いつもヤンゴン日本文化センターのセミナーや勉強会にご参加いただきありがとうございます。
この度当センターでは、2024年に続き二回目となる「いろどり教師養成コース」を開講します。
このコースでは、『いろどり 生活の日本語』の考え方・教え方を理解し、コミュニケーション能力向上のCan-doを目標にした授業が行える教師の養成を目指します。
授業体験、講義、グループごとの模擬授業などを通して効果的な授業設計が学べます。これを機会に自信をもって『いろどり』を教えられる教師を目指しませんか?
皆様のご参加をお待ちしています。
■期間 :2025年2月1日(土)~3月22日(土)13:30~16:30
全8回 毎週土曜日 各3時間(休憩15分)×8回=22時間
■実施方法:対面
■実施場所:国際交流基金ヤンゴン日本文化センター The Japan Foundation,Yangon
No.70 Nat Mauk Lane(1), Bahan Township, Yangon
■受講料:無料
■参加条件:以下の条件を満たすミャンマー人日本語教師
・教師経験がある人
・『いろどり』を使って教えている人、これから『いろどり』を教える予定の人
・JFS B2/JLPT N2程度
・JFYGに8回通うことができる人
■定員 :20名
■教材 :『いろどり 生活の日本語 初級1 A2』
※受講者には上記テキストの印刷版を配布します
■講師 :当センター日本人講師2名
■修了証:80%以上出席し、最終アンケートに回答した人に授与
■参加申込:下記URLよりお申込ください。
申込URL:https://forms.office.com/r/8XZ8QKkrGZ
■申込締め切り: 1月29日(水)昼12時
※先着順ではありません。志望理由や教師経験などを基に選考させていただきます。
選考に際し、当センターからお電話を差し上げることがあります。
結果が決まり次第、受講可能かどうかをメールでお知らせしますので、常時、メールをご確
認ください。迷惑メールに入っていることもありますのでご注意ください。
皆さまのお申し込みをお待ちしております!
—————————————————————————————————
【၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ မှ မတ်လ အထိ IRODORI သင်ကြားနည်းသင်တန်းဖွင့်လှစ်မည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားခြင်း】
ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာမှ ပြုလုပ်သော ဆွေးနွေးပွဲများတွင် အစဥ်အမြဲ ပါဝင်ပေးကြသူများကို ကျေးဇူးအထူးတင်ရှိပါတယ်။
ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာတွင် ၂၀၂၄ခုနှစ်က ဖွင့်လှစ်ခဲ့သော 「IRODORI သင်ကြားနည်းသင်တန်း」ကို ဒုတိယတစ်ကြိမ် ထပ်မံဖွင့်လှစ်မှာပဲ ဖြစ်ပါတယ်။『IRODORI ဂျပန်တွင်နေထိုင်မှုဘဝအတွက် ဂျပန်ဘာသာစကား』သင်ထောက်ကူ၏ တွေးပုံတွေးနည်း၊ သင်ကြားနည်းတို့ကို နားလည်သဘောပေါက်ပြီး၊ Communicationစွမ်းရည်ကို တိုးတက်လာစေနိုင်သည့် Can–do ကို ဦးတည်ချက်အဖြစ်ထားသောသင်တန်းကို သင်ကြားနိုင်မည့် ဆရာ၊ဆရာမများကို လေ့ကျင့်သင်ကြားပေးဖို့ ရည်ရွယ်ထားခြင်းပဲ ဖြစ်ပါတယ်။ သင်ယူသူရှုထောင့်မှ အတန်းတက်ရောက်လေ့လာကြည့်ခြင်း၊ သင်တန်းပို့ချခြင်း၊ အဖွဲ့တစ်ဖွဲ့ချင်းစီ သရုပ်ပြသင်ကြားခြင်း တို့မှတစ်ဆင့် ထိရောက်မှုရှိသော သင်ကြားရေးပုံစံကို လေ့လာနိုင်မှာဖြစ်ပါတယ်။ ဤအခွင့်အရေးကို အသုံးချပြီး ယုံကြည်မှုရှိစွာဖြင့် 『IRODORI』ကို သင်ကြားနိုင်မည့် ဆရာတစ်ယောက်ဖြစ်လာချင်သူများအတွက် အထူးသင့်လျော်ပါတယ်။ အားလုံးရဲ့ ပါဝင်တက်ရောက်မှုကို စောင့်မျှော်လျှက်ရှိပါတယ်။
■နေ့ရက်:၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ ၁ရက် (စနေနေ့) မှ မတ်လ ၂၂ရက် (စနေနေ့) အထိ၊ နေ့လည် (၁:၃၀~၄:၃၀)
အပတ်စဉ် စနေနေ့တိုင်း၊ တစ်ချိန်-၃နာရီ (နားချိန် ၁၅မိနစ်)ဖြင့် စုစုပေါင်း ၈ကြိမ်=၂၂နာရီ
■သင်တန်းပုံစံ:အပြင်သင်တန်း
■သင်တန်းနေရာ:ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ
{အမှတ် ၇၀၊ နတ်မောက်လမ်းသွယ်(၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့}
■သင်တန်းကြေး:အခမဲ့
■သတ်မှတ်ချက်များ:အောက်ပါအချက်များနှင့် ကိုက်ညီသော မြန်မာလူမျိုး ဂျပန်ဘာသာသင်ကြားရေးဆရာ၊ဆရာမများ
■သတ်မှတ်ဦးရေ :၂၀ ဦး
■အသုံးပြုမည့်စာအုပ်:『IRODORI ဂျပန်နိုင်ငံတွင် နေထိုင်မှုအတွက် ဂျပန်ဘာသာစကား အခြေခံအဆင့်(၁) A2』
※တက်ရောက်သူများကို ဖတ်စာအုပ်ပုံနှိပ်များ ပေးဝေမည်
■သင်ကြားပို့ချမည့်သူ:JFYGမှ ဂျပန်လူမျိုးဆရာမ(၂)ဦး
■သင်တန်းပြီးဆုံးကြောင်းလက်မှတ်:အတန်းတက်မှုရာခိုင်နှုန်း ၈၀%နှင့်အထက်ရှိပြီး နောက်ဆုံးစစ်တမ်းတွင် ဖြေဆိုထားသောသူများသာ
■သင်တန်းလျှောက်လွှာ:အောက်တွင်ပေးထားသော URLမှတစ်ဆင့် လျှောက်လွှာတင်ပေးရန်
■လျှောက်လွှာ URL:https://forms.office.com/r/8XZ8QKkrGZ
■လျှောက်လွှာ နောက်ဆုံးလက်ခံမည့်ရက်:ဇန်နဝါရီလ ၂၉ရက် (ဗုဒ္ဓဟူးနေ့) နေ့လည်(၁၂)နာရီ
※ ဦးရာသူစနစ်မဟုတ်ပါ။ လျှောက်ထားရသည့် ရည်ရွယ်ချက်နှင့် စာသင်ကြားမှုအတွေ့အကြုံစသည်တို့အပေါ် မူတည်၍ ရွေးချယ်သွားမည်ဖြစ်ပါသည်။ စိစစ်ရွေးချယ်နေစဥ်အတောအတွင်း ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာမှ ဖုန်းဖြင့်ဆက်သွယ်အတည်ပြုခြင်းများ ရှိနိုင်ပါသည်။ တက်ရောက်ခွင့်ရရှိသူများကိုတော့ email မှတစ်ဆင့် အကြောင်းကြားမည်ဖြစ်ပါသဖြင့် email ကို စစ်ဆေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ရံဖန်ရံခါ spam mail ထဲသို့ရောက်ရှိနေတတ်ပါသဖြင့် သတိပြုပေးပါရန်။
ဝင်ရောက်ပါဝင်လျှောက်လွှာတင်ကြဖို့ကို စောင့်မျှော်နေပါသည်။
#thejapanfoundationyangon
#jfyg
#jfyangon
#jf
#thejapanfoundation
#国際交流基金
07/03/2026
ミンガラーバー!先生 第27回 Win Theingi Kyaw先生03/03/2026
団体向け見学ツアー「Visit JFYG」の参加者募集について(2026年4~9月分)18/02/2026
Kira Kira Japanese Language Centerのみなさん、JFYGへようこそ!!17/02/2026
「ミンガラーバー!先生」過去回(第4回)リポスト17/02/2026
育成就労制度に対応するために2026年8月からJFT-BasicはA1、A2.1も判定できるようになります11/02/2026
休業日のお知らせ04/02/2026
ワクワク日本語イベント実施報告24/01/2026
【第9回 いろどり活用セミナー「『いろどり』を使ってみよう!」】を実施しました!16/01/2026
Open Call for Summer Program for Aspiring Southeast Asian Scholars in Japanese Studies 202615/01/2026
「ミンガラーバー!先生」過去回リポスト14/01/2026
Akafuji Vocational Training Centerのみなさん、JFYGへようこそ!!09/01/2026
Instagramはじめました!!02/01/2026
「日本語で楽しく話そう!!大学生活編」実施報告26/12/2025
年末年始休館のお知らせ30/12/2025
ミンガラーバー!先生 第26回 Shunn Lai Nadi Maung先生26/12/2025
Folded Heritage: Japanese Origami Workshop14/12/2025
日本語教師セミナー『CLILの理論と実践』を実施しました03/12/2025
Global Education Center のみなさん、JFYGへようこそ!!06/11/2025
JFF Theater05/11/2025
AIMI Japanese Language Center の皆さん、JFYGへようこそ!!01/10/2025
SORA Japanese Language Schoolの皆さん、JFYGへようこそ!!04/04/2025
地震の影響によるマンダレーでのJFT-Basic中止のお知らせ