2020年02月日本語教師勉強会@ヤンゴン

こんにちは。今月もミャンマー日本語教師勉強会を国際交流基金ヤンゴン日本文化センターで実施します。参加したい方はメールの申し込みが必要です。
★★申込のない方は参加出来ませんのでご了承ください★ ★

ဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ ဆရာမများအတွက် ဂျပန်ဘာသာသင်ကြားရေးနှင့် ပတ်သက်သည့်ဆွေးနွေးပွဲ ( ရန်ကုန် )
မင်္ဂလာပါ။ ဒီလမှာလည်း ဂျပန်ဘာသာသင်ကြားရေးနှင့်ပတ်သက်တဲ့ ဆွေးနွေးပွဲကို ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန် ယဉ်ကျေးမှုစင်တာ (The Japan Foundation, Yangon) မှာ ကျင်းပပြုလုပ်သွားမှာဖြစ်တဲ့အတွက် တက်ရောက်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
(E-mail ဖြင့်ကြိုတင်စာရင်းပေးသွင်းရန်လိုအပ်ပါသည်။)
★★ကြိုတင်စာရင်းပေးသွင်းထားခြင်းမရှိသူများ တက်ရောက်ခွင့်ရမည်မဟုတ်ပါ★★

「2020年02月日本語教師勉強会@ヤンゴン」
日時:2020年02月28日(金)14:00~16:30
場所:The Japan Foundation, Yangon 2階セミナールーム
講師:Ms.KUNITO Asahi (The Japan Foundation)
Mr.KONISHI Hiroaki (The Japan Foundation)
内容:「音読(おんどく)の方法」プラス日本語教師相談会

【申込先】
メールでお名前、所属(学校や会社名)、電話番号をお願います。
nihongo@jpf-mm.org

【ကြိုတင်စာရင်းပေးသွင်းရန်】
nihongo@jpf-mm.org သို့ (အမည်၊ အလုပ်အကိုင် 『တက်ရောက်နေသောကျောင်း၊ သင်ကြားနေသောကျောင်း၊ ကုမ္ပဏီ နာမည်』ဆက်သွယ်ရမည့်ဖုန်းနံပါတ်) တို့ကို February 26th နောက်ဆုံးထား၍ E-mail ဖြင့် စာရင်း ပေးသွင်း နိုင်ပါသည်။

【定員】
25名

【参加資格】
日本語教師(ミャンマー人、日本人)、志望者含む

【参加費】
無料

【締め切り】
02月26日(水)

တာဝန်ခံ-မပွင့်သဲချို
The Japan Foundation, Yangon
Mobile-09-891055553
Mail- nihongo@jpf-mm.org
လူဦးရေ ၂၅ ဦးခန့်သတ်မှတ်ထားပြီး ဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ ဆရာမများ အခမဲ့ တက်ရောက်နိုင်ပါသည်။

2020年2月日本語教師勉強会@マンダレー

こんにちは。今月もマンダレーMABA の3階で日本語教師勉強会を行います。日本語を教える先生方と一緒に日本語教育について勉強、相談そしてネットワークづくりが出来る場になればと思います。 参加したい方はメールの申し込みが必要です。
★★申込のない方は参加出来ませんのでご了承ください ★★

ဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ ဆရာမများအတွက် ဂျပန်ဘာသာသင်ကြားရေးနှင့် ပတ်သက်သည့်ဆွေးနွေးပွဲ ( မန္တလေး )

မင်္ဂလာပါ။ ဒီလမှာလည်း MABA ရဲ့ ၃ လွှာမှာ ဂျပန်ဘာသာသင်ကြားရေးနှင့်ပတ်သက်တဲ့ ဆွေးနွေးပွဲပြုလုပ်မှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ ဂျပန်ဘာသာသင်ကြားနေတဲ့ ဆရာ၊ ဆရာမများနဲ့ အတူ သင်ကြားရေးနည်းစနစ်များနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောကြားသွားမှာဖြစ်တဲ့အတွက်တက်ရောက်ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။ E-mail ဖြင့်ကြိုတင်စာရင်းပေးသွင်းရန်လိုအပ်ပါသည်။
★★ကြိုတင်စာရင်းပေးသွင်းထားခြင်းမရှိသူများ တက်ရောက်ခွင့်ရမည် မဟုတ်ပါ★★

「2020年2月日本語教師勉強会@マンダレー」
日時:2020年2月21日(金)9:30~12:00
場所:3rd floor (MABA), Water Street, Block-1, Unit-6,
Mingalar Mandalay, Chan Mya Tharzi Township, Mandalay
講師:Ms. KUNITO Asahi, Mr. KONISHI Hiroaki (The Japan Foundation, Yangon)
内容:「音読の方法」

【申込先】
nihongo@jpf-mm.org のメールに
-お名前
-所属(学校や会社名)
-電話番号 をお願いします。

【ကြိုတင်စာရင်းပေးသွင်းရန်】
nihongo@jpf-mm.org သို့
-အမည်၊
-အလုပ်အကိုင် (တက်ရောက်နေသောကျောင်း၊ သင်ကြားနေသောကျောင်း၊ ကုမ္ပဏီနာမည်)
-ဆက်သွယ်ရမည့်ဖုန်းနံပါတ်တို့ကို January 20 နောက်ဆုံးထား၍ E-mail ဖြင့်စာရင်းပေးသွင်းနိုင်ပါသည်။

【定員】
25名

【参加資格】
日本語教師(ミャンマー人、日本人)、志望者含む

【参加費】
無料

【締め切り】
2月20日(木)

တာဝန်ခံ – မမိုးပွင့်အိမ်
The Japan Foundation, Yangon
Mobile – 09889228466
Mail  – nihongo@jpf-mm.org

လူဦးရေ ၂၅ ဦးခန့်သတ်မှတ်ထားပြီး အခမဲ့ တက်ရောက်နိုင်ပါသည်။

JFT-Basic(日本語基礎テスト)セミナーのご案内

Japan Foundationは、在留資格「特定技能」取得要件のひとつとなる、日本語能力を測るためのテスト「JFT-Basic(日本語基礎テスト)」を3月から実施します。
これに伴い、在ミャンマー日本国大使館との共催で、「特定技能」制度および「JFT-Basic(日本語基礎テスト)」の概要について、ヤンゴンとマンダレーで以下のとおりセミナーを開催します。

JFT-Basic (ဂျပန်ဘာသာအခြေခံစာမေးပွဲ) ဆွေးနွေးပွဲ လမ်းညွှန်
ဂျပန်ဖောင်ဒေးရှင်းသည် နေထိုင်ခွင့်အရည်အချင်း(ကျွမ်းကျင်လုပ်သားဗီဇာ) ရယူရန်လိုအပ်သော ဂျပန်ဘာသာအရည်အချင်းကို တိုင်းတာသည့်စာမေးပွဲ (JFT-Basic ဂျပန်ဘာသာအခြေခံစာမေးပွဲ) ကို မတ်လမှစ၍ ကျင်းပပါမည်။ စာမေးပွဲကျင်းပမှုနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနှင့် ပူးပေါင်း၍ ကျွမ်းကျင်လုပ်သားစနစ် နှင့် “JFT-Basic (ဂျပန်ဘာသာအခြေခံစာမေးပွဲ)” အကြောင်းအရာ နှင့် ပတ်သက်သည့် ဆွေးနွေးပွဲ ကို ရန်ကုန်နှင့် မန္တလေးတွင် အောက်ပါအတိုင်း ကျင်းပမည်ဖြစ်ပါသည်။

【お申込リンク】
マンダレー http://bit.ly/2Obwiba

ဆွေးနွေးပွဲတက်ရောက်ရန် နာမည်စာရင်း ပေးသွင်းခြင်း
မန္တလေး ー http://bit.ly/2Obwiba

【お申込締切】 2020年2月6日(木) 17:00

စာရင်းပေးသွင်းနိုင်မည့်နောက်ဆုံးရက်
၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၆ရက် (ကြာသပတေးနေ့) ညနေ ၅ နာရီအထိ

【日時・場所】
マンダレー
2020年2月10日(月) 13:30~16:30
MABA 3F セミナールーム 
Block-1, Unit-6, 2nd Floor (MABA office), Mingalar Mandalay, Water Street, Chan Mya Tharzi Township, Mandalay
定員:50名

ဆွေးနွေးပွဲ ကျင်းပမည့်နေရာ

(အချိန်နှင့် နေရာ)
၂၀၂၀ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်
(တနင်္လာနေ့) နေ့လည် ၁နာရီခွဲမှ ၄နာရီခွဲ
MABA ရုံးခန်း၊ တတိယထပ်၊ ဘလောက် (၁) ၊ တိုက်အမှတ် (၆) ၊
မင်္ဂလာမန္တလေး၊ ရေလမ်း၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
သတ်မှတ်ဦးရေ ー ၅၀ ဦး

(ကောင်တာ)→စာရွက်စာတမ်းဝေမျှခြင်း→နေရာယူခြင်း
ဆွေးနွေးပွဲသည် ၁နာရီခွဲတွင် စတင်မည်ဖြစ်ပါသဖြင့် ၁နာရီခွဲ မတိုင်ခင်တွင် လာရောက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

【セミナー対象者】
・日本語教師、送り出し機関等、当試験の対象者を指導する立場の方々
・JLPT N3以上(説明は日本語で行います)
※原則として1機関につき2名までとさせていただきます。

ဆွေးနွေးပွဲသို့ တက်ရောက်နိုင်သည့်သူ
-ဂျပန်ဘာသာစကားသင်ကြားနေသော ဆရာ၊ ဆရာမများ ၊ ပြည်ပအလုပ်အကိုင် အေဂျင်စီများ၊ စာမေးပွဲဖြေဆိုမည့်သူများအား ပို့ချသင်ကြားမည့်သူများ
-JLPT N3 နှင့် အထက်ရှိသူများ (ရှင်းလင်းပွဲကို ဂျပန်ဘာသာဖြင့် ပြုလုပ်မည်ဖြစ်သည်။)
ဆွေးနွေးပွဲအတွက် အဖွဲ့အစည်းတစ်ခုမှ အများဆုံး ၂ ဦးသာ တက်ရောက်နိုင်မည်ဖြစ်ပါသည်။

【セミナー概要】
 第1部(13:30~15:10)
  1.「特定技能」概要説明(在ミャンマー日本国大使館)
  2.JFT-Basic(日本語基礎テスト)概要・申込方法説明(Japan Foundation)
 第2部(15:30~16:30)
  3.学習のヒント:新教材・e-learning紹介など
※定員に達し次第締め切らせていただきます。同様のセミナーを今後も随時実施予定です。

ဆွေးနွေးပွဲ အကြောင်းအရာများ 
ပထမအပိုင်း(နေ့လည် ၁နာရီခွဲမှ ၃နာရီ ၁၀မိနစ်)
၁။ ကျွမ်းကျင်လုပ်သားနှင့် ပတ်သက်၍ ရှင်းလင်းခြင်း(မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး)
၂။ JFT-Basic (ဂျပန်ဘာသာအခြေခံ စာမေးပွဲ ) နှင့် ပတ်သက်၍ ရှင်းလင်းခြင်းနှင့် လျှောက်လွှာလျှောက်ထားပုံ
နည်းလမ်းရှင်းလင်းခြင်း (ဂျပန်ဖောင်ဒေးရှင်း)

ဒုတိယအပိုင်း (ညနေ ၃နာရီခွဲ မှ ၄ နာရီခွဲ)
၃။ သင်ယူလေ့လာရန် အချက်များ သင်ထောက်ကူ အသစ်နှင့် e-learning မိတ်ဆက်

ဆွေးနွေးပွဲ အတွက်သတ်မှတ်ဦးရေပြည့်သွားပါက နာမည်စာရင်းပေးခြင်းကို ထပ်မံလက်ခံတော့မည်မဟုတ်ပါ။ နောက်ပိုင်းတွင်လည်း အလားတူ ဆွေးနွေးပွဲများ ပြုလုပ်သွားရန် အစီအစဥ်ရှိပါသည်။

〈JFT-Basicについて〉
主として就労のために来日する外国人が遭遇する生活場面でのコミュニケーションに必要な日本語能力を測定し、「ある程度日常会話ができ、生活に支障がない程度の能力」があるかどうかを判定することを目的としています。
※在留資格「特定技能」の申請にあたって、日本語能力試験(N4以上)に合格している方は、JFT-Basic(日本語基礎テスト)を受験する必要はありません。
※テストは今後も奇数月に複数日実施する予定です。今回、受験者が定員に達し、受験できない場合は、次回のテストにお申し込みください。

(JFT-Basic နှင့် ပတ်သက်၍)
အဓိကအနေဖြင့် ဂျပန်ဘာသာနိုင်ငံသို့ လာရောက်အလုပ်လုပ်သော နိုင်ငံခြားသားများ နေ့စဉ်အသုံးပြုရမည့် ဂျပန်ဘာသာ အရည်အချင်းကို တိုင်းတာပြီး ဂျပန်ဘာသာ စကားကိုအတန်အသင့် ပြောတတ်ပြီး နေ့စဉ်ဘဝကို အခက်အခဲမရှိ ဖြတ်သန်းနိုင်လောက်သော ဘာသာစကားအရည်အချင်းရှိမရှိကို စစ်ဆေးခြင်းဖြစ်ပါသည်။
※ဂျပန်နိုင်ငံတွင် နေထိုင်ခွင့် အရည်အချင်း(ကျွမ်းကျင်လုပ်သားဗီဇာ) လျှောက်ထားရာတွင် လိုအပ်သည့် ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ(N4နှင့် အထက်) အောင်မြင်ထားသူသည် JFT-Basic (ဂျပန်ဘာသာအခြေခံစာမေးပွဲ) ကို ဖြေဆိုရန်မလိုပါ။
※ စာမေးပွဲကို နောက်တွင်လည်း “မ” ဂဏန်းလများတွင် ရက်အနည်းငယ်ကြာ ကျင်းပပါမည်။ ယခုတစ်ခေါက်ကျင်းပမည့် စာမေးပွဲတွင် သတ်မှတ်ဦးရေပြည့်သွား၍ စာမေးပွဲဖြေဆိုခွင့်မရခဲ့ပါက နောက်တစ်ခေါက် ကျင်းပသည့် စာမေးပွဲကို ဖြေဆိုပါ။

参考:https://yg.jpf.go.jp/my/event/ဂျပန်ဖောင်ဒေးရှင်းဂျပန/

本セミナーに関するお問合せ:
The Japan Foundation
+95-(1)-430920/430921
nihongo@jpf-mm.org

ကိုးကားရန် : https://yg.jpf.go.jp/my/event/ဂျပန်ဖောင်ဒေးရှင်းဂျပန/

ဆွေးနွေးပွဲ နှင့် ပတ်သက်၍ စုံစမ်းမေးမြန်းခြင်း
The Japan Foundation
+95-(1)-430920/430921
nihongo@jpf-mm.org

JFT-Basic(日本語基礎テスト)セミナーのご案内

Japan Foundationは、在留資格「特定技能」取得要件のひとつとなる、日本語能力を測るためのテスト「JFT-Basic(日本語基礎テスト)」を3月から実施します。これに伴い、在ミャンマー日本国大使館との共催で、「特定技能」制度および「JFT-Basic(日本語基礎テスト)」の概要について、ヤンゴンとマンダレーで以下のとおりセミナーを開催します。

JFT-Basic (ဂျပန်ဘာသာအခြေခံစာမေးပွဲ) ဆွေးနွေးပွဲ လမ်းညွှန်

ဂျပန်ဖောင်ဒေးရှင်းသည် နေထိုင်ခွင့်အရည်အချင်း(ကျွမ်းကျင်လုပ်သားဗီဇာ) ရယူရန်လိုအပ်သော ဂျပန်ဘာသာအရည်အချင်းကို တိုင်းတာသည့်စာမေးပွဲ (JFT-Basic ဂျပန်ဘာသာအခြေခံစာမေးပွဲ) ကို မတ်လမှစ၍ ကျင်းပပါမည်။ စာမေးပွဲကျင်းပမှုနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနှင့် ပူးပေါင်း၍ ကျွမ်းကျင်လုပ်သားစနစ် နှင့် “JFT-Basic (ဂျပန်ဘာသာအခြေခံစာမေးပွဲ)” အကြောင်းအရာနှင့် ပတ်သက်သည့် ဆွေးနွေးပွဲကို ရန်ကုန်နှင့် မန္တလေးတွင် အောက်ပါအတိုင်း ကျင်းပမည်ဖြစ်ပါသည်။

【お申込リンク】
ヤンゴン会場
http://bit.ly/38RfgqN

ဆွေးနွေးပွဲတက်ရောက်ရန် နာမည်စာရင်း ပေးသွင်းခြင်း
ရန်ကုန်ဆွေးနွေးပွဲ
http://bit.ly/38RfgqN

【お申込締切】 2020年2月6日(木) 17:00

စာရင်းပေးသွင်းနိုင်မည့်နောက်ဆုံးရက်
၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၆ရက် (ကြာသပတေးနေ့) ညနေ ၅ နာရီအထိ

【日時・場所】
(ヤンゴン)
2020年2月7日(金) 13:30~16:30
セドナホテル 2F MINDONルーム
No. 1 Kabar Aye Pagoda Rd, Yangon
定員:180名

(အချိန်နှင့် နေရာ)
၂၀၂၀ခုနှစ် ဖေဖော်ဝါရီ ၇ ရက် (သောကြာနေ့) နေ့လည် ၁ နာရီခွဲမှ ၄ နာရီခွဲ
ဆီဒိုးနားဟိုတယ် ပထမထပ် မင်းတုန်းခန်းမ
အမှတ် ၁၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန်မြို့။

(ကောင်တာ)→စာရွက်စာတမ်းဝေမျှခြင်း→နေရာယူခြင်း
ဆွေးနွေးပွဲသည် ၁ နာရီခွဲတွင် စတင်မည်ဖြစ်ပါသဖြင့် ၁ နာရီခွဲ မတိုင်ခင်တွင် လာရောက်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။

 

【セミナー対象者】
・日本語教師、送り出し機関等、当試験の対象者を指導する立場の方々
・JLPT N3以上(説明は日本語で行います)

ဆွေးနွေးပွဲသို့ တက်ရောက်နိုင်သည့်သူ
-ဂျပန်ဘာသာစကားသင်ကြားနေသော ဆရာ၊ ဆရာမများ ၊ ပြည်ပအလုပ်အကိုင် အေဂျင်စီများ၊ စာမေးပွဲဖြေဆိုမည့်သူ များအား ပို့ချသင်ကြားမည့်သူများ
-JLPT N3 နှင့် အထက်ရှိသူများ (ရှင်းလင်းပွဲကို ဂျပန်ဘာသာဖြင့် ပြုလုပ်မည်ဖြစ်သည်။)

【セミナー概要】
第1部(13:30~15:10)
1.「特定技能」概要説明(在ミャンマー日本国大使館)
2.JFT-Basic(日本語基礎テスト)概要・申込方法説明(Japan Foundation)
第2部(15:30~16:30)
3.学習のヒント:新教材・e-learning紹介など

ဆွေးနွေးပွဲ အကြောင်းအရာများ
ပထမအပိုင်း(နေ့လည် ၁နာရီခွဲမှ ၃နာရီ ၁၀မိနစ်)
၁။ ကျွမ်းကျင်လုပ်သားနှင့် ပတ်သက်၍ ရှင်းလင်းခြင်း(မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး)
၂။ JFT-Basic (ဂျပန်ဘာသာအခြေခံ စာမေးပွဲ) နှင့် ပတ်သက်၍ ရှင်းလင်းခြင်းနှင့် လျှောက်လွှာလျှောက်ထားပုံ နည်းလမ်းရှင်းလင်းခြင်း (ဂျပန်ဖောင်ဒေးရှင်း)

ဒုတိယအပိုင်း (ညနေ ၃နာရီခွဲ မှ ၄ နာရီခွဲ)
၃။ သင်ယူလေ့လာရန် အချက်များ သင်ထောက်ကူအသစ်နှင့် e-learning မိတ်ဆက်

※両会場とも定員に達し次第締め切らせていただきます。同様のセミナーを今後も随時実施予定です。

ဆွေးနွေးပွဲ အတွက်သတ်မှတ်ဦးရေပြည့်သွားပါက နာမည်စာရင်းပေးခြင်းကို ထပ်မံလက်ခံတော့မည်မဟုတ်ပါ။ နောက်ပိုင်းတွင်လည်း အလားတူ ဆွေးနွေးပွဲများ ပြုလုပ်သွားရန် အစီအစဥ်ရှိပါသည်။

〈JFT-Basicについて〉
主として就労のために来日する外国人が遭遇する生活場面でのコミュニケーションに必要な日本語能力を測定し、「ある程度日常会話ができ、生活に支障がない程度の能力」があるかどうかを判定することを目的としています。
※在留資格「特定技能」の申請にあたって、日本語能力試験(N4以上)に合格している方は、JFT-Basic(日本語基礎テスト)を受験する必要はありません。
※テストは今後も奇数月に複数日実施する予定です。今回、受験者が定員に達し、受験できない場合は、次回のテストにお申し込みください。

(JFT-Basic နှင့် ပတ်သက်၍)
အဓိကအနေဖြင့် ဂျပန်နိုင်ငံသို့ လာရောက်အလုပ်လုပ်သော နိုင်ငံခြားသားများ နေ့စဉ်အသုံးပြုရမည့် ဂျပန်ဘာသာ အရည်အချင်းကို တိုင်းတာပြီး ဂျပန်ဘာသာ စကားကို အတန်အသင့် ပြောတတ်ပြီး နေ့စဉ်ဘဝကို အခက်အခဲမရှိ ဖြတ်သန်းနိုင်လောက်သော ဘာသာစကားအရည်အချင်းရှိမရှိကို စစ်ဆေးခြင်းဖြစ်ပါသည်။
※ဂျပန်နိုင်ငံတွင် နေထိုင်ခွင့် အရည်အချင်း(ကျွမ်းကျင်လုပ်သားဗီဇာ) လျှောက်ထားရာတွင် လိုအပ်သည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ(N4နှင့် အထက်) အောင်မြင်ထားသူသည် JFT-Basic (ဂျပန်ဘာသာအခြေခံစာမေးပွဲ) ကို ဖြေဆိုရန်မလိုပါ။
※ စာမေးပွဲကို နောက်တွင်လည်း “မ” ဂဏန်းလများတွင် ရက်အနည်းငယ်ကြာ ကျင်းပပါမည်။ ယခုတစ်ခေါက် ကျင်းပမည့် စာမေးပွဲတွင် သတ်မှတ်ဦးရေပြည့်သွား၍ စာမေးပွဲဖြေဆိုခွင့်မရခဲ့ပါက နောက်တစ်ခေါက် ကျင်းပသည့် စာမေးပွဲကို ဖြေဆိုပါ။

本セミナーに関するお問合せ:
The Japan Foundation
+95-(1)-430920/430921
nihongo@jpf-mm.org

ဆွေးနွေးပွဲနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းခြင်း
The Japan Foundation
+95-(1)-430920/430921
nihongo@jpf-mm.org

“Temples & Shrines” ဓာတ်ပုံပြပွဲ၏ အဆက်အဖြစ် “Temples & Shrines II”ဟူသော ခေါင်းစဉ်အောက်တွင် ကျို တိုနှင့် နာရာဒေသများမှ သမိုင်းကြောင်းတစ်လျှောက် မပျက်စီးပဲ ကျန်ရစ်ခဲ့သည့် ဘုရားကျောင်းနှင့် နတ်နန်းများကို ပြသထားပါသည်။ ဂျပန်ကို နှစ်ပေါင်း ၂၅ဝ ကျော်အောင် အုပ်ချုပ်ခဲ့သော တိုခုဂါဝါ ရှိုးဂွန်း၏ ရုပ်တုကို ပြဌာန်းထားရာ တိုရှိုဂု နတ်နန်း၊ ကျိုတိုမြို့၏ သက်တမ်းအရှည်ဆုံး ခမီဂမိုနှင့် ရှိမိုဂမို နတ်နန်းများ၊ ဂျပန်နိုင်ငံ၏ အထင်ရှားဆုံးနှင့် သမိုင်းကြောင်းအရ အရေးပါလှသော ဘုရားကျောင်းဖြစ်သည့် တိုဒိုင်းဂျီ ဘုရားကျောင်း အစရှိသည့် ခေတ်အဆက် ဆက် ယဉ်ကျေးမှုကို ထိန်းသိမ်းလာနိုင်ခဲ့သော ဘုရားကျောင်း၊ နတ်နန်းများကို တွေ့မြင်နိုင်မည်ဖြစ်ပါသည်။

ဓာတ်ပုံဆရာ၏ ကိုယ်ရေးအကျဉ်း
မိဇုနို ခစုဟိကို ကို ကျိုတိုမြို့၏ ခမိဂရေားရပ်ကွက်တွင် ၁၉၄၁ ခုနှစ်၌ ဖွားမြင်ခဲ့ပါသည်။ ဒိုးရှိတတက္ကသိုလ်တွင် ဂျပန်စာပေအထူးပြုဖြင့် ဘွဲ့ရခဲ့ပြီး တိုကျို ဆိုးဂိုး ဓာတ်ပုံကောလိပ်တွင် ဘွဲ့လွန်သင်တန်းကို တက်ရောက်ခဲ့ပါသည်။ မိဇုနိုသည် ၁၉၆၉ ခုနှစ်မှစ၍ ကျိုတိုမြို့၏ ရှုခင်းများကို ဓာတ်ပုံရိုက်ခြင်းအတက်ပညာကို အထူးပြုလေ့လာလိုက်စားခဲ့ပါသည်။ ဂျပန်ရိုးရာယဉ်ကျေးမှုကိုလည်း လေ့လာခဲ့ပြီးနောက်တွင် သူ၏ဓာတ်ပုံများကို တည်းဖြတ်ခြင်းဆိုင်ရာ လုပ်ငန်းကိုပါ လုပ်ဆောင်ခဲ့ပါသည်။
၂ဝဝဝ ခုနှစ်တွင် သူ၏ကိုယ်ပိုင် ဓာတ်ပုံပြခန်းဖြစ်သည့် Townhouse Photo Hall (မချိရ ရှရှင်းကန်) ကို ဖွင့်လှစ်ခဲ့ပါသည်။

သူ၏ သဘာဝတောတောင်ရေမြေ အလှအပများကို ရိုက်ကူးထားသော ရှုခင်းဓာတ်ပုံများသည် Fore World Magazine က ထောက်ပံ့ချီးမြှင့်သော ၂ဝဝ၂ခုနှစ်အတွက် Fore World စာအုပ်၏ “အိမ်နှင့်ဥယျာဉ်” ဓာတ်ပုံအမျိုးအစားအတွက် ရွှေတံဆိပ်ဆု ရရှိခဲ့ပါသည်။
သူသည် ဂျပန်ဓာတ်ပုံဆရာများ အဖွဲ့အစည်းနှင့် ဂျပန်ဓာတ်ပုံအနုပညာအဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါသည်
မိဇုနို ခစုဟိကိုသည် စာအုပ်ပေါင်း ၁၄ဝကို ထုတ်ဝေခဲ့ပြီး စာအုပ်အများစုသည် ဓာတ်ပုံပေါင်းချုပ်များဖြစ်သည်။

ဂျပန်ဖောင်ဒေးရှင်းတွင် လစဉ်ပြုလုပ်နေကြဖြစ်တဲ့ Yukata Try-out ယုကတ ဝတ်ဆင်တဲ့ အစီအစဉ်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြုလုပ်သွားမှာဖြစ်ပါတယ်။ ပထမဦးဆုံးအကြိမ်ဝတ်ဆင်သူ ( Yukata လုံးဝ လုံးဝ မဝတ်ဖူးသူများ) ကို ဦးစားပေးသွားမည်ဖြစ်ပါသည်။ Yukata size မှာ ဂျပန်လူမျိုး အရွယ်ရောက်အမျိုးသား၊ အမျိုးသမီးဝတ် medium size ဖြစ်ပါသည်။

နှစ်ချိန်ခွဲပြီး ပြုလုပ်သွားမည်ဖြစ်ပြီး မနက် ၁ဝ နာရီမှ ၁၂နာရီအထိ ပထမတစ်ချိန်၊ နေ့လည် ၂ နာရီမှ ၄ နာရီအထိ ဒုတိယတစ်ချိန် ပြုလုပ်သွားမည်ဖြစ်သည့်အတွက် မိမိအဆင်ပြေသည့်အချိန်တွင် လာရောက်ပါဝင်နိုင်ပါသည်။ လူဦးရေကန့်သက်ထားပြီး တစ်ချိန်ကို မိန်းကလေး (၈) ယောက်၊ ယောကျ်ားလေး (၂)ယောက် စုစုပေါင်း ဆယ်ယောက်စီသာ လက်ခံသွားမည်ဖြစ်သည့်အတွက် အမှန်တကယ် စိတ်ပါဝင်စားသူများသာ စာရင်းပေးသွင်းဖို့ မေတ္တာရပ်ခံချင်ပါသည်။ မိမိတို့၏ မိတ်ဆွေ၊ သူငယ်ချင်းများကိုပါ လေ့လာသူများအဖြစ်လည်း ခေါ်လာနိုင်ပါသည်။

Yukata ကို အပေါ်ကထပ်ပြီးဝတ်မည်ဖြစ်သည့်အတွက် ကော်လံမပါသော၊ ပေါ့ပါးသော အဝတ်အစားကို ဝတ်ဆင်လာရန် အကြံပြုချင်ပါသည်။ မှတ်ပုံတင်များကို ပွဲနေ့တွင် ယူဆောင်လာဖို့ လိုအပ်ပါသည်။ စာရင်းပေးသွင်းလိုပါက Japan Foundation, Yangon ၏ messanger မှတစ်ဆင့် မိမိပါဝင်လိုသော အချိန်၊ အမည်နှင့် ဖုန်းနံပါတ်တို့ကို ပေးပို့ပြီး စာရင်းပေးနိုင်ပါသည်။ ဇန်နဝါရီလ ၃၁ ရက်နေ့ (သောကြာနေ့) မနက် ၉ နာရီတွင် စာရင်းပိတ်မည်ဖြစ်သည်။

ကျပန်းရွေးချယ်သော စနစ်ဖြစ်တဲ့အတွက် မိမိ၏ သူငယ်ချင်းများနှင့်အတူ အဖွဲ့လိုက်စာရင်းပေးသူများအတွက် အဖွဲ့တစ်ခုလုံး ရွေးချယ်ခံရမည်မဟုတ်ကြောင်း ကြိုတင်အသိပေးလိုပါတယ်။ ရွေးချယ်ခံရသူများကို သောကြာနေ့ နေ့လည်တွင် ဖုန်းဆက်အကြောင်းကြားမည်ဖြစ်ပြီး ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ Facebook page တွင်လည်း ပါဝင်မည့် လူစာရင်းကို ရွေးချယ်ပြီးဖြစ်တဲ့အကြောင်း ကြေငြာသွားမှာ ဖြစ်ပါတယ်။ ရွေးချယ်ခံရသူများကိုသာ ဖုန်းဆက်ပြီးအကြောင်းကြားမှာ ဖြစ်တဲ့အတွက် ဖုန်းလက်ခံမရရှိသောသူများသည် နောက်တစ်ကြိမ် ပြုလုပ်မည့် Yukata Try-out တွင် ပါဝင်ကြဖို့ အကြံပြုဖိတ်ခေါ်ချင်ပါတယ်။

“Yukata Try-out IX”
နေ့ရက် : ၂၀၂ဝ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ ရက် (စနေနေ့)
အချိန် : ၁ဝ နာရီမှ ၁၂ နာရီအထိ ( ပထမအချိန် ) ၊ ၂ နာရီမှ ၄ နာရီအထိ (ဒုတိယအချိန်)
နေရာ : ဂျပန်ဖောင်ဒေးရှင်း ၊ ရန်ကုန်
အမှတ် (၇ဝ)၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
အခမဲ့ လာရောက်ပါဝင်နိုင်ပါသည်။

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်မှာ ၂ဝ၂ဝ နှစ်သစ်ရဲ့ ပထမဆုံး ရုပ်ရှင်ပြသခြင်း အစီအစဉ် “Movie Night” ကို လာမယ့် ၂၉ ရက်နေ့ ဗုဒ္ဓဟူးနေ့ညမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ရောမအင်ပါယာက ရေပူစမ်းဆောက်လုပ်သူ ဗိသုကာပညာရှင်တစ်ဦး အချိန်ခရီးသွားပြီး ယနေ့ခေတ်ဂျပန်နိုင်ငံရဲ့ အများသုံးရေချိုးကန်သို့ ရောက်သွားပုံကို ပုံဖော်ထားတဲ့ “Thermae Romae” ဟာသဇာတ်ကားကို အင်္ဂလိပ်စာတန်းထိုးနဲ့ ပြသသွားမှာပါ။

ဒီဇာတ်ကားက ယာမဇကီ မာရီရဲ့ အောင်မြင်ကျော်ကြား လူကြိုက်များခဲ့ပြီး ၂ဝ၁ဝ ခုနှစ် Manga Taisho ဆု၊ Tezuka Osamu Cultural Prize for Best Short Work ဆုများလည်း ရရှိထားသည့် Therame Romae Manga ကို ရုပ်ရှင်ဇာတ်ကားအနေဖြင့် ပြန်လည်ဖန်တီးထားခြင်းဖြစ်ပါတယ်။ နိုင်ငံတကာရုပ်ရှင်ပွဲတော်များမှာ ဆုပေါင်းများစွာရရှိထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အီတလီနိုင်ငံရဲ့ အကြီးမားဆုံး ရုပ်ရှင်စတူဒီယိုဖြစ်တဲ့ Cinecitta မှာ ကျယ်ပြောလှတဲ့ ရောမအင်ပါယာကြီးကို ပုံဖော်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း
လူစီးယပ်စ်သည် ရောမအင်ပါယာတွင် Spa Bath ဟုခေါ်သည့် ရေပူစမ်း ရေချိုးကန်များကို ဆောက်လုပ်ပေးသော ဗိသုကာပညာရှင်တစ်ဦးဖြစ်သည်။ တစ်နေ့တွင် လူစီးယပ်စ်သည် ရေပူစမ်းအောက်ရှိ လှိုဏ်ခေါင်းငယ်တစ်ခုကို ရှာတွေ့ရာမှ အချိန်ခရီးသွား ယန္တရားဖြင့် ယနေ့ခေတ် ဂျပန်နိုင်ငံ၏ အများသုံးရေချိုးကန်တစ်ခုသို့ ရောက်ရှိသွားသည်။ ဂျပန်တွင် တွေ့ရသည့် ရေချိုးကန်တို့ရဲ့ တီထွင်ဖန်တီးထားမှုတွေကို နည်းယူပြီး လူစီးယပ်စ်ဟာ ဂျပန်ရဲ့ ယဉ်ကျေးမှုတွေကို ရောမသို့ သယ်ယူသွားကာ လျှမ်းလျှမ်းတောက် အောင်မြင်လာခဲ့ပြီး ဧကရာဇ်ဘုရင်တောင်မှ သူ့ကို ဧရာမ ရေပူစမ်းကြီးကို ဆောက်လုပ်ခိုင်းတဲ့အထိ နာမည်ကြီးလာခဲ့ပါတယ်။

နေ့ရက် : ၂ဝ၂ဝ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်
အချိန် : ညနေ ခြောက်နာရီခွဲ
နေရာ : ဂျပန်ဖောင်ဒေးရှင်း၊ရန်ကုန်
အင်္ဂလိပ်စာတန်းထိုးဖြင့် ပြသသွားမည်။

ဇန်နဝါရီလ ၂၅ရက် (စနေနေ့) နေ့လယ် ၂နာရီမှ ၃နာရီခွဲအထိ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာမှာ Nihongo Club ကို ပြုလုပ်မှာဖြစ်ပါတယ်။ Nihongo Club ဆိုတာက ဂျပန်လူမျိုးတွေနဲ့ ပျော်ရွှင်စွာ စကားစမြည်ပြောဆိုကြတဲ့ အစီအစဉ်ပဲဖြစ်ပါတယ်။
ဒီတစ်ခေါက်ပြောဆိုကြမယ့် အကြောင်းအရာကတော့ “ အင်အားဖြစ်စေတဲ့သီချင်း ” အကြောင်းပဲဖြစ်ပါတယ်။ ဂျပန်ရဲ့ အင်အားဖြစ်စေတဲ့သီချင်းတွေအကြောင်းကို လေ့လာပြီး အတူတူ သီဆိုကြရအောင်။ ဂျပန်ဘာသာစကားနဲ့ နှီးနှောဖလှယ်ပြောဆိုချင်သူများ၊ ဂျပန်သီချင်းတွေကို နှစ်သက်သဘောကျသူများကို လာရောက်ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။
စာရင်းပေးသွင်းရန် – ဂျပန်ဖောင်ဒေးရှင်းရန်ကုန် FB Page ( The Japan Foundation, Yangon ) ၏ Message Box သို့ အမည်၊ ဖုန်းနံပါတ်တို့ကို် ပေးပို့၍စာရင်းပေးသွင်းနိုင်ပါတယ်။ သတ်မှတ်ထားတဲ့ လူဦးရေ ပြည့်သွားတာနဲ့ စာရင်းပိတ်မှာ ဖြစ်ပါတယ်။
နေ့ရက်/အချိန် – ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ၊ ၂၅ရက် ( စနေနေ့ ) နေ့လယ် ၂ နာရီ မှ ၃ နာရီခွဲ အထိ
လူဦးရေ – ၂၀ဦး
ဘာသာစကား- ဂျပန်ဘာသာ
ဝင်ကြေး-အခမဲ့
လိပ်စာ -ဂျပန်ဖောင်ဒေးရှင်းရန်ကုန်
အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် ၁၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။

အခြေခံအီဂို့ကစားနည်းသင်ကြားပို့ချခြင်း

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်တွင် ဒုတိယအကြိမ်မြောက် အီဂို့ကစားနည်းအခြေခံကို သင်ကြားပို့ချမှာဖြစ်ပါတယ်။
အီဂို့ဆိုတာက ဘုတ်ပြားနဲ့ ကျောက်တုံးကလေးတွေကို သုံးပြီး ကစားရတဲ့ ကစားနည်းတစ်ခုဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ထောင်ကျော်မတိုင်မီကတည်းကတရုတ်နိုင်ငံမှာ စတင်ပေါ်ပေါက်ခဲ့ပြီး ဂျပန်မှာသာမက အခုဆိုရင် ကမ္ဘာတစ်ဝှမ်းမှာပါ လူသိများလာပြီဖြစ်ပါတယ်။
သင်ကြားပြသပေးမယ့် ဆရာ ခန်းဂျိ တာနက နဲ့အတူ အီဂို့ကစားနည်းကို ပျော်ပျော်ရွှင်ရွှင်လေ့လာကြရအောင်။
တစ်ကြိမ်တစ်ခါမှ မကစားဖူးသေးသူများ၊ မိဘနှင့်ကလေးအတူပါဝင်မှု များကို ကြိုဆိုပါတယ်။
အသက် ၁၂ အောက်အရွယ်ကလေးများ ပါဝင်မည်ဆိုပါက လူကြီးတစ်ဦးလိုက်ပါရန်လိုအပ်ပါသည်။

စာရင်းပေးသွင်းရန် – The Japan Foundation, Yangon ၏ FB Messenger သို့ အမည်၊ ဖုန်းနံပါတ်များကို ပေးပို့၍ ကြိုတင်စာရင်းပေးသွင်းဖို့လိုအပ်ပါတယ်။ သတ်မှတ်ဦးရေပြည့်သွားပါက စာရင်းပိတ်မှာဖြစ်ပါတယ်။

နေ့ရက် – ၂၀၁၉ခုနှစ် ဒီဇင်ဘာလ ၂၁ရက် ( စနေနေ့ )
အချိန် – နံနက် ၁၀ နာရီမှ နေ့လည် ၁၂နာရီအထိ
သတ်မှတ်ဦးရေ – ၁၆ဦး
ဘာသာစကား – အင်္ဂလိပ်ဘာသာ (မြန်မာစကားပြန်ထားရှိပါမည်)
ဝင်ကြေးအခမဲ့
နေရာ – အမှတ် (၇၀)၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။

ဇန်နဝါရီလ ၂၅ရက် ( စနေနေ့ ) ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာမှာ အခြေခံ Shodo လက်တွေ့လေ့လာခြင်းနဲ့ Kakizome အစီအစဉ်ကို ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ Kakizome ဆိုတာက နှစ်သစ်မှာ ပထမဦးဆုံးစာလုံးအလှရေးသားခြင်း ဖြစ်ပါတယ်။ ရှေးတုန်းက နှစ်သစ်ရဲ့ပထမဆုံးအလုပ်တက်ရက်ဖြစ်ခဲ့တဲ့ ဇန်နဝါရီလ ၂ရက်နေ့မှာ ပြုလုပ်လေ့ရှိပြီး တစ်နှစ်တာလုံး ရည်မှန်းချက်တွေ ပြည့်ဝလာပါစေ ဆိုတဲ့ အဓိပ္ပါယ်ကို ထည့်သွင်းရေးသားကြပါတယ်။ ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး ရန်ကုန်မြို့မှာ နေထိုင်လျက်ရှိတဲ့ Ms. Yume က သင်ကြားပို့ချမှာဖြစ်ပြီး ဂျပန်ဘာသာလေ့လာနေသူများနဲ့ အနုပညာကို စိတ်ပါဝင်စားသူများကို တက်ရောက်ဖို့ တိုက်တွန်းချင်ပါတယ်။ မြန်မာဘာသာစကားနဲ့ သင်ကြားပို့ချမှာဖြစ်ပြီး ဆရာမ Ms. Yume မှလည်း Shodo သရုပ်ပြမှု ပြုလုပ်မှာဖြစ်ပါတယ်။

နေ့ရက် :၂၀၂၀ခုနှစ် ဇန်နဝါရီလ ၂၅ရက်နေ့ ( စနေနေ့ )
အချိန် : နံနက် ၁၀နာရီ မှ ၁၂နာရီအထိ
သတ်မှတ်လူဦးရေ : ၁၅ ဦး
ဘာသာစကား : မြန်မာဘာသာ
ဝင်ကြေးအခမဲ့
နေရာ : ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ၊ အမှတ် ၇ဝ ၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။

စာရင်းပေးသွင်းရန် – Japan Foundation Yangon ၏ Facebook Messenger မှတစ်ဆင့် အမည်၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်နှင့် တက်ရောက်လိုသည့် ပွဲအမည်ကို အင်္ဂါနေ့မှ စနေနေ့အတွင်း ပေးပို့၍ ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။ တနင်္ဂနွေနေ့နှင့် တင်္နလာနေ့တွင် ရုံးပိတ်ပါသည်။ လူဦးရေ အကန့်အသတ်ရှိသည့်အတွက် သတ်မှတ်လူဦးရေပြည့်သွားပါက စာရင်းပိတ်မည်ဖြစ်ပါသည်။

ပို့ချမယ့်သူအကြောင်း အကျဉ်းချုပ် – Ms. Yume၊ ရန်ကုန်မြို့တွင် ၇နှစ်ခွဲခန့်ကြာ နေထိုင်လျက်ရှိပြီး၊ အသက် ၄နှစ်အရွယ်မှစပြီး ၁၁နှစ်ကြာ Shodo ကို လေ့လာခဲ့သည်။ မြန်မာနိုင်ငံသို့ ရောက်ရှိပြီးနောက်တွင် Shodo ရေးဆွဲခြင်းကို ပြန်လည်စတင်ခဲ့ပြီး ဒီဇိုင်းအမျိုးမျိုးနှင့် Shodo ကို ပေါင်းစပ်ပြီး အနုပညာလက်ရာအသစ်များ ဖန်တီးလျက်ရှိသည်။

ဤသင်ထောက်ကူစာအုပ် (စာသားများ၊ ရုပ်ပုံများ၊ ဓာတ်ပုံများ၊ အသံဖိုင်စသည်တို့အပါအဝင်) ၏ မူပိုင်ခွင့် (တစ်နည်းအားဖြင့် ဥာဏမူပိုင်ခွင့်) အား ဂျပန်ဖောင်ဒေးရှင်းမှ ပိုင်ဆိုင်သည်ဖြစ်ပါသဖြင့် ခွင့်ပြုချက်မရှိဘဲ ရောင်းချခြင်းခွင့်မပြုပါ။