင်း”ဖြစ်ပါတယ်။ မိမိ ဂျပန်ဘာသာစကားကိုလေ့လာသင်ယူခဲ့ရတဲ့အကြာင်းရင်းကို ဂျပန်လူမျိုးနဲ့ ဂျပန်လိုပြောကြားပြီး၊ ဂျပန်ရဲ့စကားလုံးဆက်ပ‌ဟေဠိတစ်မျိုးဖြစ်တဲ့ “Shiritori” ဆိုတဲ့ ကစားနည်းကိုလည်းပါဝင်ကစားနိုင်မှာဖြစ်တဲ့အတွက် စိတ်ပါဝင်စားသူများ အောက်ပါ google form ကို ဖြည့်စွက်ပြီး နာမည်စာရင်းပေးနိုင်ပါတယ်။

日本語で楽しく話そう!!<<日本語を勉強したきっかけ>> – Google Forms

နေ့ရက်နှင့်အချိန်။ ။ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့ (ဗုဒ္ဓဟူးနေ့) နေ့လယ် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ

သတ်မှတ်ဦးရေ။ ။ ၂၀ ဦး

ဂျပန်စာ level။ ။ N3 levelနှင့်အထက်

ကျင်းပမည့်နေရာ။ ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ

အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

※ကိုဗစ်ရောဂါထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်း mask များ ဝတ်ဆင်၍ ပါဝင်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

日本語で楽しく話そう!! <<日本語を勉強したきっかけ>>

国際交流基金ヤンゴン日本文化センターは日本語を勉強している人のために日本の文化や習慣などを日本人と楽しく日本語で交流できる「日本語で楽しく話そう!!」というプログラムを始めました。今回のテーマは「日本語を勉強したきっかけ」です。ミャンマーのみなさんがどんなことで日本語を勉強し始めたのかを日本人と日本語でお話しし、「しりとり」という言葉遊びのゲームも楽しめるので、興味がある人はグーグルフォームを記入して参加してください。

日本語で楽しく話そう!!<<日本語を勉強したきっかけ>> – Google Forms

日時 :2023年8月23日(水) 午前10:00~11:30

定員:20名

日本語レベル:N3以上

場所 :The Japan Foundation Yangon

No. 70, Nat Mauk Lane (1), Bahan Township.

※コロナ感染予防対策として、参加する人はみんなマスクの着用をお願いします。

ဤသင်ထောက်ကူစာအုပ် (စာသားများ၊ ရုပ်ပုံများ၊ ဓာတ်ပုံများ၊ အသံဖိုင်စသည်တို့အပါအဝင်) ၏ မူပိုင်ခွင့် (တစ်နည်းအားဖြင့် ဥာဏမူပိုင်ခွင့်) အား ဂျပန်ဖောင်ဒေးရှင်းမှ ပိုင်ဆိုင်သည်ဖြစ်ပါသဖြင့် ခွင့်ပြုချက်မရှိဘဲ ရောင်းချခြင်းခွင့်မပြုပါ။