ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာမှ ပြုလုပ်သော ဆွေးနွေးပွဲများတွင် အစဥ်အမြဲ ပါဝင်ပေးကြသူများကို ကျေးဇူးအထူးတင်ရှိပါတယ်။
ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာတွင် ၂၀၂၄ခုနှစ်က ဖွင့်လှစ်ခဲ့သော 「IRODORI သင်ကြားနည်းသင်တန်း」ကို တတိယတစ်ကြိမ် ထပ်မံဖွင့်လှစ်မှာပဲ ဖြစ်ပါတယ်။『IRODORI ဂျပန်တွင်နေထိုင်မှုဘဝအတွက် ဂျပန်ဘာသာစကား』သင်ထောက်ကူ၏ တွေးပုံတွေးနည်း၊ သင်ကြားနည်းတို့ကို နားလည်သဘောပေါက်ပြီး၊ ကျောင်းသားများ၏ လုပ်နိုင်မည့်အရာ(Can-do)စွမ်းရည်ကို မြှင့်တင်ပေးနိုင်မည့်အတန်းများသင်ကြားနိုင်သည့် ဆရာ၊ ဆရာမများကို ပျိုးထောင်ပေးဖို့ရည်ရွယ်ပါတယ်။ အဓိကပါဝင်တက်ရောက်စေလိုသူများကတော့ IRODORIသင်ထောက်ကူကို စသုံးကြည့်မည့်သူများ နှင့် အခုကစပြီး ဆရာဖြစ်လာချင်သူများအတွက် ရည်ရွယ်ပါတယ်။ သင်ယူသူရှုထောင့်မှ အတန်းတက်ရောက်လေ့လာကြည့်ခြင်း၊ သင်တန်းပို့ချခြင်း၊ အဖွဲ့တစ်ဖွဲ့ချင်းစီ သရုပ်ပြသင်ကြားခြင်း တို့မှတစ်ဆင့် ထိရောက်မှုရှိသော သင်ကြားရေးပုံစံကို လေ့လာနိုင်မှာဖြစ်ပါတယ်။ ဤအခွင့်အရေးကို အသုံးချပြီး ယုံကြည်မှုရှိစွာဖြင့် 『IRODORI』ကို သင်ကြားနိုင်မည့် ဆရာတစ်ယောက်ဖြစ်လာချင်သူများအတွက် အထူးသင့်လျော်ပါတယ်။ အားလုံးရဲ့ ပါဝင်တက်ရောက်မှုကို စောင့်မျှော်လျှက်ရှိပါတယ်။
■ကြာချိန် : စုစုပေါင်း ၅ကြိမ် အပတ်စဥ်စနေ့နေ့တိုင်း နံနက် 9:30~12:30
သင်တန်းချိန်တစ်ချိန်လျှင် 3နာရီကြာ(နားချိန်15မိနစ်))×5ကြိမ်=15နာရီကြာ
၂၀၂၅ခုနှစ် ဇွန်လ ၁၄ရက်နေ့ (စနေနေ့) မှ ဇူလိုင်လ ၂၆ရက်နေ့ (စနေနေ့)အထိ ※ ဇွန်လ ၂၈ရက်နေ့ နှင့် ဇူလိုင်လ ၅ရက်နေ့တို့ မပါဝင်ပါ။
ပထမအကြိမ် ဇွန်လ(၁၄)ရက်နေ့
ဒုတိယအကြိမ် ဇွန်လ(၂၁)ရက်နေ့
တတိယအကြိမ် ဇူလိုင်လ(၁၂)ရက်နေ့
စတုတ္ထအကြိမ် ဇူလိုင်လ(၁၉)ရက်နေ့
ပဥ္စမအကြိမ် ဇူလိုင်လ(၂၆)ရက်နေ့
■သင်တန်းပုံစံ:အပြင်သင်တန်း
■သင်တန်းနေရာ:ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာရှိ ဒုတိယထပ်စာဖတ်ခန်း
{အမှတ် ၇၀၊ နတ်မောက်လမ်းသွယ်(၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့}
အနီးဆုံးကားမှတ်တိုင်:ဗျိုင်းရေအိုးစင်မှတ်တိုင်
ကားနံပါတ်: ၄၃၊ ၆၄၊ ၈၀။
■သင်တန်းကြေး:အခမဲ့
■သတ်မှတ်ချက်များ:အောက်ပါအချက်များနှင့် ကိုက်ညီသော မြန်မာလူမျိုး ဂျပန်ဘာသာသင်ကြားရေးဆရာ၊ဆရာမများ
■သတ်မှတ်ဦးရေ :၁၅ ဦး
■အသုံးပြုမည့်စာအုပ်:『IRODORI ဂျပန်နိုင်ငံတွင် နေထိုင်မှုအတွက် ဂျပန်ဘာသာစကား အခြေခံအဆင့် (၁) A2』
※တက်ရောက်သူများကို ပုံနှိပ်သင်ထောက်ကူများ ပေးပါမည်။
■သင်ကြားပို့ချမည့်သူ:JFYGမှ ဂျပန်လူမျိုးဆရာမ (၂) ဦး
■သင်တန်းပြီးဆုံးကြောင်းလက်မှတ်:အတန်းတက်ရောက်မှု(၄) ကြိမ် နှင့်အထက်ရှိပြီး နောက်ဆုံးစစ်တမ်းတွင် ဖြေဆိုထားသောသူများသာ
■သင်တန်းလျှောက်လွှာ:အောက်တွင်ပေးထားသော URLမှတစ်ဆင့် လျှောက်လွှာတင်ပေးရန်
■လျှောက်လွှာ URL:https://forms.office.com/r/iW8e0T6pbe?origin=lprLink
■လျှောက်လွှာ နောက်ဆုံးလက်ခံမည့်ရက်:ဇွန်လ ၁၀ရက် (အင်္ဂါနေ့) ညနေ (၅) နာရီ
■တက်ရောက်ခွင့်ရရှိသူများအားအကြောင်းကြားမည့်ရက်:ဇွန်လ ၁၁ရက် (ဗုဒ္ဓဟူးနေ့) နေ့လည် (၂) နာရီနောက်ပိုင်း
※ ဦးရာသူစနစ်မဟုတ်ပါ။ လျှောက်ထားရသည့် ရည်ရွယ်ချက်နှင့် စာသင်ကြားမှုအတွေ့အကြုံစသည်တို့အပေါ် မူတည်၍ ရွေးချယ်သွားမည်ဖြစ်ပါသည်။ စိစစ်ရွေးချယ်နေစဥ်အတောအတွင်း ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာမှ ဖုန်းဖြင့်ဆက်သွယ်အတည်ပြုခြင်းများ ရှိနိုင်ပါသည်။ တက်ရောက်ခွင့်ရရှိသူများကိုတော့ ဖုန်းမှတစ်ဆင့် ပြန်လည်အကြောင်းကြားမည်ဖြစ်ပါတယ်။
အားလုံးဝင်ရောက်ပါဝင်လျှောက်ထားကြဖို့ကို စောင့်မျှော်နေပါတယ်။
—————————————————————————————————
【2025.6月-7月いろどり教師養成コース開講のお知らせ】
いつもヤンゴン日本文化センターのセミナーや勉強会にご参加いただきありがとうございます。
この度当センターでは、第3回目の「いろどり教師養成コース」を開講します。
このコースでは、『いろどり 生活の日本語』の考え方や教え方を理解し、学習者の「できること(Can-do)」を伸ばす授業ができる日本語教師の育成を目指します。
対象は、『いろどり』を初めて使う方や、これから教師になりたい方です。
授業体験、講義、グループでの模擬授業など、実践を通してスキルを高めます。
この機会に、自信をもって『いろどり』を教えられる教師を一緒に目指しませんか?
■期間 :全5回 毎週土曜日 9:30~12:30 1回3時間(休憩15分)×5回=15時間
2025年6月14日(土)~7月26日(土)※6月28日(土)、7月5日(土)を除く
第1回 | 6月14日 |
第2回 | 6月21日 |
第3回 | 7月12日 |
第4回 | 7月19日 |
第5回 | 7月26日 |
■実施方法:対面
■実施場所:国際交流基金ヤンゴン日本文化センター 2Fセミナールーム
The Japan Foundation,Yangon
No.70 Nat Mauk Lane(1), Bahan Township, Yangon
■受講料:無料
■参加条件:以下の条件を満たすミャンマー人日本語教師
・ 教師経験がある人、これから教師になりたい人
・『いろどり』の使用経験がなく、これから使ってみたい方
・・JFS B1・JLPT N3程度
・JFYGに5回通うことができる人
■定員:15名
■教材:『いろどり 生活の日本語 初級1 A2』
※受講者には上記テキストの印刷版を配布します
■講師 :当センター日本人講師2名
■修了証:4回以上出席し、最終アンケートに回答した人に授与
■参加申込:下記URLよりお申込ください。
申込URL: https://forms.office.com/r/iW8e0T6pbe?origin=lprLink
■申込締め切り: 6月10日(火)昼17時
■受講者発表: 6月11日(木)昼14時以降
※先着順ではありません。受講申し込み内容を基に選考させていただきます。 選考に際し、当センターからお電話を差し上げることがあります。受講者には電話でご連絡いたします。
皆さまのお申し込みをお待ちしております!
အားလုံးပဲ မင်္ဂလာပါ။
(၁၇)ကြိမ်မြောက် ဂျပန်ဘာသာသင်ကြားရေးဆရာ၊ဆရာမများအတွက် ဆွေးနွေးပွဲကို ကျင်းပသွားမှာပဲဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဂျပန်ဘာသာသင်ကြားရေးအထူးပြုပညာရှင်ဖြစ်သည့် ဆရာမNAGASAKAမှ ❝Role playနည်းလမ်းကိုသုံးပြီး ဂျပန်စကားပြောစွမ်းရည်ကို မြှင့်တင်ကြရအောင်❞ဆိုတဲ့ခေါင်းစဥ်ဖြင့် Role Playနည်းလမ်းသုံးပြီး သင်ကြားတဲ့စာသင်ချိန် နှင့် သင်ကြားရေးနည်းလမ်းများကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ Kaiwaသင်ကြားပေးမှုနှင့်ပတ်သက်ပြီး ပိုမိုသိရှိလိုသော ဆရာ၊ဆရာမများအနေဖြင့် ဆွေးနွေးပွဲမှာ သင်ကြားနည်း၏အရိပ်အမြွက်များ နှင့် အကြံဥာဏ်များကို ရယူကြည့်ကြမလား? ဆက်ဆက်ပါဝင်တက်ရောက်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။
■ကျင်းပမည့်နေ့ရက် : ၂၀၂၅ ခုနှစ် ဇွန်လ ၇ ရက် (စနေနေ့)
■ကျင်းပမည့်အချိန် :မြန်မာစံတော်ချိန် နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီ အထိ
■တတ်ရောက်နိုင်မည့်သူများ : မြန်မာနိုင်ငံ၏ဂျပန်ဘာသာသင်ကြားရေးနှင့် ပတ်သက်သောသူများ (JLPT N3 နှင့်အထက်)
*ကျောင်းသား၊ ကျောင်းသူများမပါဝင်ပါ။
■ကျင်းပမည့်ပုံစံ:Offline( Laptopယူလာပေးကြပါရန်။)
■ကျင်းပမည့်နေရာ:The Japan Foundation,Yangon
အမှတ်(၇၀)၊ နတ်မောက်လမ်းသွယ်(၁)လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
■ဟောပြောမည့်ဆရာ:NAGASAKA MIAKI ( Professional Japanese Lecturer, Japan Foundation Japanese-Language Institute )
*ဆွေးနွေးပွဲကိုဂျပန်ဘာသာဖြင့် ကျင်းပသွားပါမည်။
■လျှောက်လွှာတင်ရန်:အောက်ဖော်ပြပါ URL မှတဆင့်လျှောက်ထားပေးပါရန်။၏
■လျှောက်လွှာပိတ်ချိန် : မေလ ၃၀ရက် ( သောကြာနေ့) မြန်မာစံတော်ချိန်ညနေ ၄ နာရီ
*လျှောက်ထားသူများပြားသောအခါမျိုးတွင် လျှောက်လွှာဖောင်စော၍ပိတ်ခြင်းလည်း ရှိနိုင်ပါသဖြင့် နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။
မေးမြန်းစုံစမ်းရန်:nihongo.jfyg@jpf.go.jp
01-430920, 01-430921
★ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ၏ ဖုန်းနံပါတ်:01-430920・ 01-430921
★ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ၏ Facebook Page
:https://www.facebook.com/JFYangon
————————————————————————–
第17回 ミャンマー日本語教師セミナーのお知らせ
みなさん、こんにちは! 第17回ミャンマー日本語教師セミナー開催のお知らせです。第17回は講師に長坂日本語教育専門員を迎え「ロールプレイで会話力を伸ばす」と題して、ロールプレイを使った授業の進め方を学びます。会話授業に悩んでいる先生方、セミナーで授業のヒントやアイデアを得て、会話授業を改善してみませんか。是非ご参加ください!
■開催日:2025年6月7日(土)9:00~12:00(ミャンマー時間)
■対象:ミャンマーの日本語教育に関わる方(JLPT N3以上)*学生・学習者は不可
■実施方法:対面(PCをご持参ください)
■会場:国際交流基金 ヤンゴン日本文化センター
No.70 Nat Mauk Lane (1), Bahan Township, Yangon
■講師:長坂 水晶(国際交流基金日本語国際センター日本語教育専門員)
■使用言語:セミナーは日本語で行います。
■参加申込:下記URLよりお申込ください。
■申込締切:5月30日(金)16:00(ミャンマー時間)
*申込者が多い場合、早めに締め切ることがございます。ご了承ください。
問い合わせ:nihongo.jfyg@jpf.go.jp
01-430920, 01-430921
★ヤンゴン日本文化センター電話番号:01-430920・ 01-430921
★ヤンゴン日本文化センターFacebookページ:https://www.facebook.com/JFYangon
ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာမှ ကျင်းပပြုလုပ်သောအစီအစဥ်များတွင် အမြဲပါဝင်တက်ရောက်ပေးကြသူများအားလုံးကို ကျွန်ုပ်တို့စင်တာမှ အထူးကျေးဇူးတင်ရှိပါတယ်။
ယခုတစ်ကြိမ်တွင် ကျွန်ုပ်တို့စင်တာမှ 「ကလေးများအတွက် နွေရာသီဂျပန်စာသင်တန်း」ကို ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ ဤသင်တန်းတွင် ဂျပန်ဘာသာစကားနှင့် လုံးဝမထိတွေ့ဖူးသေးသော ကျောင်းသားများကို အဓိကဦးတည်၍ ဂျပန်ဘာသာစကားနှင့် ဂျပန်နိုင်ငံ၏ယဥ်ကျေးမှုကို ပျော်ပျော်ရွှင်ရွှင်ထိတွေ့နိုင်မည့် အခွင့်အရေးကို ရရှိစေရန် ရည်ရွယ်ထားတာဖြစ်ပြီး အခမဲ့သင်ကြားပေးမည့်အတန်းဖြစ်ပါတယ်။
ဂျပန်နိုင်ငံနှင့်ပတ်သက်ပြီး စိတ်ပါဝင်စားသော ကျောင်းသားများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်အတွင်း ဂျပန်ဘာသာစကားကို လေ့လာကြည့်ကြမလား? အားလုံးပါဝင်ဖို့ကို စောင့်မျှော်နေပါတယ်။
■အချိန် :၂၀၂၅ခုနှစ်၊ မေလ၊ ၇ ရက်နေ့(ဗုဒ္ဓဟူးနေ့)မှ မေလ၊ ၃၀ ရက်နေ့(သောကြာနေ့)နေ့လည် 2:00~3:30 အပတ်စဥ် ဗုဒ္ဓဟူးနေ့ နှင့် သောကြာနေ့။ မိနစ်၉၀ကြာအတန်းချိန် (စုစုပေါင်း ၈ကြိမ်)
■နေရာ : The Japan Foundation, Yangon
No.70 Nat Mauk Lane (1), Bahan Township, Yangon
■သင်တန်းကြေး:အခမဲ့
■ပါဝင်နိုင်သူများ:ဂျပန်ဘာသာစကားကို မသင်ကြားဖူးသေးသော ကျောင်းသားများ Grade6 မှ Grade 9
(11နှစ်~14နှစ်)
※ အတန်းချိန် ၈ကြိမ်လုံး အုပ်ထိန်းသူနှင့်အတူ The Japan Foundation, Yangonသို့
လာရောက်နိုင်သော ကျောင်းသား၊သူများသာ
■သတ်မှတ်ဦးရေ:30ဦး
■အသုံးပြုသင်ကြားမည့်သင်ထောက်ကူ:『ဝခုဝခု ဂျပန်စာ』
※ သင်တန်းတက်ရောက်ခွင့်ရရှိသူများကို အထက်ဖော်ပြပါ သင်ထောက်ကူစာအုပ်၏
ပရင့်ထုတ်ဗားရှင်းကို ပေးသွားပါမည်။
■သင်တန်းပြီးဆုံးကြောင်းလက်မှတ်:80%အထက်တက်ရောက်သူများကိုသာ ပေးသွားမည်ဖြစ်ပါသည်။
■လျှောက်လွှာတင်ရန်: အောက်ပါ Linkမှတဆင့် လျှောက်ထားပေးပါရန်။
လျှောက်ထားရန်URL:https://forms.office.com/Pages/ResponsePage.aspx?id=oy_HkJxhhky73GK1b_fZOeCGB-qQ4RhAlunZyAqPrSlURTVBNFVWTDROTkJaUjhNNkM3TFRXQVIyRS4u
■ဖောင်ပိတ်ချိန်:ဧပြီလ၊ ၃၀ ရက်(ဗုဒ္ဓဟူးနေ့)နေ့လည် ၁၂ နာရီ
※ စကာတင်ရွေးချယ်သည့်အဆင့်တွင် လိုအပ်သည်များကို ကျွန်ုပ်တို့စင်တာမှ ဆက်သွယ်မေးမြန်းခြင်းများရှိနိုင်ပါသည်။
※လျှောက်ထားသူများထဲမှ သင့်တော်သူများကိုရွေးချယ်ပြီးလျှင် ဖုန်းဖြင့်ပြန်လည်ဆက်သွယ်အကြောင်းကြားပေးသွားပါမည်။
―――――――――――――――――――――――――――――
【夏休みこどもにほんごクラスのお知らせ】
いつもヤンゴン日本文化センターのセミナーやイベントにご参加いただきありがとうございます。
この度、当センターでは、「夏休みこどもにほんごクラス」を開講します。
このクラスでは、今まで日本語を勉強したことのない中学生を対象に、日本語や日本文化に楽しく触れる機会を無料で提供します。日本に興味のある中学生のみなさん、夏休みの間に日本語を勉強してみませんか。みなさんのご参加をお待ちしています。
■期間 :2025年5月7日(水)~5月30日(金)14:00~15:30
全8回 毎週水曜日と金曜日 各90分×8回
■場所 :国際交流基金ヤンゴン日本文化センター The Japan Foundation,Yangon
No.70 Nat Mauk Lane (1), Bahan Township, Yangon
■受講料:無料
■対象 :日本語を勉強したことがない中学生Grade6-9(11歳~14歳)
全8回保護者が同伴してJFYGに通える生徒
■定員 :30名
■教材 :『わくわくにほんご』
※受講者には上記テキストの印刷版を配布します
■修了証:80%以上出席した人に授与
■参加申込:下記URLより保護者の方がお申込ください。
■申込締め切り:4月30日(水)昼12時
※ 選考に際し、当センターからお電話を差し上げることがあります。
※ 結果が決まり次第、受講可能かどうかを電話でお知らせします。
#thejapanfoundationyangon
#jfyg
#jfyangon
#jf
#thejapanfoundation
#国際交流基金
ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာမှ ပြုလုပ်သော ဆွေးနွေးပွဲများတွင် အစဥ်အမြဲ ပါဝင်ပေးကြသူများကို ကျေးဇူးအထူးတင်ရှိပါတယ်။
ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာတွင် ၂၀၂၄ခုနှစ်က ဖွင့်လှစ်ခဲ့သော 「IRODORI သင်ကြားနည်းသင်တန်း」ကို ဒုတိယတစ်ကြိမ် ထပ်မံဖွင့်လှစ်မှာပဲ ဖြစ်ပါတယ်။『IRODORI ဂျပန်တွင်နေထိုင်မှုဘဝအတွက် ဂျပန်ဘာသာစကား』သင်ထောက်ကူ၏ တွေးပုံတွေးနည်း၊ သင်ကြားနည်းတို့ကို နားလည်သဘောပေါက်ပြီး၊ Communicationစွမ်းရည်ကို တိုးတက်လာစေနိုင်သည့် Can–do ကို ဦးတည်ချက်အဖြစ်ထားသောသင်တန်းကို သင်ကြားနိုင်မည့် ဆရာ၊ဆရာမများကို လေ့ကျင့်သင်ကြားပေးဖို့ ရည်ရွယ်ထားခြင်းပဲ ဖြစ်ပါတယ်။ သင်ယူသူရှုထောင့်မှ အတန်းတက်ရောက်လေ့လာကြည့်ခြင်း၊ သင်တန်းပို့ချခြင်း၊ အဖွဲ့တစ်ဖွဲ့ချင်းစီ သရုပ်ပြသင်ကြားခြင်း တို့မှတစ်ဆင့် ထိရောက်မှုရှိသော သင်ကြားရေးပုံစံကို လေ့လာနိုင်မှာဖြစ်ပါတယ်။ ဤအခွင့်အရေးကို အသုံးချပြီး ယုံကြည်မှုရှိစွာဖြင့် 『IRODORI』ကို သင်ကြားနိုင်မည့် ဆရာတစ်ယောက်ဖြစ်လာချင်သူများအတွက် အထူးသင့်လျော်ပါတယ်။ အားလုံးရဲ့ ပါဝင်တက်ရောက်မှုကို စောင့်မျှော်လျှက်ရှိပါတယ်။
■နေ့ရက်:၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ ၁ရက် (စနေနေ့) မှ မတ်လ ၂၂ရက် (စနေနေ့) အထိ၊ နေ့လည် (၁:၃၀~၄:၃၀)
အပတ်စဉ် စနေနေ့တိုင်း၊ တစ်ချိန်-၃နာရီ (နားချိန် ၁၅မိနစ်)ဖြင့် စုစုပေါင်း ၈ကြိမ်=၂၂နာရီ
■သင်တန်းပုံစံ:အပြင်သင်တန်း
■သင်တန်းနေရာ:ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ
{အမှတ် ၇၀၊ နတ်မောက်လမ်းသွယ်(၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့}
■သင်တန်းကြေး:အခမဲ့
■သတ်မှတ်ချက်များ:အောက်ပါအချက်များနှင့် ကိုက်ညီသော မြန်မာလူမျိုး ဂျပန်ဘာသာသင်ကြားရေးဆရာ၊ဆရာမများ
■သတ်မှတ်ဦးရေ :၂၀ ဦး
■အသုံးပြုမည့်စာအုပ်:『IRODORI ဂျပန်နိုင်ငံတွင် နေထိုင်မှုအတွက် ဂျပန်ဘာသာစကား အခြေခံအဆင့်(၁) A2』
※တက်ရောက်သူများကို ဖတ်စာအုပ်ပုံနှိပ်များ ပေးဝေမည်
■သင်ကြားပို့ချမည့်သူ:JFYGမှ ဂျပန်လူမျိုးဆရာမ(၂)ဦး
■သင်တန်းပြီးဆုံးကြောင်းလက်မှတ်:အတန်းတက်မှုရာခိုင်နှုန်း ၈၀%နှင့်အထက်ရှိပြီး နောက်ဆုံးစစ်တမ်းတွင် ဖြေဆိုထားသောသူများသာ
■သင်တန်းလျှောက်လွှာ:အောက်တွင်ပေးထားသော URLမှတစ်ဆင့် လျှောက်လွှာတင်ပေးရန်
■လျှောက်လွှာ URL:https://forms.office.com/r/8XZ8QKkrGZ
■လျှောက်လွှာ နောက်ဆုံးလက်ခံမည့်ရက်:ဇန်နဝါရီလ ၂၉ရက် (ဗုဒ္ဓဟူးနေ့) နေ့လည်(၁၂)နာရီ
※ ဦးရာသူစနစ်မဟုတ်ပါ။ လျှောက်ထားရသည့် ရည်ရွယ်ချက်နှင့် စာသင်ကြားမှုအတွေ့အကြုံစသည်တို့အပေါ် မူတည်၍ ရွေးချယ်သွားမည်ဖြစ်ပါသည်။ စိစစ်ရွေးချယ်နေစဥ်အတောအတွင်း ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာမှ ဖုန်းဖြင့်ဆက်သွယ်အတည်ပြုခြင်းများ ရှိနိုင်ပါသည်။ တက်ရောက်ခွင့်ရရှိသူများကိုတော့ email မှတစ်ဆင့် အကြောင်းကြားမည်ဖြစ်ပါသဖြင့် email ကို စစ်ဆေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ရံဖန်ရံခါ spam mail ထဲသို့ရောက်ရှိနေတတ်ပါသဖြင့် သတိပြုပေးပါရန်။
ဝင်ရောက်ပါဝင်လျှောက်လွှာတင်ကြဖို့ကို စောင့်မျှော်နေပါသည်။
—————————————————————————————————
【2025.2月-3月いろどり教師養成コース開講のお知らせ】
いつもヤンゴン日本文化センターのセミナーや勉強会にご参加いただきありがとうございます。
この度当センターでは、2024年に続き二回目となる「いろどり教師養成コース」を開講します。
このコースでは、『いろどり 生活の日本語』の考え方・教え方を理解し、コミュニケーション能力向上のCan-doを目標にした授業が行える教師の養成を目指します。
授業体験、講義、グループごとの模擬授業などを通して効果的な授業設計が学べます。これを機会に自信をもって『いろどり』を教えられる教師を目指しませんか?
皆様のご参加をお待ちしています。
■期間 :2025年2月1日(土)~3月22日(土)13:30~16:30
全8回 毎週土曜日 各3時間(休憩15分)×8回=22時間
■実施方法:対面
■実施場所:国際交流基金ヤンゴン日本文化センター The Japan Foundation,Yangon
No.70 Nat Mauk Lane(1), Bahan Township, Yangon
■受講料:無料
■参加条件:以下の条件を満たすミャンマー人日本語教師
・教師経験がある人
・『いろどり』を使って教えている人、これから『いろどり』を教える予定の人
・JFS B2/JLPT N2程度
・JFYGに8回通うことができる人
■定員 :20名
■教材 :『いろどり 生活の日本語 初級1 A2』
※受講者には上記テキストの印刷版を配布します
■講師 :当センター日本人講師2名
■修了証:80%以上出席し、最終アンケートに回答した人に授与
■参加申込:下記URLよりお申込ください。
申込URL:https://forms.office.com/r/8XZ8QKkrGZ
■申込締め切り: 1月29日(水)昼12時
※先着順ではありません。志望理由や教師経験などを基に選考させていただきます。
選考に際し、当センターからお電話を差し上げることがあります。
結果が決まり次第、受講可能かどうかをメールでお知らせしますので、常時、メールをご確
認ください。迷惑メールに入っていることもありますのでご注意ください。
皆さまのお申し込みをお待ちしております!
#thejapanfoundationyangon
#jfyg
#jfyangon
#jf
#thejapanfoundation
#国際交流基金
ယခုအကြိမ် ခေါင်းစဉ် – 「ひきだすにほんご」 ကို လေ့လာကြည့်ကြရအောင်!
အားလုံးပဲ “နည်းဗျူဟာ(strategy)” ဆိုတဲ့ စကားလုံးကို ကြားဖူးကြပါသလား။ “နည်းဗျူဟာ(strategy)”ဆိုသည်မှာ ဂျပန်ဘာသာစကားဖြင့် တစ်ခုခုပြောချင်သော်လည်းပဲ ပြောရမည့်နည်းကို မသိသည့်အတွက် အခက်တွေ့ရသည့်အခါမျိုးတွင် ဖြေရှင်းနိုင်မည့် နည်းလမ်းကိုပြောပြပေးခြင်းပဲဖြစ်ပါတယ်။ ယခုတစ်ခေါက် ဆွေးနွေးပွဲတွင် ထိုနည်းဗျူဟာများကို ပျော်ပျော်ရွှင်ရွှင် လေ့လာနိုင်မည့် ဝက်ဆိုက်ဘ်ဖြစ်သည့် 「ひきだすにほんご」ကို မိတ်ဆက်ပေးပါမည်။ စာသင်ချိန်တွင် ကျောင်းသားအားလုံးနှင့်အတူ လေ့လာကြည့်ပြီး၊ ကျောင်းသားများ၏ ကိုယ်ပိုင်လေ့လာချိန်တွင်လည်း အသုံးပြုနိုင်သည်ဖြစ်၍ အသုံးပြုနည်း အမျိုးမျိုးကို စိတ်ကူးပုံဖော်ကြည့်နိုင်ဖို့ မျှော်လင့်ပါသည်။ ဂျပန်ဘာသာလေ့လာရန်အတွက် အထောက်အကူပြုရုပ်သံအစီအစဥ် အသစ်ကို လေ့လာကြည့်ပြီး နည်းဗျူဟာတွေကို သင်ယူကြည့်ကြမလား?
■ကျင်းပမည့်နေ့ရက်နှင့်အချိန်: ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ၁၈ရက်နေ့(စနေနေ့)၊ မြန်မာစံတော်ချိန် နေ့လည်(၁:၃၀~၂:၄၅)*ဆွေးနွေးဖလှယ်ပွဲ ၂:၄၅~၃:၁၅
■ပါဝင်ကြေး: အခမဲ့
■လျှောက်ထားနိုင်သည့်သူများ:မြန်မာလူမျိုးကျောင်းသားများကိုဂျပန်စာသင်ကြားပေးနေသောဂျပန်ဘာသာသင်ဆရာ၊ ဆရာမများ(JFS B1/JL PT N3နှင့်အထက်)*ကျောင်းသားကျောင်းသူများပါဝင်လို့မရပါ။
■ဘာသာစကား:ဂျပန်ဘာသာ။
■ကျင်းပမည့်ပုံစံ: Online(Zoom)
လျှောက်ထားရမည့်ပုံစံ :အောက်ဖော်ပြပါ Microsoft Formမှတဆင့် လျှောက်ထားပေးပါ။
■ဖောင်ပိတ်ရက်:ဇန်နဝါရီလ ၁၅ရက်နေ့ (ဗုဒ္ဓဟူးနေ့)၊ မြန်မာစံတော်ချိန် ညနေ(၄နာရီ)
※လျှောက်ထားသူများပြားသောအခြေအနေတွင် လျှောက်လွှာဖောင်ကို စော၍ပိတ်ခြင်းမျိုးလည်း ရှိနိုင်ပါသဖြင့် နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
※ပါဝင်တက်ရောက်ရမည့်လင့်ခ်ကို မေးလ်ပို့ရာတွင် Spam Folder ထဲသို့ရောက်နေတတ်ပါသဖြင့် Spam Folder ကိုစစ်ပေးပါရန်။
※ဇန်နဝါရီလ ၁၇ရက် (သောကြာနေ့) မနက်နောက်ဆုံးထား၍ ပါဝင်တက်ရောက်ရမည့် Zoom linkကို ပေးပို့သွားပါမည်။ အကယ်၍Zoom link မရောက်လာပါက Japan Foundation Yangon၏ Messenger သို့မဟုတ် ဖုန်းနံပါတ်သို့ဆက်သွယ်အကြောင်းကြားပေးပါရန်။(မနက်၉နာရီမှ ညနေ၄နာရီအတွင်းသာ)
※လျှပ်စစ်မီးနှင့် အခြားသောမဖြစ်မနေအကြောင်းအရာမှလွဲ၍ တတ်နိုင်သလောက် ကွန်ပျူတာဖြင့်သာ ပါဝင်တက်ရောက်ပေးပါရန်။
★ Japan Foundation Yangon၏ဆက်သွယ်နိုင်သည့်ဖုန်းနံပါတ်:01-430920・ 01-430921
★ Japan Foundation Yangon၏ Facebook Link:https://www.facebook.com/JFYangon
** ** ** ** ** ** ** ** ** ** ** ** ** *
【第14回定期勉強会のご案内】
テーマ:「ひきだすにほんご」を知ろう!
皆さんは「ストラテジー」という言葉を聞いたことがありますか?「ストラテジー」とは、例えば、日本語で何というかわからなくて困ったとき、それを解決する手法です。勉強会では、このストラテジーを楽しく学べるwebsite「ひきだすにほんご」をご紹介します。授業中に皆で見たり、学生の自習用に取り入れたり、いろいろな使い方をイメージしていただけたらと思います。新しい日本語学習番組を知って、ぜひその手法を学んでみませんか?
■実施日時: 2025年1月18日(土)13:30~14:45 *交流会(自由参加)14:45~15:15
■受講料:無料
■対象:ミャンマー人に教える日本語教師(JFS B1/JLPT N3程度以上) *学生・学習者は不可
■使用言語:日本語
■実施形態:オンライン (Zoom)
■参加申込:下記の Microsoft Forms よりお申込ください。
■申込締切:1月15日(水)午後4時(ミャンマー時間)
*申込者が多い場合早めに締め切ることがございます。ご了承ください。
*参加URLのメールが迷惑フォルダに入ることがあります。迷惑フォルダもご確認ください。
*1月17日(金)午前中までに参加URLをお送りします。もしURLが届かない場合は、ヤンゴン日本文化センターのMessengerか電話にご連絡ください。(午後4時まで)
*オンライン参加の方は停電などのやむを得ない場合を除き、基本的にPCからのご参加をお願いします。
★ヤンゴン日本文化センター電話番号:01-430920・ 01-430921
★ヤンゴン日本文化センターFacebookページ:https://www.facebook.com/JFYangon
#thejapanfoundationyangon
#jfyg
#jfyangon
#jf
#thejapanfoundation
#国際交流基金
ဂျပန်ဘာသာစကားဆရာ၊ ဆရာမအားလုံး မင်္ဂလာပါ။ အားလုံးပဲ 『Irodori』ကိုသိကြပါသလား။ 『Irodori』ဆိုသည်မှာ ဂျပန်နိုင်ငံမှာ အလုပ်လုပ်ချင်သူများနဲ့ ဂျပန်ဘာသာစကားလေ့လာချင်တဲ့ ကျောင်းသားတွေကို သင်ကြားပေးရန် အဓိကရည်ရွယ်ထားသည်ဖြစ်၍ အတော်လေးအသုံးဝင်မယ့် သင်ထောက်ကူစာအုပ် တစ်အုပ်ပဲဖြစ်ပါတယ်။ နိုဝင်ဘာလတွင် 「 Irodori၏ ဂျပန်တွင်နေထိုင်မှုဘဝအတွက်ဂျပန်ဘာသာစကား PowerPoint ဒေတာများ」၊ 「Minna no Nihongo နှင့် Irodori ဂျပန်နေထိုင်မှုဘဝအတွက် သိကောင်းစရာများတို့၏ နှိုင်းယှဥ်ပြဇယား」တို့ကို 『Irodori』၏အခြားသောသင်ထောက်ကူပစ္စည်းများအဖြစ် အသစ်ထည့်သွင်းခဲ့ပါတယ်။ Minna no Nihongo သို့မဟုတ် အခြားသောသင်ထောက်ကူစာအုပ်များကို အသုံးပြုလည်းပဲ 「Irodori ဂျပန်နေထိုင်မှုဘဝအတွက် သိကောင်းစရာများ၏ PowerPoint」၊ 「Minna no Nihongo နှင့် Irodori ဂျပန်နေထိုင်မှုဘဝအတွက် သိကောင်းစရာများတို့၏ နှိုင်းယှဥ်ပြဇယား」တို့ကို အတူတွဲ၍အသုံးပြုခြင်းအားဖြင့် ဂျပန်နိုင်ငံ၏နေထိုင်မှုဘဝအကြောင်းအရာများကို ပိုမိုအသေးစိတ်ကျကျ မြန်မာဘာသာဖြင့် ရှင်းလင်းပြောပြပြီး သင်ကြားပေးနိုင်လာမှာပဲ ဖြစ်ပါတယ်။
ဒီတစ်ခေါက် ဆွေးနွေးပွဲမှာလည်း ကိုယ်ပိုင်အတန်းမှာ မည်သို့အသုံးပြုမည်ဆိုတာကို အတူတူစဥ်းစားကြည့်ကြမလား? အားလုံးပါဝင်ပေးကြဖို့ကို စောင့်မျှော်နေပါတယ်။♪
★『Irodori』၏အကြောင်းအရာအကျဥ်းချုပ်ကိုနားလည်နိုင်သော ဗီဒီယိုကိုကြည့်ပြီးနောက်မှ ပါဝင်ပါက ဆွေးနွေးပွဲအကြောင်းအရာများကို ပိုမိုနားလည်နိုင်သည်ဖြစ်၍ ဆက်ဆက် ကြည့်ရှုပေးကြပါ။
『Irodori』၏အကြောင်းအရာအကျဥ်းချုပ်ဗီဒီယို (မြန်မာဘာသာဖြင့်):https://youtu.be/UoHrHMQrHtY
『Irodori』၏အကြောင်းအရာအကျဥ်းချုပ်ဗီဒီယို (ဂျပန်ဘာသာဖြင့်):https://youtu.be/3yiU3VOW-lc
★『Irodori』မြန်မာဘာသာပြန်: https://yg.jpf.go.jp/my/irodori/
★『Irodori』အခြားသင်ထောက်ကူများဝက်ဘ်ဆိုဒ်:https://yg.jpf.go.jp/irodori_category/other-resources/
■ဆွေးနွေးပွဲနေ့ရက် : ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက်နေ့ (ကြာသပတေးနေ့)၊ ၉:၃၀ ~ ၁၁:၀၀ (မြန်မာစံတော်ချိန်)
■သင်တန်းကြေး:အခမဲ့
■လျှောက်ထားနိုင်သူများ: မြန်မာလူမျိုးများအား ဂျပန်ဘာသာစကားသင်ကြားပေးနေသော ဆရာ၊ ဆရာမများ (JFS B1/JLPT N3အထက်)
※ဂျပန်လူမျိုးဆရာ၊ဆရာမများပါဝင်ပေးဖို့ကိုလည်းစောင့်မျှော်လျှက်ရှိပါတယ်။
■ကျင်းပမည့်ပုံစံ:Online (Zoom)
■သတ်မှတ်လူဦးရေ:၄၀ ယောက်
■လျှောက်ထားရန်:အောက်မှာပေးထားတဲ့ Microsoft Form မှာ ဖြည့်သွင်းပေးပါရန်။
★ https://forms.office.com/Pages/ResponsePage.aspx?id=oy_HkJxhhky73GK1b_fZORHjfveNxflJnANMn1ryhMpUQzRVQzU1TDVHWjVGT0hERk01TzZXMTgzUC4u
■လျှောက်လွှာပိတ်ချိန်:၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၁၈ရက်နေ့ (ဗုဒ္ဓဟူးနေ့ )၊ မြန်မာစံတော်ချိန် မနက်၉:၀၀ နာရီ
※ဆွေးနွေးပွဲကို ဂျပန်ဘာသာဖြင့်သာ ပြုလုပ်သွားမည်ဖြစ်ပါသည်။
※မီးပြတ်ခြင်းကဲ့သို့သော ရှောင်လွှဲ၍မရသော အခြေအနေများမှလွဲ၍ PCဖြင့်သာ ပါဝင်တက်ရောက်ပေးပါရန်။ ※လျှောက်ထားသူများအားဆွေးနွေးပွဲဆိုင်ရာအသေးစိတ်အချက်အလက်များ နှင့် Zoom URLကို Mailမှပေးပို့သွားမည်ဖြစ်ပါသဖြင့် Mailကို မဖြစ်မနေကြည့်ရှုရန် လိုအပ်ပါသည်။ Spam Mail Folder ကိုလည်း စစ်ဆေးပေးပါရန်။
******************************
【いろどり活用セミナー~「いろどり日本の生活TIPS PowerPoint」と「みんなの日本語&いろどり日本の生活TIPS対照表」を使ってみよう!~】
日本語教師の皆さん、こんにちは!皆さんは『いろどり』をご存知ですか?『いろどり』は日本で仕事や勉強をしたい学習者さんを教えるために、とても役に立つ教材です。
11月に『いろどり』付属教材として、新しく「いろどり日本の生活TIPS PowerPoint」と「みんなの日本語&いろどり日本の生活TIPS対照表」が追加されました!『みんなの日本語』や他の教材を使っていても、「いろどり日本の生活TIPS PowerPoint」と「みんなの日本語&いろどり日本の生活TIPS対照表」を使えば、もっと詳しく楽しく日本の生活のことについて、ミャンマー語で教えることができます。
今回のセミナーでは授業でどのように使ったらいいか、一緒に考えてみませんか?ご参加をお待ちしております♪
★いろどりの概要が分かる動画を見てからご参加いただくと、さらにセミナー内容の理解が深まります。ぜひ、ご覧ください!
いろどり概要の動画(ミャンマー語): https://youtu.be/UoHrHMQrHtY
いろどり概要の動画(日本語):https://youtu.be/3yiU3VOW-lc
☆『いろどり』ミャンマー語Web Site:https://yg.jpf.go.jp/my/irodori/
☆『いろどり』付属教材Web Site:https://yg.jpf.go.jp/irodori_category/other-resources/
■日時:2024年12月19日(木)午前9:30~11:00(ミャンマー語)
■受講料:無料
■対象:ミャンマー人学習者に教えている日本語教師(JFS B1/JLPT N3程度以上)※日本人教師の方のご参加もお待ちしております!
■実施形態:オンライン(Zoom)
■参加定員:40名
■参加申込:下記の Microsoft Forms よりお申込ください。
★申込URL:https://forms.office.com/Pages/ResponsePage.aspx?id=oy_HkJxhhky73GK1b_fZORHjfveNxflJnANMn1ryhMpUQzRVQzU1TDVHWjVGT0hERk01TzZXMTgzUC4u
■申込締め切り:2024年12月18日(水)午前9:00(ミャンマー時間)
※勉強会は日本語で行います。
※停電などのやむを得ない場合を除き、基本的にPCからのご参加をお願いいたします。
※受講者にはZoom URLをメールでお知らせしますので、必ずメールをご確認ください。迷惑メールフォルダ(Spam Mail Folder)もご確認ください。
#thejapanfoundationyangon
#jfyg
#jfyangon
#jf
#thejapanfoundation
#国際交流基金
#Irodori
#いろどり
(၁၃) ကြိမ်မြောက် မြန်မာလူမျိုးဂျပန်ဘာသာသင်ဆရာ၊ ဆရာမများအတွက် ပုံမှန်ဂျပန်ဘာသာသင်ကြားရေး ဆွေးနွေးပွဲ
ミャンマー語の後に日本語が続きます。
ယခုအကြိမ် ခေါင်းစဉ် – “တဒို့ခု(多読)” ကို ကိုယ်တိုင်ပါဝင်ကြည့်ကြရအောင်
အားလုံးပဲ “တဒို့ခု” ဆိုတဲ့ စကားလုံးကို ကြားဖူးကြပါသလား။ “တဒို့ခု(多読)”ဆိုသည်မှာ စာလုံးလေးအတိုင်းပဲ အများကြီးဖတ်ခြင်း ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ အဖတ်ကိုသင်ကြားတဲ့ အတန်းချိန်လိုမဟုတ်ဘဲ ကိုယ်ကြိုက်တဲ့စာအုပ်ကို အဘိဓာန်မသုံးဘဲ ဖတ်ကြရမှာဖြစ်ပါတယ်။
သင်ကြားရေးဆွေးနွေးပွဲမှာတော့ တဒို့ခုရဲ့ စည်းမျဉ်းတွေကို ရှင်းပြပြီးတဲ့နောက်မှာ တဒို့ခုကို လက်တွေ့လုပ်ဆောင်ကြည့်မှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ တဒို့ခုအတန်းကို ဘယ်လိုဖန်တီးရမယ်ဆိုတဲ့ ရှင်းပြချက်များနဲ့ အခမဲ့ကြည့်ရှုလို့ရတဲ့ ဝက်ဘ်ဆိုက်တွေကို မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အားလုံး ပါဝင်ပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ တဒို့ခုကမ္ဘာကို အလည်သွားကြည့်ကြရအောင်!
ကျင်းပမည့်နေ့ရက်နှင့်အချိန် : ၂၀၂၄ခုနှစ် ဒီဇင်ဘာလ၁၄ရက်နေ့(စနေနေ့) ၁:၃၀~၃:၀၀
ပါဝင်ကြေး : အခမဲ့
လျှောက်ထားနိုင်သည့်သူများ : မြန်မာလူမျိုးကျောင်းသားများထံဂျပန်စာသင်ကြားပေးနေသောဂျပန်ဘာသာသင်ဆရာဆရာများ(JFS B1/JL PT N3နှင့်အထက်)*ကျောင်းသားကျောင်းသူများပါဝင်လို့မရပါ။
ကျင်းပမည့်ပုံစံ : Online(Zoom) နှင့် face-to-face
လျှောက်ထားရမည့်ပုံစံ : အောက်ဖော်ပြပါ Microsoft Formမှတဆင့် လျှောက်ထားပေးပါ။
ဖောင်ပိတ်ရက် : ဒီဇင်ဘာလ ၁၁ရက်နေ့ (ဗုဒ္ဓဟူးနေ့)မြန်မာစံတော်ချိန် ညနေ၅နာရီ
* ယခုတစ်ကြိမ်ခေါင်းစဉ်မှာ “တဒို့ခုကို ကိုယ်တိုင်ပါဝင်ကြည့်ကြရအောင်” ဖြစ်သည့်အတွက် ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာသို့ ဆက်ဆက်လာရောက်ပါဝင်ကြပါရန် ဖိတ်ခေါ်လိုပါသည်။ စာအုပ်ကို ကိုင်၍ဖတ်ခြင်းဖြင့် တဒို့ခု၏ အနှစ်အရသာအစစ်အမှန်ကို ခံစားနိုင်မည်ဖြစ်ပါသည်။ ရန်ကုန်မြို့တွင် နေထိုင်သူများအနေဖြင့် face-to-face ကို လျှောက်ထားပေးပါရန် အားပေးလိုပါသည်။ တဒို့ခုအတွက် စာအုပ်တွေကိုလည်း များစွာပြင်ဆင်ထားပြီး စောင့်မျှော်နေပါမည်။
*ဆွေးနွေးပွဲကို ဂျပန်ဘာသာဖြင့် ပြုလုပ်သွားမည်ဖြစ်ပါသည်။
*လျှပ်စစ်မီးနှင့် အခြားသောမဖြစ်မနေအကြောင်းအရာမှလွဲ၍ တတ်နိုင်သလောက် ကွန်ပြူတာဖြင့်သာ ပါဝင်တက်ရောက်ပေးပါရန်။
*ပါဝင်တက်ရောက်ရမည့်လင့်ခ် ကိုမေးလ်ပို့ရာတွင် Spam Folder ထဲသို့ရောက်နေတတ်ပါသဖြင့် Spam Folder ကိုစစ်ပေးပါရန်။
အကယ်၍ ဒီဇင်ဘာလ၁၃ရက်နေ့(သောကြာ)နေ့အထိ အဆက်အသွယ်မလာပါက Japan Foundation Yangon၏ Messenger သို့မဟုတ် ဖုန်းနံပါတ်သို့ဆက်သွယ်အကြောင်းကြားပေးပါရန်။(မနက်၉နာရီမှ ညနေ၄နာရီအတွင်းသာ)
★ Japan Foundation Yangon၏ဆက်သွယ်နိုင်သည့်ဖုန်းနံပါတ်:01-430920・ 01-430921
★ Japan Foundation Yangon၏ Facebook Link:https://www.facebook.com/JFYangon
#thejapanfoundationyangon #jfyg #jfyangon #jf #thejapanfoundation #国際交流基金
【第13回定期勉強会のご案内】
テーマ:多読体験会
みなさんは「多読」という言葉を聞いたことがありますか。「多読」とは文字通りたくさん読むことです。読解の授業と違って、多読では自分の好きな本を辞書を使わず楽しく読みます。
勉強会では、多読のルールを説明した後、実際に多読を体験します。その後、授業の進め方の説明や無料で読めるサイトの紹介を予定しています。ぜひご参加いただき、多読の世界を知っていただければと思います。
■実施日時: 2024年12月14日(土)13:30~15:00 *交流会(自由参加)15:00~15:30
■受講料:無料
■対象:ミャンマー人に教える日本語教師(JFS B1/JLPT N3程度以上) *学生・学習者は不可
■使用言語:日本語
■実施形態:ハイブリット(対面とオンライン)
■会場:The Japan Foundation, Yangon
No.70 Nat Mauk Lane(1), Bahan Township, Yangon, Myanmar
■参加申込:下記の Microsoft Forms よりお申込ください。
■申込締切:12月11日(水)午後4時(ミャンマー時間)
今回のテーマは「多読体験会」なので、ぜひセンターにお越しください。
* 紙の本を実際に手に取って読むことで本当の多読の魅力を知ることができます!ヤンゴンにお住まいの方はぜひ対面でお申し込みください。多読の本も多数準備してお待ちしております。
*申込者が多い場合早めに締め切ることがございます。ご了承ください。
*参加URLのメールが迷惑フォルダに入ることがあります。迷惑フォルダもご確認ください。
*もし12月13日(金)午前中に連絡がない場合は、ヤンゴン日本文化センターのMessengerか電話にご連絡ください。(午後4時まで)
*オンライン参加の方は停電などのやむを得ない場合を除き、基本的にPCからのご参加をお願いします。
★ヤンゴン日本文化センター電話番号:01-430920・ 01-430921
★ヤンゴン日本文化センターFacebookページ:https://www.facebook.com/JFYangon
#thejapanfoundationyangon #jfyg #jfyangon #jf #thejapanfoundation #国際交流基金
「Irodoriကိုအသုံးပြု၍ ဂျပန်နိုင်ငံနေထိုင်မှုဘဝနှင့်ပတ်သက်ပြီး သင်ယူကြရအောင်!」 ပထမအကြိမ်မြောက်:ဂျပန်နိုင်ငံ၏အမှိုက်ပစ်နည်း
ဂျပန်ဘာသာသင်ကြားရေး ဆရာ၊ဆရာမများအားလုံးပဲ မင်္ဂလာပါ။ ဆရာ၊ဆရာမတို့ရဲ့ သင်တန်းကျောင်းများတွင် ဂျပန်နိုင်ငံ၏ နေထိုင်မှုဘဝနှင့်ပတ်သက်ပြီး သင်ကြားလျှက်ရှိပါသလား။
❝ဂျပန်မသွားဖူးလို့ ဂျပန်နိုင်ငံရဲ့နေထိုင်မှုဘဝအကြောင်းကို သင်ကြားပေးရတာခက်ခဲတယ်။❞
❝သင့်တော်တဲ့သင်ထောက်ကူစာအုပ်မျိုးမရှိလို့ သင်ကြားပေးဖို့ ပြင်ဆင်ရတာတွေက အချိန်ကြာတယ်။❞
စသဖြင့် အခက်တွေ့ရတာတွေ ရှိကြပါသလား။ ဒီလို အခက်အခဲတွေအတွက် အထောက်အကူပြုပေးနိုင်သည့် Irodoriကိုအသုံးပြုမည့်အတန်းတွင် ကိုယ်တိုင်အတွေ့အကြုံယူပြီး ကျောင်းသား၊သူများထံ ဘယ်လိုပြန်လည်သင်ကြားပေးမလဲဆိုတာကို အတူတူစဥ်းစားကြည့်ကြမလား? စိတ်ပါဝင်စားသူများ ဆက်ဆက်ပါဝင်တက်ရောက်ပေးဖို့ကို စောင့်မျှော်နေပါတယ်။
■ နေ့ရက်:၂၀၂၄ခုနှစ် အောက်တိုဘာလ ၃၁ရက်(ကြာသပတေးနေ့)
■အချိန်:အတန်းချိန်-နံနက်၉း၃၀ မှ ၁၁း၀၀နာရီ (မြန်မာစံတော်ချိန်)
အမေးအဖြေကဏ္ဍအချိန်-နေ့လည် ၁၁း၀၀နာရီ မှ ၁၁း၃၀အထိ
■ပါဝင်နိုင်သူများ:မြန်မာလူမျိုးကျောင်းသားများထံ ဂျပန်ဘာသာစကားသင်ကြားပေးနေသော ဆရာ၊ ဆရာမများ(JLPT N3/JFS B1နှင့်အထက်)
※ဆွေးနွေးပွဲကို ဂျပန်ဘာသာဖြင့်ကျင်းပပါမည်။ ဂျပန်လူမျိုးဆရာ၊ဆရာမများလည်း ပါဝင်လို့ရပါတယ်။
■တက်ရောက်ရမည့် ပုံစံ:အွန်လိုင်း(Zoom)
■တက်ရောက်ရမည့် နည်းလမ်း:ကြိုတင်စာရင်းပေးသွင်းရန် မလိုပါ။ ဆွေးနွေးပွဲကျင်းပမည့်နေ့တွင် အောက်ဖော်ပြပါ Zoom URLမှတဆင့် ပါဝင်တက်ရောက်ပေးပါ။
https://zoom.us/j/93553766503?pwd=GJBFQxYkBfSwAfOB5J44rcM2N1b8Ch.1
Meeting ID: 935 5376 6503
Password: 082751
■『いろどり』ဝက်ဘ်ဆိုဒ် မြန်မာဘာသာဖြင့်:https://yg.jpf.go.jp/my/irodori/
★ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ ဖုန်းနံပါတ်:01-430920・ 01-430921
(日本語)
【『いろどり』で日本の生活を教えよう!】~第1回 日本のごみの捨て方~
日本語教師のみなさん、こんにちは!みなさんの学校では日本の生活のことについて、教えていますか?「私は日本に行ったことがないので、日本の生活のことを教えるのは難しい…」、「適当な教材がないので、準備に時間がかかる…」など、困っていることはありませんか?そのようなお悩みに役立つ『いろどり』を使った授業を体験して、どのように教えたらいいか一緒に考えてみませんか?ぜひ、ご興味のある方のご参加をお待ちしております!
■実施日:2024年10月31日(木)
■時間:●講座:午前9:30~11:00(ミャンマー時間) ●質問・交流タイム(自由参加):午前11:00~11:30
■対象:ミャンマー人学習者に教えている日本語教師(JFS B1/JLPT N3程度以上) ※この講座は日本語で行います。日本人教師の方のご参加もお待ちしております!
■実施形態:オンライン(Zoom)
■参加方法:事前のお申込みは必要ありません。当日、下記のZoom URLより参加してください。
https://zoom.us/j/93553766503?pwd=GJBFQxYkBfSwAfOB5J44rcM2N1b8Ch.1
ミーティング ID: 935 5376 6503
パスコード: 082751
■『いろどり』ミャンマー語版Web Site:https://yg.jpf.go.jp/my/irodori/
★ヤンゴン日本文化センター電話番号:01-430920・ 01-430921
#thejapanfoundationyangon #jfyg #jfyangon #jf #thejapanfoundation #国際交流基金
ဤသင်ထောက်ကူစာအုပ် (စာသားများ၊ ရုပ်ပုံများ၊ ဓာတ်ပုံများ၊ အသံဖိုင်စသည်တို့အပါအဝင်) ၏ မူပိုင်ခွင့် (တစ်နည်းအားဖြင့် ဥာဏမူပိုင်ခွင့်) အား ဂျပန်ဖောင်ဒေးရှင်းမှ ပိုင်ဆိုင်သည်ဖြစ်ပါသဖြင့် ခွင့်ပြုချက်မရှိဘဲ ရောင်းချခြင်းခွင့်မပြုပါ။