2024日本語教師育成プログラム オンライン平日夜コース 申し込み受付開始!
国際交流基金ヤンゴン日本文化センターが2018年より開始し、第6回となる日本語教師育成プログラムです。日本語教師として必要な知識や理論、実践スキルを身につけるだけでなく、コース修了後も成長し続けられる教師となることを目指します。
今回は、これまでのコースよりも短い期間で集中的に基礎を学ぶコースとなっています。また、オンラインコースでは初めての平日の夜の開催となっていますので、これまで参加が難しかった方もぜひご応募ください!
1. プログラム概要
(1)期間:2024年1月29日(月)~2024年5月30日(木)(全30回)
(2)時間:月曜日と木曜日 18:00~20:00
(3)内容:
日本語や日本語教授法に関する基礎的な知識、理論を学び、オンラインでコミュニカティブに実践できる能力の育成を目指します。
基礎・教授法理論などの授業・・・約32時間
模擬授業や関連授業・・・約20時間 ※そのほか、講師との面談や試験などがあります。
(4)定員:約20名
(5)申請資格:
・ミャンマー国籍を有し、コース終了までミャンマーで受講できること。
・JLPTのN2レベル以上であること。
・パソコンで受講し、授業中に問題なく日本語入力ができること。
※日本語指導経験の有無、年数は問いません。
(6)受講料:無料
(7)証明書:
出席、授業への取り組み、試験、提出物、模擬授業等を総合的に評価し、合格点を満たした受講者には、国際交流基金ヤンゴン日本文化センターより修了証明書(Certificate)が発行されます。
2. 申請方法
・申請方法は、下記の申請要領をダウンロードしてご確認ください。
・申請書は下記のファイルをダウンロードしてお使いください。
※上記の2つのファイルは同じ内容のものです。Wordファイルが開かない場合は、PDFファイル版の申請書をお選びください。
3. 提出期限
2024年1月5日(金) ミャンマー時間 16:00
4.問い合わせ
国際交流基金ヤンゴン日本文化センター
Eメール: nihongo.jfyg@jpf.go.jp
電話番号: 01-430920、01-430921
担当:Daw Pwint The Cho
受付時間:月曜日~金曜日(9:00-16:30)
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဥ်ကျေးမှုစင်တာမှ ပြုလုပ်သောစစ်တမ်းများနှင့် ပတ်သက်ပြီး အမြဲလိုလိုကူညီပေးသည့် ဂျပန်ဘာသာပညာရေးအဖွဲ့အစည်းများနှင့် အလုပ်သမားအေဂျင်စီများအား အထူးပင် ကျေးဇူးတင်ရှိပါသည်။
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဥ်ကျေးမှုစင်တာသည် မြန်မာနိုင်ငံရှိ ဂျပန်ဘာသာဆရာ၊ ဆရာမများ၏ ယခုလက်ရှိအခြေအနေများကို သိရှိနားလည်နိုင်ရန်နှင့် ဆရာ၊ ဆရာမများ၏စကားသံများကို အမြဲလိုလို နားစွင့်လိုသည့်အတွက် ယခုနှစ်တွင် Online မှတစ်ဆင့် ဂျပန်ပညာရေးအဖွဲ့အစည်းများကို စစ်တမ်းကောက်ယူခြင်းများကို ပြုလုပ်လျှက်ရှိပါသည်။ စစ်တမ်းကောက်ယူခြင်းတွင် ကူညီပါဝင်အားဖြည့်ပေးခဲ့သော အဖွဲ့အစည်းများကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။ နောက်နောင်များတွင်လည်း Online အပြင် အဖွဲ့အစည်းများသို့ ကိုယ်တိုင်သွားရောက်တွေ့ဆုံပြီး စစ်တမ်းကောက်ယူသွားရန် စီစဥ်လျှက်ရှိပါသည်။ ထို့အတွက် လူကြီးမင်းများ၏ဂျပန်ပညာရေးအဖွဲ့အစည်းများထံသို့ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဥ်ကျေးမှုစင်တာမှ ဖုန်းဖြင့်ကြိုတင်ဆက်သွယ်သွားမည်ဖြစ်ပြီး လူကြီးမင်းများ၏အဆင်ပြေသောအချိန်များတွင် ကျွန်ုပ်တို့၏စစ်တမ်းကောက်ယူခြင်းတွင် ပါဝင်ကူညီပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
【JFによる機関訪問・機関調査 ご協力のお願い】
日本語教育機関並びに人材送り出し機関の皆様、いつもご協力いただきありがとうございます。
国際交流基金ヤンゴン日本文化センター(JFYG)ではミャンマーの日本語教育の実態を把握し、皆様からのお声を聞かせていただきたく、本年よりonlineによる機関調査を実施して参りました。既に調査にご協力いただいた機関の皆様には改めて御礼申し上げます。今後は直接訪問による調査も行いたく、皆様のご都合に合わせてonline・直接訪問のどちらかでお願い申し上げる次第です。あらかじめ当センター(JFYG)より電話にてご都合をお伺いいたしますので、お忙しいところ大変恐縮ですがご協力いただけますと幸いに存じます。
ဂျပန်ဘာသာဆရာ၊ ဆရာမများအားလုံး မင်္ဂလာပါ! အားလုံးပဲ “ Irodori ဂျပန်တွင်နေထိုင်မှုအတွက် ဂျပန်ဘာသာစကား” ဖတ်စာအုပ်အကြောင်းသိရှိပါသလား?
“ Irodori ဂျပန်တွင်နေထိုင်မှုအတွက် ဂျပန်ဘာသာစကား” ဖတ်စာအုပ်သည် ဂျပန်တွင် အလုပ်သွားလုပ်ရန်နှင့် ပညာတော်သင်သွားရောက်လိုသော ကျောင်းသား၊သူများအတွက် အထူးအထောက်အကူပြုသောဖတ်စာအုပ်ဖြစ်ပါတယ်။ ဒီဖတ်စာအုပ်အကြောင်း “ သိနေပေမယ့်၊ အသုံးပြုကြည့်ချင်ပေမယ့် ဒီစာအုပ်နဲ့ပတ်သက်တဲ့သင်ကြားနည်းများကို သေသေချာချာမသိရှိဘူး” ဆိုတဲ့စကားသံများကို မကြာခဏဆိုသလို ကြားနေရပါတယ်။
ဒါဆိုရင် Irodori ဖတ်စာအုပ်အသုံးပြုနည်းနှင့် Irodori Online Course ကို လေ့လာခွင့်ရရှိမယ့် သင်တန်းလေးမှာပါဝင်ဆင်နွဲကြည့်ကြမလား?
တစ်နေ့တာသင်ရိုး (အချိန် ၃ နာရီခန့်)ကြာမြင့်မည့် အတန်းဖြစ်ပြီး မနက်ပိုင်းတွင် Irodori ဖတ်စာအုပ်အသုံးပြုနည်းနှင့် နေ့လည်ပိုင်းတွင်တော့ Irodori Online Course ဆိုသည့်သင်ရိုးကို သင်ပေးသွားမည်ဖြစ်သည်။ သင်တန်းကျောင်းများတွင်လည်း Irodori ဖတ်စာအုပ်ကို ဘယ်လိုမျိုး အသုံးပြုသွားရင် ကောင်းမလဲဆိုတာကို အတူတူစဥ်းစားကြည့်ရအောင် ။ တစ်နေ့တာသင်ရိုးဖြစ်ပြီး စိတ်လက်ပေါ့ပါးစွာဖြင့် ပါဝင်ဆင်နွဲနိုင်တာကြောင့် တက်ရောက်ပေးဖို့ တောင်းဆိုပါရစေ!
★『いろどり』ဝက်ဘ်ဆိုဒ် မြန်မာဘာသာဖြင့်:Japan Foundation (jpf.go.jp)
★Irodori Japanese Online Course:IRODORI Japanese online course (jpf.go.jp)
※ယခုတစ်ခေါက် သင်တန်းမှာ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဥ်ကျးမှုစင်တာတွင် ကျင်းပသွားမည်ဖြစ်သည့်အတွက် သင်တန်းနေ့ရက်တွင် စင်တာတွင် လာရောက်တက်ရောက်နိုင်သူများသာ လျှောက်ထားပေးပါရန်။
※ ယခင်ပြုလုပ်ထားခဲ့သည့် ( Irodori သင်ရိုး Course ) ၊ စက်တင်ဘာလအတွင်းကျင်းပခဲ့သည့် ဂျပန်ဘာသာသင်ကြားရေးနှင့်ပတ်သက်သည့် ဆွေးနွေးပွဲ စသည့်ပွဲများ၏အကြောင်းအရာတစ်စိတ်တစ်ပိုင်းမှာ တူညီမှု ရှိနိုင်ပါသည်။
■သင်တန်းနေ့ရက် : ၂၀၂၃ ခုနှစ် ၁၁ လပိုင်း ၉ ရက် ( ကြာသပတေးနေ့)
မနက် ၁၀ နာရီမှ ၁ နာရီ ( မြန်မာစံတော်ချိန် ) ကြားတွင် နားချိန်တစ်ချိန် ပါရှိပါမည်။
■သင်တန်းနေရာ : ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဥ်ကျေးမှုစင်တာ ( အမှတ် ၇၀ ၊ နတ်မောက်လမ်းသွယ် ၁ ၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ ※ သျှင်ပါဂူဆေးရုံနှင့် Grace Pho Sein ဟိုတယ်အနီး)
The Japan Foundation, Yangon – Google Maps
■သင်တန်းကြေး : အခမဲ့
■သင်ရိုးစာအုပ် : “ Irodori ဂျပန်တွင်နေထိုင်မှုဘဝအတွက် ဂျပန်ဘာသာစကား အခြေခံမိတ်ဆက်၊ အခြေခံအဆင့် ၁ နှင့် အခြေခံအဆင့် ၂ ”
※ သင်တန်းသူ၊သားများအား ဖတ်စာအုပ်များကို အခမဲ့ဝေမျှသွားမည်ဖြစ်ပါသည်။
■သင်ရိုးအကြောင်း : ၁. Irodori အကြောင်း အကျဥ်းချုပ် ၂. Irodori နှင့်ပတ်သက်သည့် အစမ်းသင်တန်း
၃. Irodori Online Course သင်ရိုး ၄. ဆွေးနွေးခြင်း
■လျှောက်ထားနိုင်သူများ : N3နှင့်အထက် မြန်မာလူမျိုး ဂျပန်ဘာသာဆရာ၊ ဆရာမများ
သင်တန်းကို ဂျပန်ဘာသာဖြင့် ပြုလုပ်သွားမည် ဖြစ်သည်။
■သတ်မှတ်ဦးရေ : ၂၀
■သင်ကြားမည့်သူ : ဂျပန်ဖောင်ဒေးရှင်း ရန်ကုန်ဂျပန်ယဥ်ကျေးမှုစင်တာမှဂျပန်လူမျိုးဆရာမများ
■သင်တန်းလက်မှတ် : သင်တန်းလက်မှတ်များကို မေးလ်ဖြင့် ပေးပို့သွားမည်။
■လျှောက်ထားရန် : အောက်ပါ Microsoft Forms မှတစ်ဆင့် လျှောက်ထားပါရန်။
■လျှောက်လွှာပိတ်ချိန် : ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ (အင်္ဂါနေ့) ၁၂ နာရီ( မြန်မာစံတော်ချိန် )
လျှောက်ထားသူများပြားပါက ဖိုင်လျှောက်လွှာတင်ချိန်ကို စော၍ပိတ်သိမ်းနိုင်ပါသည်။
※လျှောက်ထားသူများအား သင်တန်းဆိုင်ရာအသေးစိတ်ကို မေးလ်မှပို့သွားမည်ဖြစ်ပါသဖြင့် မေးလ်ကို မဖြစ်မနေကြည့်ရှုရန် လိုအပ်ပါသည်။
Spam Mail Folder ကိုလည်း စစ်ဆေးပေးပါရန်။
【ミャンマー人日本語教師のための『いろどり』1日体験クラス】
日本語教師の皆さん、こんにちは!皆さんは『いろどり』をご存知ですか?『いろどり』は日本で仕事や勉強をしたい学生さんを教えるために、とても役に立つ教材です。でも、「知っている・使ってみたいけど、教え方が分からない…」という声をよく聞きます。そこで、『いろどり』を使った授業と「いろどり日本語オンラインコース」を体験してみませんか?
1日(3時間)のクラスで、前半は『いろどり』を使った授業、後半は「いろどり日本語オンラインコース」を実際に使ってみます。そして、最後は皆さんの授業でいろどりをどのように活用できるか、一緒に考えてみませんか?1日のクラスですので、ぜひ、お気軽にご参加ください!
★『いろどり』ミャンマー語版Web Site:Japan Foundation (jpf.go.jp)
★いろどり日本語オンラインコース:IRODORI Japanese online course (jpf.go.jp)
※このクラスはヤンゴン日本文化センターで行いますので、クラス当日、センターにお越しいただける方のみお申込みください。
※5・8月の『いろどり』体験コース、9月の勉強会「いろどり日本語オンラインコースを試してみよう!」と内容が重複しているところがあります。
■実施日時:2023年11月 9日(木曜日)
10:00~13:00(ミャンマー時間)※途中でお茶の休憩時間があります
■実施場所:ヤンゴン日本文化センター(No.70 Nat Mauk Lane(1), Bahan Township, Yangon)The Japan Foundation, Yangon – Google Maps
■受講料:無料
■教材 :『いろどり 生活の日本語 入門 初級1・2』 ※受講者にはテキストを配布いたします
■内容:①『いろどり』の概要説明 ②『いろどり』の模擬授業 ③いろどり日本語オンラインコースの体験 ④ディスカッション
■条件 :N3以上のミャンマー人日本語教師 *全て日本語で行います。
■定員 :20名
■講師 :ヤンゴン日本文化センター日本人講師
■受講証明書:受講者にメールにて送付
■参加申込:下記の Microsoft Forms よりお申込ください。
■申込締め切り:2023年11月7日(火)12時(ミャンマー時間)
※申込者が多い場合早めに締め切ることがございます。ご了承ください。
※受講者には詳細をメールでお知らせしますので、必ずメールをご確認ください。迷惑メールフォルダ(Spam Mail Folder)もご確認ください。
လက်ရှိဂျပန်ဖောင်ဒေးရှင်းရန်ကုန်တွင် ပြုလုပ်ကျင်းပရန်စီစဉ်ထားသော ယာကိရှိမဲ မြေထည်လက်ရာပြပွဲအစီအစဉ်၏ ခေါင်းစဉ်ကွဲတစ်ခုဖြစ်သော Yakishime And Washoku ခေါင်းစဉ်အောက်တွင် ဂျပန်၏ထင်ရှားသော ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သည့် ဝရှောခု ဟင်းလျာများကို တည်ခင်းရာတွင် အသုံးပြုသော ယာကီရှိမဲ မြေထည် ပန်းကန်ခွက်ယောက်များကိုလည်း ထည့်သွင်းပြသထားပါသည်။ အဆိုပါ မြေအိုးနှင့် ပန်းကန်တို့ကို အသုံးပြုပြီး Hayami san မှ ဂျပန်ဟင်းလျာများကို ချက်ပြုတ်ခြင်းနှင့် ပတ်သတ်၍ ဆွေးနွေးသွားမည်ဖြစ်ပြီး ဂျပန်ရိုးရာ dobin mushi ဟင်းရည်ကိုလည်း ချက်ပြုတ်ပြသသွားမည်ဖြစ်ပါသည်။
ဂျပန်နိုင်ငံ၏ စားသောက်ဆိုင်လုပ်ငန်းများတွင် သွားရောက်လုပ်ကိုင်လိုသူများအနေဖြင့် ဂျပန်ဟင်းလျာများကို တည်ခင်းရာတွင် အသုံးပြုသော ယာကီရှိမဲ အိုးခွက်ပန်းကန်များနှင့် ပတ်သတ်၍ ဗဟုသုတများစွာရရှိစေမည့် အစီအစဉ်ဖြစ်ပါသည်။
အစီအစဉ် အသေးစိတ်
အချိန် ။ ။ နေ့လည် ၂ နာရီမှ ၄ နာရီအထိ
နေ့ရက် ။ ။ ဇူလိုင်လ ၂၂ ရက်နေ့ (စနေနေ့)၊ ၂ဝ၂၃
နေရာ ။ ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဉ်ကျေးမှုစင်တာ
အမှတ် (၇ဝ)၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်
စိတ်ပါဝင်စားသူများအနေဖြင့် အောက်ပါလင့်မှတစ်ဆင့်ကြိုတင်စာရင်းပေးသွင်းသွားရမည်ဖြစ်ပါသည်။
https://forms.gle/LDhvmkawhZh5hQke9
Yakishime As Teawares” (ဂျပန်ရိုးရာ ရေနွေးကြမ်းအိုးနှင့် ခွက်များအကြောင်း)
လက်ရှိဂျပန်ဖောင်ဒေးရှင်းရန်ကုန်တွင် ပြုလုပ်ကျင်းပရန်စီစဉ်ထားသော ယာကီရှိမဲ မြေထည်လက်ရာပြပွဲ အစီအစဉ်၏ ခေါင်းစဉ်ကွဲတစ်ခုဖြစ်သော “Yakishime As Teawares” ခေါင်းစဉ်အောက်တွင် ဂျပန်၏ ထင်ရှား သော ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သည့် Sado (ခေါ်) လက်ဖက်ရည်တည်ခင်း ဧည့်ခံသော အခမ်းအနားတွင် မရှိမဖြစ် ဖြစ်သောရေနွေးကြမ်းအိုး၊ ခွက်များကို ပြသထားမည်ဖြစ်ပြီး အဆိုပါအိုးခွက်၊ ရေနွေးအိုးများ အသုံး ပြုပုံနှင့်သမိုင်းကြောင်းကို ဆွေးနွေးသွားမည့်စကားဝိုင်းတစ်ခုကိုလည် ကျင်းပရန်စီစဉ် ထားပါသည်။
အဆိုပါစကားဝိုင်းကို ဂျပန်လူမျိုး Ms.Hyodo မှဦးဆောင်ဆွေးနွေးသွားမည်ဖြစ်ပြီး စိတ်ပါဝင်စားသူများ အနေဖြင့် အောက်ပါလင့်မှတစ်ဆင့်ကြိုတင်စာရင်းပေးသွင်းသွားရမည်ဖြစ်ပါသည်။ စကားဝိုင်းအပြီးတွင်လဲဂျပန်ရိုးရာ လက်ဖက်စိမ်းရည် Matcha ဖြင့်တည်ခင်း ဧည့်ခံသွားမည်ဖြစ်သည်။
အစီအစဉ်အသေးစိတ်
အချိန် – မနက် ၁ဝ နာရီမှ ၁၁ နာရီအထိ
နေ့ရက် – ဇူလိုင်လ ၁၅ ရက်၊ စနေနေ့၊ ၂ဝ၂၃
နေရာ – ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဉ်ကျေးမှုစင်တာ
အမှတ်(၇ဝ)၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်
အောက်ပါလင့်ခ်မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါသည်။
https://forms.gle/QyMjQTcRSnAFhZ6d7
ယာကီရှိမဲပြပွဲ၏ ခေါင်းစဥ်ခွဲ ၃ ခုထဲမှ တစ်ခုဖြစ်သော အနုပညာလက်ရာမြောက် ယာကီရှိမဲမြေထည်ပစ္စည်းများ ခေါင်းစဥ်အောက်တွင် ဂျပန်အနုပညာရှင်များ၏ ခေတ်ပြိုင် လက်ရာများကို ခင်းကျင်းပြသထားမည်ဖြစ်သည်။
နေစဥ်အသုံးဝင်မြေထည်ပစ္စည်းများမှ အနုပညာလက်ရာများအဖြစ် ကူးပြောင်းလာမှုသည် အဓိကအကြောင်းအရာ ဖြစ်သည်။ နေ့စဥ်ဘ၀တွင် မြေအိုးမြေခွက်များ၏ အသုံး၀င်မှုသည် လူ့သမိုင်းတွင် လူနေမှုအဆင့်အတန်းမြင့်မား လာသည်နှင့်အမျှ အခြေခံရုပ်လိုအပ်ချက်ကိုကျော်လွန်၍ အနုပညာလက်ရာမြောက်ပစ္စည်းများအဖြစ် ယဥ်ကျေး မှုအဆင့်အတန်းမှာလဲ မြင့်မားလာခဲ့သည်။
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်မှ ပြပွဲကာလအတွင်းတွင် စတူဒီယိုနွယ်မှ မြန်မာကြွေထည်အနုပညာရှင် မစိုးယုနွယ်နှင့်အတူစကားဝိုင်းတစ်ခုကို စီစဥ်ထားပြီး ရိုးရာWabi-sabi Concept နှင့် မော်ဒန် ခေတ်ပြိုင် Experimental Minimalistic art concept များကို ဆွေးနွေးသွားမည်ဖြစ်ပါသည်။ ထို့အပြင် ပြပွဲတွင်လဲ ဂျပန်အနုပညာရှင်များ၏ လက်ရာအပြင် မစိုးယုနွယ်၏ လက်ရာတစ်ချို့ကိုလဲ ပြသထားမည် ဖြစ်ပါသည်။
မစိုးယုနွယ်နှင့် စကား၀ိုင်းတွင် လူဦးရေကန့်သတ်ချက်ရှိသောကြောင့် ကြိုတင်စာရင်းပေးသွင်းရန်လိုအပ်ပါသည်။
အစီအစဉ် အသေးစိတ်
အချိန် – နေ့လည် ၂ နာရီမှ ၃ နာရီအထိ
နေ့ရက် – ဇူလိုင်လ ၁၅ ရက်၊ စနေနေ့၊ ၂ဝ၂၃
နေရာ – ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဉ်ကျေးမှုစင်တာ
အမှတ် – ၇ဝ၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်
အောက်ပါလင့်ခ်မှ စာရင်းပေးသွင်းနိုင်ပါသည်။
https://forms.gle/ThJH5BfbS1ytZuGd6
“ မြေဓာတ်၏ အသွင်ကူးမှု”
“ ရိုးရာမှခေတ်ပြိုင် ကြွေထည်၊မြေထည် လက်ရာပြပွဲ”
(English below)
“Yakishime” (焼締) – ယာကီရှိမဲ ဆိုသည်မှာ မီးဖြင့် အပူပေး၍ ပုံသွင်းယူသည်ဟူသော “Yakishimeru” (焼き締める)(ယာကီရှိမဲရု)မှ အဓိပ္ပာယ်ဆင်းသက်လာခြင်းဖြစ်သည်။ စကြာဝဠာအတွင်းရှိ ရုပ်ဝတ္ထုအားလုံးသည် ဓာတ်ကြီး ၄ ပါးဖြင့် ဖွဲ့စည်းထားသကဲ့သို့ ဂျပန် Yakishime မြေထည်များသည်လည်း မူလဘူတတွင် အစိုင်အခဲမြေဓာတ်မှ စိုစွတ်သောရေဓာတ်ဖြင့် ပေါင်းစည်း၍ ရွှံ့စေးဖြစ်လာပြီး ပုံသွင်းဖန်တီးယူကာ မီးအပူဓာတ်ဖြင့် ဖုတ်၍ လေဓာတ်ဖြင့် လေသလပ်ခံကာ အိုး၊ခွက်၊အနုပညာလက်ရာများအဖြစ် အသွင်ကူးပြောင်းသွားခြင်းဖြစ်သည်။
‘YAKHISHIME — မြေဓာတ်၏ အသွင်ကူးမှု’ travelling exhibition ၏ အဓိကအကြောင်းအရာမှာ မြေစေးကို စဉ့်မသုတ်ဘဲ မီးပြင်းပြင်းဖြင့် တိုက်ကာ မြေအိုးမြေခွက်များ ဖုတ်ရသော Yakishime – ယာကီရှိမဲ အိုးဖုတ်နည်းအတတ်ပင် ဖြစ်ပါသည်။ ရှေးအကျဆုံးသော ယာကီရှိမဲ မြေအိုးမြေခွက်များမှာ အေဒီ ၄ ရာစုမှ ၅ ရာစုကြား ကာလမှ ဖြစ်ပြီး ယာကီရှိမဲ အိုးဖုတ်နည်းအတတ်သည် အေဒီ ၁၂ ရာစုမှ ၁၇ ရာစုကြားတွင် နည်းစနစ်တကျ တိုးတက်ဖြစ်ပေါ်ထွန်းကားလာခဲ့သည်။ ဂျပန်နိုင်ငံ၏ အိုးထိန်းပညာထွန်းကားရာ အရပ်များ ဖြစ်သော Bizen ၊ Shigaraki ၊ Tokoname စသည့်မြို့များတွင် တွင်ကျယ်စွာ အသုံးပြုလာခဲ့ကြသည်။
လူ့သမိုင်းယဉ်ကျေးမှုတွင် မြေအိုးမြေထည် ပန်းကန်ခွက်ယောက်များသည် လူသားတို့၏ နေ့စဉ်ဘဝတွင် ခွဲခြား၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ လူသားတို့သည် မိမိတို့၏ သဘာဝပတ်ဝန်းကျင်ကို နားလည်သဘောပေါက်လာချိန်မှစ၍ မိမိတို့၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်တိုးတက်လာစေခဲ့သော ရုပ်ဝတ္ထုပစ္စည်းများကို ဖန်တီးအသုံးပြုလာနိုင်ခဲ့ကြသည်။ ဂျပန်တို့၏ Sado (茶道) ခေါ် လက်ဖက်စိမ်းယဉ်ကျေးမှု၏ အဓိကမရှိမဖြစ် ရုပ်ဝတ္ထုပစ္စည်းဖြစ်သည့် ရေနွေးအိုး၊ လက်ဖက်ရည်ကြမ်းခွက် စသည့် လက်ဖက်ရည် တည်ခင်းဧည့်ခံသည့်အခမ်းအနားတွင် အသုံးပြုသော မြေထည်ပစ္စည်းများမှာလည်း ယာကီရှိမဲနည်းဖြင့် ဖန်တီးထားသလို ဂျပန်ရိုးရာ washoku (和食)- ဝရှောခု ဟင်းလျာများနှင့် တွဲဖက်ပါဝင်သော အိုး၊ပန်းကန်၊ခွက်ယောက်များမှာလည်း ယာကီရှိမဲနည်းကို အသုံးပြုထားသော မြေထည်များသာဖြစ်သည်။ ဤကဲ့သို့ နေ့စဉ် အသုံးဝင် မြေထည်ပစ္စည်းများသည် ခေတ်အဆက်ဆက်တွင် လက်တွေ့အသုံးဝင်မှုနှင့်အတူ အနုစိတ်ပုံဖော် လက်ရာမြောက် အနုပညာများအဖြစ်လည်း တစ်ဖြေးဖြေးချင်း အသွင်ကူးလာခဲ့သည်။ ဤပြပွဲတွင် ရိုးရာသဘာဝအတိုင်း ပြုလုပ်ဖန်တီးထားပြီး wabi-sabi (the art of imperfection) ကို ဖော်ကျူးထားသော အနုပညာလက်ရာများအပြင် ခေတ်သစ်နှင့် ခေတ်ပြိုင် experimental နှင့် minimalism လက်ရာမြောက် အမျိုးမျိုးသော ယာကီရှိမဲ မြေထည်လက်ရာများကိုလည်း ခင်းကျင်းပြသထားမည်ဖြစ်ပါသည်။
ပြပွဲ အစီအစဉ် အသေးစိတ်
အချိန် ။ ။ မနက် ၉ နာရီမှ ညနေ ၄ နာရီအထိ
နေ့ရက် ။ ။ ဇူလိုင်လ ၁၂ ရက်နေ့မှ ၂၉ ရက်နေ့အထိ (တနင်္လာနေ့နှင့် အင်္ဂါနေ့တွင် ပြခန်းပိတ်ပါသည်)
နေရာ ။ ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ယဉ်ကျေးမှုစင်တာ၊ အမှတ်-၇ဝ၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်
“Dokusho no Aki” (ဆောင်းဉီးရာသီ စာဖတ်မည် စာပေစကားဝိုင်း)
Anomie – Alienation
မြန်မာ ၁၂ လရာသီပွဲတော်များထဲတွင် နယုန်လ စာတော်ပြန်ပွဲ ရှိသကဲ့သို့ပင် ဂျပန်တွင်လဲ “ Dokusho no Aki(読書の秋)” ဆောင်းဦးရာသီ စာပေရာသီ” ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ မိုးအကုန် ဆောင်းအကူး၊ အေးချမ်းတဲ့ ဥတုရာသီ၊ နေ့တာတိုပြီး ညတာရှည်လာတဲ့အချိန်က စာအုပ်ဖတ်ဖို့ အကောင်းဆုံးအချိန်အဖြစ် ဂျပန် ဂန္တဝင်စာရေးဆရာကြီးဖြစ်တဲ့ Natsume Soseki ကိုယ်တိုင် သတ်မှတ်ခဲ့ပြီး ဆောင်းဉီးရာသီမှာ စာဖတ်တဲ့ အလေ့အထကို ပြုစုပျိုးထောင်ခဲ့တာဖြစ်ပါတယ်။
ယခုတစ်ခါမှာတော့ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ရဲ့ ယဥ်ကျေးမှုနဲ့အနုပညာအစီအစဥ်တစ်ခုအနေနဲ့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ဂျပန်စာပေချစ် ပရိသတ်တွေကြား ဆွေးနွေးချိတ်ဆက် မိတ်ဖွဲ့လိုရမယ့် စာပေစကားဝိုင်း တစ်ခုကို စီစဥ်ထားပါတယ်။ ဂျပန်စာပေများမှတစ်ဆင့် ဂျပန်လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုနဲ့ ပြဿနာများကို လေ့လာနိုင်ရန် ဂျပန်ယဉ်ကျေးမှုနှင့်စာပေကို စိတ်ဝင်စားသူများအတွက် စီစဉ်တင်ဆက်ထားခြင်းဖြစ်ပါသည်။
ဒီတစ်ခေါက်စကားဝိုင်းကိုတော့ စာရေးဆရာ Osamu dazai ရဲ့ No Longer Human စာအုပ်နဲ့ စာရေးဆရာမ Sayaka Murata ရဲ့ Convenience Store Woman တို့ကို ရွေးချယ်ထားပါတယ်။ စာအုပ်နှစ်အုပ်ထဲက ဇာတ်ကောင် နှစ်ယောက်က မတူညီတဲ့ ခေတ်နှစ်ခေတ်ရဲ့ အခြေအနေပေါ် နောက်ခံဇာတ်အိမ်တည်ဆောက်ထားသော်လည်း တူညီချက်မှာ ဇာတ်ကောင်နှစ်ယောက်လုံးသည် လူ့အဖွဲ့အစည်းနှင့် အံဝင်ခွင်ကျ မဖြစ်မှုအပေါ် ရုန်းကန်ရသော ဇာတ်ရုပ်သဏ္ဌာန်ဖြစ်သည်။ No Longer Human စာအုပ်မှ ဇာတ်ကောင် အမျိုးသား Yozo သည် သာမန်လူတစ်ဦးအဖြစ် လူ့အဖွဲ့အစည်းတွင် ဝင်ဆံ့အောင် ကြိုးပမ်းနေသော သူတစ်ဉီးဖြစ်ပြီး အရက်၊အမျိုးသမီးများနှင့် ကင်းကွာ၍ မနေနိုင်သော သူတစ်ဉီးဖြစ်ကာ မိမိကိုယ်ကို အဆုံးစီရင်သွားသောသူဖြစ်သည်။ Convenience Store Woman မှ ဇာတ်ကောင် အမျိုးသမီး Keiko သည် ၁၈ နှစ်ကြာ စတိုးဆိုင်အရောင်းစာရေးဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသမီးတစ်ယောက်ဖြစ်ပြီး မျက်မှောက်ခေတ် ဂျပန်လူ့အဖွဲ့အစည်း၏ ကျားမရေးရာ ဆိုင်ရာ လူမှုပြဿနာများ၊ အလုပ်အကိုင်နှင့် လုပ်အားဆိုင်ရာ အယူအဆများကို မီးမောင်းထိုးပြထားသော ဇာတ်ကောင်ဖြစ်သည်။ စကားဝိုင်းတွင် ထိုစာအုပ်နှစ်အုပ်မှ အဓိက ဇာတ်ကောင်များ၏ လူ့အဖွဲ့အစည်းတွင် မဝင်ဆံ့မှုမှတစ်ဆင့် ဂျပန်လူ့အဖွဲ့အစည်း၏ မတူညီသော လူမှုစီးပွားနောက်ခံ ယဉ်ကျေးမှုများအကြောင်းကို လေ့လာဖော်ထုတ်ဆွေးနွေးသွားကြမည် ဖြစ်ပါသည်။
စကားဝိုင်းတွင် ပါဝင်လိုသူများအနေဖြင့် အဆိုပါစာအုပ်နှစ်အုပ် (သို့) ကြိုက်နှစ်သက်ရာတစ်အုပ်ကို ကြိုတင်ဖတ်ရှုလာဖို့ လိုအပ်ပါသည်။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် စာကြည့်တိုက်တွင်လည်း Convenience Store Women မြန်မာ ဘာသာပြန် စာအုပ်နှင့် No Longer Woman ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာ စာအုပ်တို့ကို ထားရှိပေးထားမည်ဖြစ်သည့်အတွက် ယဉ်ကျေးမှုစင်တာ ဖွင့်ချိန်အတွင်း လာရောက်ဖတ်ရှုနိုင်ပါသည်။
အောက်ပါလင့်ခ်တွင် စာရင်းပေးသွင်းနိုင်ပါသည်။
https://forms.gle/xevgtQvibKk94QkW7
အချိန် ။ ။ နေ့လည် ၂ နာရီ
နေ့ရက် ။ ။ အောက်တိုဘာလ ၂၁ ရက် (စနေနေ့)
နေရာ ။ ။ အမှတ် (၇ဝ)၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်
လူဉီးရေ ။ ။ ၃ှဝ ဉီး
ပါဝင်ခွင့်ရရှိသူများကို ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားသွားပါမည်။ (ပါဝင်ဖို့အတည်ပြုပြီးမှ စကားဝိုင်းနေ့တွင် cancel လုပ်ခြင်း၊ မတက်ရောက်ခြင်းများသည် အခြားတက်ရောက်လိုသူများကို နစ်နာစေသောကြောင့် တက်နိုင်သရွေ့ မပြုလုပ်မိပါရန် မေတ္တာရပ်ခံအပ်ပါသည်။)
ကာရာတေး မွေးဖွားရာ အိုကီနာဝါ (Okinawa: The Birthplace of Karate)
အိုကီနာဝါရဲ့ ရိုးရာကိုယ်ခံပညာက ဘာလဲဆိုတာ သိပါသလား?
ကာရာတေး (空手) ဖြစ်ပါတယ်။ ဂျပန်မှာ ကာရာတေးကို “ဟေးဝ နို ဘူ” (平和の武) (ငြိမ်းချမ်းရေး ကိုယ်ခံပညာ) လို့ ခေါ်ကြပြီး ကမ္ဘာတစ်ဝှမ်း ကာရာတေးပညာရပ်ကို လေ့လာလေ့ကျင့်နေသူ လူဉီးရေ ၁၃၀ သိန်းရှိပါတယ်။ ကာရာတေး ကိုယ်ခံပညာက အိုကီနာဝါကနေ ဖြစ်လာတယ်ဆိုတာ လူအများစုက မသိကြပါဘူး။ အိုကီနာဝါကျွန်းဆွယ်ရဲ့ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုက ကာရာတေး ရိုးရာကိုယ်ခံပညာထဲမှာ အခြေတည်ထားပါတယ်။
“အိုကီနာဝါအကြောင်း လေ့လာစရာ၊ ဂျပန်ဖောင်ဒေးရှင်းကို လာခဲ့ပါ” (Okinawa Month) အစီအစဉ်အနေနဲ့ အိုကီနာဝါနှင့် ပါတ်သတ်တဲ့ အစီအစဉ်များကို စက်တင်ဘာ ၁လ လုံးပြုလုပ်ကျင်းပလျက်ရှိပါတယ်။ နောက်ဆုံးအစီအစဉ်အနေနဲ့ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်သည် “ကာရာတေးမွေးဖွားရာ အိုကီနာဝါ” (Okinawa: the Birthplace of Karate) အစီအစဉ်မှာ ကာရာတေး ကိုယ်ခံပညာ ဖြစ်ပေါ်လာပုံ၊ ကာရာတေးနှင့် အိုကီနာဝါ၊ ကာရာတေး သရုပ်ဖော်ပြသကွက်နှင့် ကာရာတေး kihon training for all တို့ပါရှိမှာဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးအကျီနဲ့ ဘောင်းဘီဝတ်လာဖို့ အကြံပြုပါတယ်။
အချိန် ။ ။ နေ့လည် ၂ နာရီ – ၃ နာရီခွဲ
နေ့ရက် ။ ။ စက်တင်ဘာလ ၃ဝရက် (စနေနေ့)
နေရာ ။ ။ အမှတ် (၇ဝ)၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်
https://forms.gle/yWFDhfJ7pu3iUGys7
“ကာရာတေး မွေးဖွားရာ အိုကီနာဝါ” အစီအစဉ်အတွက် ဖိတ်ခေါ်ထားတဲ့ ကာရာတေးနည်းပြကတော့ ဂျပန် ကာရာတေး Shotokan (松濤館) အဖွဲ့ချုပ်တွင် အဆင့် (၃) ခါးပတ်နက်ရရှိထားပြီး ကာရာတေးနည်းပြအဖြစ် ၇ နှစ် ကြာအောင် သင်ကြားပြသပေးခဲ့တဲ့ sensei ယုတ ကိုးနိရှိ ဖြစ်ပါတယ်။ sensei က တရုတ်နိုင်ငံတွင် ကာရာတေး အကူနည်းပြအဖြစ် ၅ နှစ်သင်ကြားပေးခဲ့ပြီး နယူးဂိနိ နိုင်ငံတွင် အဓိကနည်းပြအဖြစ် ၂ နှစ်ကြာအောင် သင်ကြား ပေးခဲ့သည်။ sensei သည် လက်ရှိတွင် Japan Traditional Karate Association ၏ မြန်မာသင်တန်းကျောင်းခွဲ တွင် ကာရာတေးနည်းပြအဖြစ် သင်ကြားပေးလျက်ရှိပါသည်။
ဤသင်ထောက်ကူစာအုပ် (စာသားများ၊ ရုပ်ပုံများ၊ ဓာတ်ပုံများ၊ အသံဖိုင်စသည်တို့အပါအဝင်) ၏ မူပိုင်ခွင့် (တစ်နည်းအားဖြင့် ဥာဏမူပိုင်ခွင့်) အား ဂျပန်ဖောင်ဒေးရှင်းမှ ပိုင်ဆိုင်သည်ဖြစ်ပါသဖြင့် ခွင့်ပြုချက်မရှိဘဲ ရောင်းချခြင်းခွင့်မပြုပါ။