テーマ:「ひきだすにほんご」を知ろう!
皆さんは「ストラテジー」という言葉を聞いたことがありますか?「ストラテジー」とは、例えば、日本語で何というかわからなくて困ったとき、それを解決する手法です。勉強会では、このストラテジーを楽しく学べるwebsite「ひきだすにほんご」をご紹介します。授業中に皆で見たり、学生の自習用に取り入れたり、いろいろな使い方をイメージしていただけたらと思います。新しい日本語学習番組を知って、ぜひその手法を学んでみませんか?
■実施日時: 2025年1月18日(土)13:30~14:45 *交流会(自由参加)14:45~15:15
■受講料:無料
■対象:ミャンマー人に教える日本語教師(JFS B1/JLPT N3程度以上) *学生・学習者は不可
■使用言語:日本語
■実施形態:オンライン (Zoom)
■参加申込:下記の Microsoft Forms よりお申込ください。
■申込締切:1月15日(水)午後4時(ミャンマー時間)
*申込者が多い場合早めに締め切ることがございます。ご了承ください。
*参加URLのメールが迷惑フォルダに入ることがあります。迷惑フォルダもご確認ください。
*1月17日(金)午前中までに参加URLをお送りします。もしURLが届かない場合は、ヤンゴン日本文化センターのMessengerか電話にご連絡ください。(午後4時まで)
*オンライン参加の方は停電などのやむを得ない場合を除き、基本的にPCからのご参加をお願いします。
★ヤンゴン日本文化センター電話番号:01-430920・ 01-430921
★ヤンゴン日本文化センターFacebookページ:https://www.facebook.com/JFYangon
******************************
(၁၄) ကြိမ်မြောက် မြန်မာလူမျိုးဂျပန်ဘာသာသင်ဆရာ၊ ဆရာမများအတွက် ပုံမှန်ဂျပန်ဘာသာသင်ကြားရေး ဆွေးနွေးပွဲ
ယခုအကြိမ် ခေါင်းစဉ် – 「ひきだすにほんご」 ကို လေ့လာကြည့်ကြရအောင်!
အားလုံးပဲ “နည်းဗျူဟာ(strategy)” ဆိုတဲ့ စကားလုံးကို ကြားဖူးကြပါသလား။ “နည်းဗျူဟာ(strategy)”ဆိုသည်မှာ ဂျပန်ဘာသာစကားဖြင့် တစ်ခုခုပြောချင်သော်လည်းပဲ ပြောရမည့်နည်းကို မသိသည့်အတွက် အခက်တွေ့ရသည့်အခါမျိုးတွင် ဖြေရှင်းနိုင်မည့် နည်းလမ်းကိုပြောပြပေးခြင်းပဲဖြစ်ပါတယ်။ ယခုတစ်ခေါက် ဆွေးနွေးပွဲတွင် ထိုနည်းဗျူဟာများကို ပျော်ပျော်ရွှင်ရွှင် လေ့လာနိုင်မည့် ဝက်ဆိုက်ဘ်ဖြစ်သည့် 「ひきだすにほんご」ကို မိတ်ဆက်ပေးပါမည်။ စာသင်ချိန်တွင် ကျောင်းသားအားလုံးနှင့်အတူ လေ့လာကြည့်ပြီး၊ ကျောင်းသားများ၏ ကိုယ်ပိုင်လေ့လာချိန်တွင်လည်း အသုံးပြုနိုင်သည်ဖြစ်၍ အသုံးပြုနည်း အမျိုးမျိုးကို စိတ်ကူးပုံဖော်ကြည့်နိုင်ဖို့ မျှော်လင့်ပါသည်။ ဂျပန်ဘာသာလေ့လာရန်အတွက် အထောက်အကူပြုရုပ်သံအစီအစဥ် အသစ်ကို လေ့လာကြည့်ပြီး နည်းဗျူဟာတွေကို သင်ယူကြည့်ကြမလား?
■ကျင်းပမည့်နေ့ရက်နှင့်အချိန်: ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ၁၈ရက်နေ့(စနေနေ့)၊ မြန်မာစံတော်ချိန် နေ့လည်(၁:၃၀~၂:၄၅)*ဆွေးနွေးဖလှယ်ပွဲ ၂:၄၅~၃:၁၅
■ပါဝင်ကြေး: အခမဲ့
■လျှောက်ထားနိုင်သည့်သူများ:မြန်မာလူမျိုးကျောင်းသားများကိုဂျပန်စာသင်ကြားပေးနေသောဂျပန်ဘာသာသင်ဆရာ၊ ဆရာမများ(JFS B1/JL PT N3နှင့်အထက်)*ကျောင်းသားကျောင်းသူများပါဝင်လို့မရပါ။
■ဘာသာစကား:ဂျပန်ဘာသာ။
■ကျင်းပမည့်ပုံစံ: Online(Zoom)
လျှောက်ထားရမည့်ပုံစံ :အောက်ဖော်ပြပါ Microsoft Formမှတဆင့် လျှောက်ထားပေးပါ။
■ဖောင်ပိတ်ရက်:ဇန်နဝါရီလ ၁၅ရက်နေ့ (ဗုဒ္ဓဟူးနေ့)၊ မြန်မာစံတော်ချိန် ညနေ(၄နာရီ)
※လျှောက်ထားသူများပြားသောအခြေအနေတွင် လျှောက်လွှာဖောင်ကို စော၍ပိတ်ခြင်းမျိုးလည်း ရှိနိုင်ပါသဖြင့် နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
※ပါဝင်တက်ရောက်ရမည့်လင့်ခ်ကို မေးလ်ပို့ရာတွင် Spam Folder ထဲသို့ရောက်နေတတ်ပါသဖြင့် Spam Folder ကိုစစ်ပေးပါရန်။
※ဇန်နဝါရီလ ၁၇ရက် (သောကြာနေ့) မနက်နောက်ဆုံးထား၍ ပါဝင်တက်ရောက်ရမည့် Zoom linkကို ပေးပို့သွားပါမည်။ အကယ်၍Zoom link မရောက်လာပါက Japan Foundation Yangon၏ Messenger သို့မဟုတ် ဖုန်းနံပါတ်သို့ဆက်သွယ်အကြောင်းကြားပေးပါရန်။(မနက်၉နာရီမှ ညနေ၄နာရီအတွင်းသာ)
※လျှပ်စစ်မီးနှင့် အခြားသောမဖြစ်မနေအကြောင်းအရာမှလွဲ၍ တတ်နိုင်သလောက် ကွန်ပျူတာဖြင့်သာ ပါဝင်တက်ရောက်ပေးပါရန်။
★ Japan Foundation Yangon၏ဆက်သွယ်နိုင်သည့်ဖုန်းနံပါတ်:01-430920・ 01-430921
★ Japan Foundation Yangon၏ Facebook Link:https://www.facebook.com/JFYangon
#thejapanfoundationyangon
#jfyg
#jfyangon
#jf
#thejapanfoundation
#国際交流基金