こんにちは。今月もマンダレーMABA の3階で日本語教師勉強会を行います。日本語を教える先生方と一緒に日本語教育について勉強、相談そしてネットワークづくりが出来る場になればと思います。参加したい方はメールの申し込みが必要です。
★★事前申込の無い方は参加出来ませんのでご了承ください★★

မင်္ဂလာပါ။ ဒီလမှာလည်း MABA ရဲ့ ၃ ထပ်မှာ ဂျပန်ဘာသာသင်ကြားရေးနှင့်ပတ်သက်သော ဆွေးနွေးပွဲ ကို ပြုလုပ်မှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ ဂျပန်ဘာသာသင်ကြားနေတဲ့ ဆရာ၊ ဆရာမများနဲ့အတူ သင်ကြားရေးနည်းစနစ်များနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောကြားသွားမှာဖြစ်တဲ့အတွက် တက်ရောက်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
(E-mail ဖြင့်ကြိုတင်စာရင်းပေးသွင်းရန်လိုအပ်ပါသည်)
★★ကြိုတင်စာရင်းပေးသွင်းထားခြင်းမရှိသူများ တက်ရောက်ခွင့်ရမည်မဟုတ်ပါ★★

「2019年11月日本語教師勉強会@マンダレー」
日時:2019年11月4日(月)14:00~17:00
場所:MABA(MAJA、OJEICの建物)の3階
   Block-1,Unit#6,Water Street, Mingalar Mandalay, Chan Mya Thar Si
講師:Mr.NAOKI Sato (The Japan Foundation)
内容:「『まるごと』を覗いてみよう」他

【申込先】
メールでお名前、所属(学校や会社名)、電話番号をお願います。
pwintthe_cho@jpf-mm.org

【ကြိုတင်စာရင်းပေးသွင်းရန်】
pwintthe_cho@jpf-mm.org သို့ 〔အမည်၊ အလုပ်အကိုင် 『တက်ရောက်နေသောကျောင်း၊ သင်ကြားနေသောကျောင်း၊ ကုမ္ပဏီနာမည်』၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်〕 တို့ကို November 1st နောက်ဆုံးထား၍ E-mail ဖြင့် စာရင်းပေးသွင်းနိုင်ပါသည်။

【定員】
25名

【参加資格】
日本語教師(ミャンマー人、日本人)、志望者含む

【参加費】
無料

【締め切り】
11月1日(金)14時まで

တာဝန်ခံ-မပွင့်သဲချို
The Japan Foundation,Yangon
Mobile-09891055553
E-mail-pwintthe_cho@jpf-mm.org
လူဦးရေ ၂၅ ဦးသတ်မှတ်ထားပြီး ဂျပန်ဘာသာသင်ကြားနေသောဆရာ၊ ဆရာမများ အခမဲ့ တက်ရောက်နိုင်ပါသည်။

နင်ဂျာတို့၏ လျို့ဝှက်နက်နဲသော အမှန်တရား

ဒဏ္ဍာရီလာ လုပ်ကြံသတ်ဖြတ်ရေးသမားများ၊ ပြောက်ကျားစစ်သည်တော်များ လျ ို့ ဝှက်နက်နဲလှသော အထောက်တော် သူလျှို များဟုဂုဏ်ဒြပ်အမျိုးမျိုး ဖြင့် ကျော်ကြားလှသော ရှီနိုဘီဟုခေါ်သော နင်ဂျာများသည် ၁၄ ရာစု ဂျပန်ပြည်တွင် တစ်ကွဲတပြားစီဖြစ်နေသောပြည်နယ်များနှင့် တိုက်ပွဲများကြားတွင် ကျော်ကြားပေါ်ထွက်လာခဲ့ပြီး၊ ဂျပန်နိုင်ငံကို တစုတစည်းတည်းဖြစ်အောင် ကြိုးပမ်းခဲ့ကြရာတွင်လျို့ဝှက်စွာပါဝင်ခဲ့ကြသောအရိပ်စစ်သည်တော်များဖြစ်သည်။ ၎င်းတို့သည် နိုင်ငံငြိမ်းချမ်းရေးအလင်းရရန် အမှောင်ထဲတွင် တိတ်တဆိတ် ကြိုးစားလှုပ်ရှားခဲ့ကြသူများဖြစ်သည်။ ငြိမ်းချမ်းရေးရပြီးကာလတွင်လည်း ၎င်းတို့သည် တိုခုဂါဝါ ရှိုးဂွန်းလက်အောက်တွင် ဂျပန်နိုင်ငံ ငြိမ်ဝပ်ပိပြားမှုနှင့် တည်တံ့ခိုင်မြဲရေးအတွက် ထောက်လှမ်းရေးပုဂ္ဂိုလ်များအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသည်။
ယနေ့ခေတ်တွင် နင်ဂျာဟူသော အမည်နှင့် ပုံရိပ်ကို တစ်ကမ္ဘာလုံး ကျယ်ကျယ်ပြန့်ပြန့် တွေ့နေရပြီဖြစ်ပြီး အမျိုးမျိုးသော ရုပ်သံ မီဒီယာများဖြစ်သည့် ဗီဒီယိုဂိမ်း၊ မန်းဂ ကာတွန်း၊ အန်နီမေးရှင်းနှင့် ရုပ်ရှင်များတွင်လည်း ပုံစံအမျိုးမျိုးနှင့် တွေ့မြင်နိုင်သည်။ ကမ္ဘာ့ခေတ်ပေါ်ယဉ်ကျေးမှုရေစီးကြောင်း ပေါ်လိုက်ပြီး ဖျော်ဖြေရေးလောကတွင် နင်ဂျာ၏ ပုံရိပ်မှာ ပြောင်းလဲလာသည်ဖြစ်ရာ သမိုင်းကြောင်းအရ နင်ဂျာများ၏ အမှန်တရား၊ အချက်အလက်များနှင့် ပတ်သတ်ပြီး သိရှိမှုမှာများမှာလဲ နည်းသထက်နည်းပါးလာပါသည်။
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်နှင့် မဲအိ တက္ကသိုလ် နိုင်ငံတကာ နင်ဂျာဆိုင်ရာ သုတေသနစင်တာ တို့ ပူးပေါင်းပြီး နင်ဂျာတို့၏ လျို့ဝှက်နက်နဲသော အမှန်တရား “The Mysterious Truth of the Ninja” ဟူသော ဟောပြောပွဲကို ပြုလုပ်သွားမည် ဖြစ်ပါသည်။ ဂျပန်နိုင်ငံ၏ နိုင်ငံတကာ နင်ဂျာဆိုင်ရာ လေ့လာရေးစင်တာမှ ယူးဂျိ ယမဒနှင့် ခဆုရ ယိုရှိမာရူ တို့မှ နင်ဂျာနှင့် ပတ်သတ်ပြီး သုတေသနပြုလုပ်ရှာဖွေထားသည့် သမိုင်းကြောင်းအချက်အလက်များကို မျှဝေသွားမည်ဖြစ်ကာ ဂျပန်နိုင်ငံ၏ နောက်ဆုံး နင်ဂျာဖြစ်သူ၊ ခိုဂ လျူ (Koga Ryu) ဆရာတစ်ဆူဖြစ်သော ဂျိနိချိ ခဝခမိ က နင်ဂျု ဆုပညာရပ် နှင့် ပတ်သတ်ပြီး ဗဟုသုတများကို မျှဝေသွားမည်ဖြစ်ပါသည်။
ယခုဟောပြောပွဲတွင် ရှိနိုဘီတို့၏ ဒဏ္ဍာရီလာအကြောင်းအရာများနှင့် အမှန်တရား၊ အချက်အလက်များကို နိုင်းယှဉ်လေ့လာပြီး လျို့ဝှက်နက်နဲသော အမှန်တရားကို ရှာဖွေလိုက်ကြရအောင်။

နေ့ရက် ။ ။ အောက်တိုဘာလ ၂၆ ရက် (စနေနေ့)
အချိန် ။ ။ နေ့လည် ၂ နာရီမှ ၄ နာရီအထိ
ဘာသာစကား ။ ။ ဂျပန်ဘာသာ၊ မြန်မာဘာသာ

**** စာရင်းပေးသွင်းရန် လိုအပ်ပါသည်။ (Japan Foundation, Yangon Facebook Messenger မှတစ်ဆင့် နာမည် ဖုန်းနံပါတ်နှင့် စာရင်းပေးသွင်းရမည်) ******

အခြေခံအီဂို့ကစားနည်းသင်ကြားပို့ချခြင်း

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်တွင် အီဂို့ကစားနည်းအခြေခံကို သင်ကြားပို့ချမှာဖြစ်ပါတယ်။
အီဂို့ဆိုတာက ဘုတ်ပြားနဲ့ ကျောက်တုံးကလေးတွေကို သုံးပြီး ကစားရတဲ့ ကစားနည်းတစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်၂ထောင်ကျော်မတိုင်မီကတည်းက တရုတ်နိုင်ငံမှာ စတင်ပေါ်ပေါက်ခဲ့ပြီး ဂျပန်မှာသာမက အခုဆိုရင် ကမ္ဘာတစ်ဝှမ်းမှာပါ လူသိများလာပြီဖြစ်ပါတယ်။
သင်ကြားပြသပေးမယ့် ဆရာ ခန်းဂျိ တာနက နဲ့အတူ အီဂို့ကစားနည်းကို ပျော်ပျော်ရွှင်ရွှင်လေ့လာကြရအောင်။ မိဘနှင့်ကလေးများ အတူပါဝင်မှုကို ကြိုဆိုပါတယ်။
စာရင်းပေးသွင်းရန် – The Japan Foundation, Yangon ၏ FB Messenger သို့ အမည်၊ ဖုန်းနံပါတ်များကို ပေးပို့၍ ကြိုတင်စာရင်းပေးသွင်းဖို့လိုအပ်ပါတယ်။ သတ်မှတ်ဦးရေပြည့်သွားပါက စာရင်းပိတ်မှာဖြစ်ပါတယ်။
နေ့ရက် – ၂၀၁၉ခုနှစ် အောက်တိုဘာလ ၂၆ရက် ( စနေနေ့ ) နံနက် ၁၀ နာရီမှ ၁၂နာရီအထိ
သတ်မှတ်ဦးရေ – ၁၆ဦး
ဘာသာစကား – ဆရာမှ အင်္ဂလိပ်ဘာသာဖြင့် သင်ကြားသွားမည်ဖြစ်ပြီး မြန်မာဘာသာပြန်ထားရှိပါမည်။
ဝင်ကြေးအခမဲ့
နေရာ – အမှတ် (၇၀)၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။

(ပြပွဲ၏အကြောင်းအရာ)
ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဓာတ်ပုံပြပွဲစီးရီး၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ယခုတစ်ခေါက်တွင် ဂျပန်ဥယျာဉ်များ၏ ဆောင်းဦးရာသီအလှကို ရိုက်ကူးပုံဖော်ထားသော ဂျပန်နာမည်ကြီးဓာတ်ပုံဆရာ Mr.Mizuno Katsuhiko ၏ အနုပညာလက်ရာများကို ပြသသွားမည်ဖြစ်ပါသည်။ ဆောင်းဦးရာသီကာလတွင် ရိုက်ကူးထားသော ဂျပန်နိုင်ငံရှိ ဥယျာဉ်များ၊ နီရဲရဲ မေပယ်ပင်များ၏ ရှုခင်းအလှဓာတ်ပုံများကို ပြသရန် ရွေးချယ်စီစဉ်ထားပါသည်။ဂျပန်နိုင်ငံ ဆောင်းဦးရာသီ၏ သင်္ကေတများဖြစ်သည့် မေပယ်ပင်များ၏ သဘာဝအလှတရားများ၊ ဂျပန်ဥယျာဉ်များ၏ ဆိတ်ငြိမ်အေးချမ်းသော အလှတရားများကိုကြည့်ရှုရင်း ဂျပန်၏ ဆောင်းဦးရာသီ ရနံ့ အငွေ့အသက်ကို ခံစားသိမြင်နိုင်ရန် “ The Emblem of Autumn” ဓာတ်ပုံပြပွဲသို့ လာရောက်၍ ကြည့်ရှုခံစားနိုင်ရန် ဖိတ်ခေါ်လိုက်ပါသည်။

ဓာတ်ပုံဆရာ၏ ကိုယ်ရေးအကျဉ်း
မိဇုနို ခစုဟိကို ကို ကျိုတိုမြို့၏ ခမိဂရေားရပ်ကွက်တွင် ၁၉၄၁ ခုနှစ်၌ ဖွားမြင်ခဲ့ပါသည်။ ဒိုးရှိတတက္ကသိုလ်တွင် ဂျပန်စာပေအထူးပြုဖြင့် ဘွဲ့ရခဲ့ပြီး တိုကျို ဆိုးဂိုး ဓာတ်ပုံကောလိပ်တွင် ဘွဲ့လွန်သင်တန်းကို တက်ရောက်ခဲ့ပါသည်။ မိဇုနိုသည် ၁၉၆၉ ခုနှစ်မှစ၍ ကျိုတိုမြို့၏ ရှုခင်းများကို ဓာတ်ပုံရိုက်ခြင်းအတက်ပညာကို အထူးပြုလေ့လာလိုက်စားခဲ့ပါသည်။ ဂျပန်ရိုးရာယဉ်ကျေးမှုကိုလည်း လေ့လာခဲ့ပြီးနောက်တွင် သူ၏ဓာတ်ပုံများကို တည်းဖြတ်ခြင်းဆိုင်ရာ လုပ်ငန်းကိုပါ လုပ်ဆောင်ခဲ့ပါသည်။
၂ဝဝဝ ခုနှစ်တွင် သူ၏ကိုယ်ပိုင် ဓာတ်ပုံပြခန်းဖြစ်သည့် Townhouse Photo Hall (မချိရ ရှရှင်းကန်) ကို ဖွင့်လှစ်ခဲ့ပါသည်။
သူ၏ သဘာဝတောတောင်ရေမြေ အလှအပများကို ရိုက်ကူးထားသော ရှုခင်းဓာတ်ပုံများသည် Fore World Magazine က ထောက်ပံ့ချီးမြှင့်သော ၂ဝဝ၂ခုနှစ်အတွက် Fore World စာအုပ်၏ “အိမ်နှင့်ဥယျာဉ်” ဓာတ်ပုံအမျိုးအစားအတွက် ရွှေတံဆိပ်ဆု ရရှိခဲ့ပါသည်။
သူသည် ဂျပန်ဓာတ်ပုံဆရာများ အဖွဲ့အစည်းနှင့် ဂျပန်ဓာတ်ပုံအနုပညာအဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါသည်။
မိဇုနို ခစုဟိကိုသည် စာအုပ်ပေါင်း ၁၄ဝကို ထုတ်ဝေခဲ့ပြီး စာအုပ်အများစုသည် ဓာတ်ပုံပေါင်းချုပ်များဖြစ်သည်။

ဒီလအတွက် Saturday Yoke Shin အစီအစဉ်မှာ “Bushido Sixteen” ဆိုတဲ့ ဂျပန် ဒရမ်မာဇာတ်ကားကို ပြသသွားမှာဖြစ်ပါတယ်။ “Naoko Winning Runners” ဆိုတဲ့ မာရသွန်ကစားသမားအကြောင်းကို ရေးသားရိုက်ကူးခဲ့သော ဒါရိုက်တာ တိုမိုယုခိ ဖူရုမယ၏ ဇာတ်ကားဖြစ်ပြီး ဒီတစ်ခေါက်မှာလည်း ပရိတ်သတ်များကို စိတ်ဝင်စားဖို့ကောင်းတဲ့ ကန်ဒိုကစားသူ မိန်းကလေးနှစ်ယောက်အကြောင်းကို စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်ကြောင်းနဲ့ ဘယ်လိုဆွဲခေါ်သွားမလဲဆိုတာကို တွေ့မြင်နိုင်မှာပါ။

အင်္ဂလိပ်စာတန်းထိုးဖြင့် ပြသသွားမည်ဖြစ်သည်။

ဇာတ်လမ်းအကျဉ်း
ခအိုးရိ သည် ကန်ဒိုအားကစားကို ငယ်စဉ်ကတည်းက တစ်စိုက်မက်မက် လေ့ကျင့်ကစားလာသူ ကန်ဒိုဖိုက်တာတစ်ဦးဖြစ်သည်။ ရာဇဝင်တွင်ခဲ့တဲ့ ဆာမူရိုင်း မိယမိုတို မူဆရှိကို ကြည်ညိုလေးစားသူတစ်ဦးလဲဖြစ်ပါတယ်။
တစ်နေ့မှာတော့ ခအိုးရိဟာ သာမန် အပျော်တမ်း ကန်ဒိုကစားသမားတစ်ဦးဖြစ်သူ ဆနအဲ ကို အထက်တန်းကျောင်း ကန်ဒိုနောက်ဆုံးပြိုင်ပွဲမှာ ရှုံးသွားပြီးနောက်ပိုင်းမှာတော့ သူဟာ ဘာကြောင့် ထိုအညတရ ကစားသမားတစ်ဦးကို ရှုံးခဲ့ရလည်းဆိုတာကို အရမ်းသိချင်သွားပါတယ်။ ဆနအဲက အနိုင်ရတဲ့ကိစ္စနဲ့ ပါတ်သတ်ပြီး စိတ်ထဲမထားပေမယ့် ခအိုးရိကတော့ သူမရဲ့ စိတ်ထဲမှာ မလိုမုန်းထားစိတ်နဲ့ တေးထားခဲ့ပြီး၊ ဆနအဲကို ပြိုင်ဘက်အနေနဲ့ သဘောထားခဲ့ပါတယ်။ သူမဟာ ဆအနဲရဲ့ ကန်ဒိုကလပ်ကို အသင်းဝင်လိုက်ပြီးနောက်မှာ သူမ၏ ပျော်ပျော်နေတက်တဲ့ စိတ်ဓာတ်ကိုတွေ့လိုက်ရပြီး အံ့သြသွားပါတယ်။

Japan Classics Screening and Talk #4 @ The Japan Foundation, Yangon

ပြသမည့် ရုပ်ရှင် – Gate of Hell
ဒါရိုက်တာ Director – Teinosuke Kinugasa

(C) KADOKAWA CORPORATION 1953

နေ့ရက် – 10th October 2019
အချိန် – 6:00 PM
နေရာ – The Japan Foundation,
အမှတ် (၇၀) နတ်မောက်လမ်းသွယ် (၁) ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

Door open – 5:30 PM

အင်္ဂလိပ် စာတန်းထိုး
with English Subtitles

Organized by:
The Agency for Cultural Affairs of Japanese Government,
The Embassy of Japan in Myanmar,
Japan Foundation, Yangon

ဝင်ကြေးအခမဲ့ ဖြစ်ပြီး စိတ်ဝင်စားသူ မည်သူမဆို လာရောက် ကြည့်ရှုနိုင်ပါသည်။ Free Admission.

Japan Foundation တွင် လစဉ် “Origami Club” ကို ပြုလုပ်ပြီး အမျိုးစုံသော စက္ကူရုပ်များ၊ သော့ချိတ်များ၊ card များကို ပြုလုပ်နည်းကို သင်ကြားပေးလျက်ရှိပါသည်။
ယခုလာမည့်အပတ်တွင် ချစ်စရာကောင်းတဲ့ ပီကာချူး Pikachu ရုပ်လေးနှင့် Paper Quilling ၏ နည်းလမ်းများ ကိုအသုံးပြုပြီး ချစ်စရာကောင်းသော သော့ချိတ်လှလှလေးများ ပြုလုပ်သွားမည်ဖြစ်ပါသည်။ ဝင်ကြေးအခမဲ့ဖြစ်ပြီး လူဦးရေကန့်သတ်ထားသည့်အတွက် Japan Foundation Yangon ၏ Facebook Messenger မှတဆင့် အမည်နှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို သြဂုတ်လ (၂) ရက်နေ့၊
အောက်တိုဘာလ ၄ ရက်နေ့ နေ့လည်(၁၂)နာရီ မတိုင်ခင်ပို့ပေးပြီး စာရင်းပေးသွင်းရန်အပ်ပါသည်။

Origami Club
နေ့ရက် :အောက်တိုဘာလ (၅) ရက်နေ့၊ ၂ဝ၁၉ (စနေနေ့)
အချိန် :နေ့လည် ၁ဝ နာရီမှ ၁၂ နာရီအထိ
နေရာ : ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ၊ အမှတ် ၇ဝ၊ ၊ နတ်မောက်လမ်းသွယ် (၁)၊
ဗဟန်းမြို့နယ်၊ ရန်ကုန်။
သတ်မှတ်လူဦးရေ : ၁၅ ဦး ( ဦးရာလူစနစ်)
ပါဝင်ကြေး : အခမဲ့

ဂျပန်ဘာသာဆရာဖြစ်မွမ်းမံသင်တန်းနှင့် ပတ်သက်သည့် အချက်အလက်များကို အောက်တွင် ဂျပန်ဘာသာဖြင့် ရေးသားဖော်ပြထားပါသည်။

このコースは、ミャンマーで急増する日本語学習者に対して効果的な指導を実践できるミャンマー人日本語教師を育成することを目的に、独立行政法人国際交流基金と、ミャンマーの日本語教育の拠点機関であるヤンゴン外国語大学、マンダレー外国語大学が共同で実施する教師育成プログラムのコースです。

期間は大学のスケジュールに合わせた1年間のコースです。

〔前期〕201912月から20203月 〔後期〕20206月から20209

授業時間と場所

マンダレー:毎週水曜日と木曜日の午後3時から6時、マンダレー外国語大学(MUFL

ヤンゴン :毎週土曜日と日曜日の午前9時から12時、ヤンゴン外国語大学(YUFL

参加希望者は、20191025日(金)までにお申し込みください。

(詳細は申請要領をご確認ください)

申請要領(Application Instructions

申請書(Application Form

問い合わせ:国際交流基金ヤンゴン日本文化センター(The Japan Foundation, Yangon

住所: No.70 Nat Mauk Lane (1), Bahan Township, Yangon, Myanmar

電話番号:09-891055553

メール: pwintthe_cho@jpf-mm.org

担当者:Daw Pwint The Cho

 

စက်တင်ဘာလ ၂၈ ရက် ( စနေနေ့) နေ့လယ် ၂ နာရီမှ ၃နာရီခွဲအထိ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာမှာ Nihongo Club ကို ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ Nihongo Club ဆိုတာကတော့ ဂျပန်လူမျိုးနဲ့ ဂျပန်လို စကားစမြည်ပြောဆိုကြတဲ့ အစီအစဉ်ဖြစ်ပါတယ်။
ဒီတစ်ခေါက်ရဲ့ ခေါင်းစဉ်ကတော့ “အိုဆာကာမြို့အကြောင်း” ပဲဖြစ်ပါတယ်။ ဂျပန်ရဲ့ ဒေသန္တရစကားတွေထဲက လူသိများတဲ့ အိုဆာကာဒေသန္တရစကားနဲ့ ပတ်သက်ပြီး မိတ်ဆက်ပေးတာလည်းပါပါမယ်။ မြန်မာနိုင်ငံရဲ့
ဒေသန္တရစကား အကြောင်းလည်း ဆွေးနွေးကြရအောင်။ နောက်ပြီး အဲ့ဒီနောက်မှာတော့ အိုဆာကာရဲ့ ဟာသပြက်လုံးတွေအကြောင်းလည်းပြောပြချင်ပါတယ်။ အိုဆာကာဇာတိဖြစ်တဲ့ ဆရာမ နာရဟာရ (Narahara) ဆီကနေ ပျော်ရွှင်စွာနဲ့ အိုဆာကာဒေသန္တရစကားကို လေ့လာကြရအောင်။
စာရင်းပေးသွင်းရန်- ဂျပန်ဖောင်ဒေးရှင်းရန်ကုန် FB Page (The Japan Foundation, Yangon) ၏ Message Box သို့ အမည်၊ ဖုန်းနံပါတ် တို့ကို ပေးပို့၍ စာရင်းပေးသွင်းနိုင်ပါတယ်။ သတ်မှတ်ထားတဲ့ လူဦးရေ ပြည့်သွားတာနဲ့ စာရင်းပိတ်မှာ ဖြစ်ပါတယ်။

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ (၁၁) ကြိမ်မြောက် ဂျပန်ဘာသာသင်ကြားရေးနှင့်ပတ်သက်သောဆွေးနွေးပွဲ(၂၀၁၉)ကို မန္တလေးတွင် အောက်ပါအစီအစဉ်များအတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါ၍ ဂျပန်ဘာသာသင်ဆရာ၊ ဆရာမများအား တတ်ရောက်ကြပါရန် ဖိတ်ခေါ်လိုက်ပါသည်။(ကြိုတင်စာရင်းပေးရန်လိုအပ်ပါသည်။)

<MANDALAY>
1) နေ့ရက်နှင့်အချိန် : ၁ ရက်အောက်တိုဘာလ ၂၀၁၉ ခုနှစ် (အင်္ဂါနေ့) မနက် ၈ နာရီခွဲ မှ ညနေ ၄နာရီအထိ
2) နေရာ : မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်
               (၆၂ လမ်း၊ ၂၂ လမ်း နှင့် ၂၃ လမ်းကြား၊ အောင်မြေသာဇံ၊ မန္တလေး)
3) စာရင်းပေးရန်: https://docs.google.com/forms/d/1hsdqwbmCjf54hiOPkAdpLecpvhvSZnbwSpvzMFUziRg/edit?vc=0&c=0&w=1
စာရင်းပိတ်ရက် ၂၅ ရက် စက်တင်ဘာလ (ဗုဒ္ဓဟူးနေ့)

1.セミナーの内容

08:30    受付開始
09:00    開会式(学長挨拶、学科長挨拶、JF挨拶)
09:15‐10:15 JF 教師研修
      「21世紀型スキル」コース参加報告(Daw Nan Myat Saw-YUFL)  
10:15‐10:30    休憩
10:30-11:45    JF 教師育成プログラムセッション(國頭あさひ)
11:45-13:00    昼休み
13:00‐15:00 分科会※選択制です。どちらかの教室を受付で選んでください。
       Ⓐ:「読解力を高める授業」(小西広明)
                        どうすれば外国語の文章が読めるようになるでしょうか。言葉の意味や使い方、文法を考えることも大切ですが、それだけではありま せん。 本セッションでは、外国語が読めるようになるために教室でどんな練習をしたらいいのか一緒に考えていきましょう。
       Ⓑ:「会話練習を考えよう」(佐藤直樹)
         会話練習をどのようにしていますか?会話力とはどんな「チカラ」なのでしょう?どうすれば会話ができるようになるのかを考えて、会話の練習をしましょう。
15:30-16:00  閉会式
         アンケート及び教師票への記入にご協力ください。
        参加証もお渡しします。

※မိမိတတ်ရောက်လိုသည့်ဆွေးနွေးပွဲအကြောင်းအရာကို Reception တွင်ရွေးချယ်ပေးပါရန်

2. 進行役:
佐藤 直樹   (さとう なおき)国際交流基金日本語上級専門家
國頭 あさひ(くにとう あさひ)国際交流基金日本語専門家

<သတိပြုရန်>
-ဆွေးနွေးကိုဂျပန်ဘာသာဖြင့်သာပြုလုပ်မည်ဖြစ်သည်။
-JLPT N3နှင့်အထက်ရှိရမည်။
-ဆွေးနွေးပွဲပြီးဆုံးသည်အထိတတ်ရောက်သူများကိုသာ Certificate ပေးမည်ဖြစ်ပါသည်။

အသေးစိတ်စုံစမ်းမေးမြန်းရန်
တာဝန်ခံ-ဒေါ်ဆွေဆွေအောင်(MUFL)
ဖုန်းနံပါတ်-၀၉-၂၀၆၂၄၈၇

ဤသင်ထောက်ကူစာအုပ် (စာသားများ၊ ရုပ်ပုံများ၊ ဓာတ်ပုံများ၊ အသံဖိုင်စသည်တို့အပါအဝင်) ၏ မူပိုင်ခွင့် (တစ်နည်းအားဖြင့် ဥာဏမူပိုင်ခွင့်) အား ဂျပန်ဖောင်ဒေးရှင်းမှ ပိုင်ဆိုင်သည်ဖြစ်ပါသဖြင့် ခွင့်ပြုချက်မရှိဘဲ ရောင်းချခြင်းခွင့်မပြုပါ။