日本語教師の皆さん、こんにちは!皆さんは『いろどり』をご存知ですか?『いろどり』は日本で仕事や勉強をしたい学生さんを教えるために、とても役に立つ教材です。でも、「知っている・使ってみたいけど、教え方が分からない…」という声をよく聞きます。そこで、『いろどり』を使った授業と「いろどり日本語オンラインコース」を体験してみませんか?
1日(3時間)のクラスで、前半は『いろどり』を使った授業、後半は「いろどり日本語オンラインコース」を実際に使ってみます。そして、最後は皆さんの授業でいろどりをどのように活用できるか、一緒に考えてみませんか?1日のクラスですので、ぜひ、お気軽にご参加ください!
★『いろどり』ミャンマー語版Web Site:
★いろどり日本語オンラインコース:
※このクラスはヤンゴン日本文化センターで行いますので、クラス当日、センターにお越しいただける方のみお申込みください。
※5・8月の『いろどり』体験コース、9月の勉強会「いろどり日本語オンラインコースを試してみよう!」と内容が重複しているところがあります。
■実施日時:2023年11月 9日(木曜日)
      10:00~13:00(ミャンマー時間)※途中でお茶の休憩時間があります
■実施場所:ヤンゴン日本文化センター(No.70 Nat Mauk Lane(1), Bahan Township, Yangon)https://www.google.com/…/data=!3m1!4b1!4m6!3m5…
■受講料:無料
■教材 :『いろどり 生活の日本語 入門 初級1・2』 ※受講者にはテキストを配布いたします
■内容:①『いろどり』の概要説明 ②『いろどり』の模擬授業 ③いろどり日本語オンラインコースの体験 ④ディスカッション
■条件 :N3以上のミャンマー人日本語教師 *全て日本語で行います。
■定員 :20名
■講師 :ヤンゴン日本文化センター日本人講師
■受講証明書:受講者にメールにて送付
■参加申込:下記の Microsoft Forms よりお申込ください。
■申込締め切り:2023年11月7日(火)12時(ミャンマー時間)
※申込者が多い場合早めに締め切ることがございます。ご了承ください。
※受講者には詳細をメールでお知らせしますので、必ずメールをご確認ください。迷惑メールフォルダ(Spam Mail Folder)もご確認ください。
【 မြန်မာလူမျိုး ဂျပန်ဘာသာဆရာ၊ ဆရာမများအတွက် Irodori နှင့်ပတ်သက်၍ တစ်နေ့တာသင်ရိုး 】
ဂျပန်ဘာသာဆရာ၊ ဆရာမများအားလုံး မင်္ဂလာပါ! အားလုံးပဲ “Irodori ဂျပန်တွင်နေထိုင်မှုအတွက် ဂျပန်ဘာသာစကား” ဖတ်စာအုပ်အကြောင်းသိရှိပါသလား?
“Irodori ဂျပန်တွင်နေထိုင်မှုအတွက် ဂျပန်ဘာသာစကား” ဖတ်စာအုပ်သည် ဂျပန်တွင် အလုပ်သွားလုပ်ရန်နှင့် ပညာတော်သင်သွားရောက်လိုသော ကျောင်းသား၊သူများအတွက် အထူးအထောက်အကူပြုသော
ဖတ်စာအုပ်ဖြစ်ပါတယ်။
ဒီဖတ်စာအုပ်အကြောင်း “သိနေပေမယ့်၊ အသုံးပြုကြည့်ချင်ပေမယ့် ဒီစာအုပ်နဲ့ပတ်သက်တဲ့သင်ကြားနည်းများကို သေသေချာချာမသိရှိဘူး” ဆိုတဲ့စကားသံများကို မကြာခဏဆိုသလို ကြားနေရပါတယ်။
ဒါဆိုရင် Irodori ဖတ်စာအုပ်အသုံးပြုနည်းနှင့် Irodori Online Course ကို လေ့လာခွင့်ရရှိမယ့် သင်တန်းလေးမှာပါဝင်ဆင်နွဲကြည့်ကြမလား?
တစ်နေ့တာသင်ရိုး (အချိန် ၃ နာရီခန့်)ကြာမြင့်မည့် အတန်းဖြစ်ပြီး မနက်ပိုင်းတွင် Irodori ဖတ်စာအုပ်အသုံးပြုနည်းနှင့် နေ့လည်ပိုင်းတွင်တော့ Irodori Online Course ဆိုသည့်သင်ရိုးကို သင်ပေးသွားမည်ဖြစ်သည်။
သင်တန်းကျောင်းများတွင်လည်း Irodori ဖတ်စာအုပ်ကို ဘယ်လိုမျိုး အသုံးပြုသွားရင် ကောင်းမလဲဆိုတာကို အတူတူစဥ်းစားကြည့်ရအောင် ။
တစ်နေ့တာသင်ရိုးဖြစ်ပြီး စိတ်လက်ပေါ့ပါးစွာဖြင့် ပါဝင်ဆင်နွဲနိုင်တာကြောင့် တက်ရောက်ပေးဖို့ တောင်းဆိုပါရစေ!
★『いろどり』ဝက်ဘ်ဆိုဒ် မြန်မာဘာသာဖြင့်:
★Irodori Japanese Online Course:
※ယခုတစ်ခေါက် သင်တန်းမှာ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဥ်ကျးမှုစင်တာတွင် ကျင်းပသွားမည်ဖြစ်သည့်အတွက် သင်တန်းနေ့ရက်တွင် စင်တာတွင် လာရောက်တက်ရောက်နိုင်သူများသာ လျှောက်ထားပေးပါရန်။
※ ယခင်ပြုလုပ်ထားခဲ့သည့် ( Irodori သင်ရိုး Course ) ၊ စက်တင်ဘာလအတွင်းကျင်းပခဲ့သည့် ဂျပန်ဘာသာသင်ကြားရေးနှင့်ပတ်သက်သည့် ဆွေးနွေးပွဲ စသည့်ပွဲများ၏အကြောင်းအရာတစ်စိတ်တစ်ပိုင်းမှာ တူညီမှု ရှိနိုင်ပါသည်။
■သင်တန်းနေ့ရက် : ၂၀၂၃ ခုနှစ် ၁၁ လပိုင်း ၉ ရက် ( ကြာသပတေးနေ့)
မနက် ၁၀ နာရီမှ ၁ နာရီ ( မြန်မာစံတော်ချိန် ) ကြားတွင် နားချိန်တစ်ချိန် ပါရှိပါမည်။
■သင်တန်းနေရာ : ဂျပန်ဖောင်‌ဒေးရှင်းရန်ကုန်ဂျပန်ယဥ်ကျေးမှုစင်တာ ( အမှတ် ၇၀ ၊ နတ်မောက်လမ်းသွယ် ၁ ၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ ※သျှင်ပါဂူဆေးရုံအနီး၊ Grace Pho Sein ဟိုတယ်အနီး)
■သင်တန်းကြေး : အခမဲ့
■သင်ရိုးစာအုပ် : “Irodori ဂျပန်တွင်နေထိုင်မှုဘဝအတွက် ဂျပန်ဘာသာစကား အခြေခံမိတ်ဆက်၊ အခြေခံအဆင့် ၁ နှင့် အခြေခံအဆင့် ၂ “
※ သင်တန်းသူ၊သားများအား ဖတ်စာအုပ်များကို အခမဲ့ဝေမျှသွားမည်ဖြစ်ပါသည်။
■သင်ရိုးအကြောင်း : ၁. Irodori အကြောင်း အကျဥ်းချုပ် ၂. Irodori နှင့်ပတ်သက်သည့် အစမ်းသင်တန်း
၃. Irodori Online Course သင်ရိုး ၄. ဆွေးနွေးခြင်း
■လျှောက်ထားနိုင်သူများ : N3နှင့်အထက် မြန်မာလူမျိုး ဂျပန်ဘာသာဆရာ၊ ဆရာမများ
သင်တန်းကို ဂျပန်ဘာသာဖြင့် ပြုလုပ်သွားမည် ဖြစ်သည်။
■သတ်မှတ်ဦးရေ : ၂၀
■သင်ကြားမည့်သူ : ဂျပန်ဖောင်ဒေးရှင်း ရန်ကုန်ဂျပန်ယဥ်ကျေးမှုစင်တာမှဂျပန်လူမျိုးဆရာမများ
■သင်တန်းလက်မှတ် : သင်တန်းလက်မှတ်များကို မေးလ်ဖြင့် ပေးပို့သွားမည်။
■လျှောက်ထားရန် : အောက်ပါ Microsoft Forms မှတစ်ဆင့် လျှောက်ထားပါရန်။
■လျှောက်လွှာပိတ်ချိန် : ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ (အင်္ဂါနေ့) ၁၂ နာရီ( မြန်မာစံတော်ချိန် )
လျှောက်ထားသူများပြားပါက ဖိုင်လျှောက်လွှာတင်ချိန်ကို စော၍ပိတ်သိမ်းနိုင်ပါသည်။
※လျှောက်ထားသူများအား သင်တန်းဆိုင်ရာအသေးစိတ်ကို မေးလ်မှပို့သွားမည်ဖြစ်ပါသဖြင့် မေးလ်ကို မဖြစ်မနေကြည့်ရှုရန် လိုအပ်ပါသည်။
Spam Mail Folder ကိုလည်း စစ်ဆေးပေးပါရန်။

လက်ရှိဂျပန်ဖောင်ဒေးရှင်းရန်ကုန်တွင် ပြုလုပ်ကျင်းပရန်စီစဉ်ထားသော ယာကိရှိမဲ မြေထည်လက်ရာပြပွဲအစီအစဉ်၏ ခေါင်းစဉ်ကွဲတစ်ခုဖြစ်သော Yakishime And Washoku ခေါင်းစဉ်အောက်တွင် ဂျပန်၏ထင်ရှားသော ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သည့် ဝရှောခု ဟင်းလျာများကို တည်ခင်းရာတွင် အသုံးပြုသော ယာကီရှိမဲ မြေထည် ပန်းကန်ခွက်ယောက်များကိုလည်း ထည့်သွင်းပြသထားပါသည်။ အဆိုပါ မြေအိုးနှင့် ပန်းကန်တို့ကို အသုံးပြုပြီး Hayami san မှ ဂျပန်ဟင်းလျာများကို ချက်ပြုတ်ခြင်းနှင့် ပတ်သတ်၍ ဆွေးနွေးသွားမည်ဖြစ်ပြီး ဂျပန်ရိုးရာ dobin mushi ဟင်းရည်ကိုလည်း ချက်ပြုတ်ပြသသွားမည်ဖြစ်ပါသည်။

ဂျပန်နိုင်ငံ၏ စားသောက်ဆိုင်လုပ်ငန်းများတွင် သွားရောက်လုပ်ကိုင်လိုသူများအနေဖြင့် ဂျပန်ဟင်းလျာများကို တည်ခင်းရာတွင် အသုံးပြုသော ယာကီရှိမဲ အိုးခွက်ပန်းကန်များနှင့် ပတ်သတ်၍ ဗဟုသုတများစွာရရှိစေမည့် အစီအစဉ်ဖြစ်ပါသည်။

အစီအစဉ် အသေးစိတ်

အချိန် ။ ။ နေ့လည် ၂ နာရီမှ ၄ နာရီအထိ
နေ့ရက် ။ ။ ဇူလိုင်လ ၂၂ ရက်နေ့ (စနေနေ့)၊ ၂ဝ၂၃

နေရာ ။ ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဉ်ကျေးမှုစင်တာ

အမှတ် (၇ဝ)၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်

စိတ်ပါဝင်စားသူများအနေဖြင့် အောက်ပါလင့်မှတစ်ဆင့်ကြိုတင်စာရင်းပေးသွင်းသွားရမည်ဖြစ်ပါသည်။

https://forms.gle/LDhvmkawhZh5hQke9

“Yakishime as Tea Wares” is the one of the sections of Yakishime travelling exhibition. Under this title, the teapot, teacup and other tea wares, which are essential objects of famous Japanese Tea Ceremony Sado, are going to be exhibited. Moreover, we also plan to organize talk session about the history and the roles of Yakishime in Tea Ceremony. The talk session will be led by a Japanese Ms. Hyodo and if you have interest to join, please do the registration from the below link. After the talk session we will treat all the guests who participate with Japanese green Tea matcha.
Program details
Date: 15 July, 2023 (Saturday)
Time: 10 am to 11 am
Venue: The Japan Foundation, Yangon
No.70, Nat Mauk Lane (1), Bahan Township
Register here: https://forms.gle/QyMjQTcRSnAFhZ6d7

One of the three sections of YAKISHIME – Earth Metamorphosis” travelling exhibition is “Yakishime as Objets d’art” and it introduces the contemporary Yakishime objects created by Japanese artists.
A recent development is the emergence of artists who are creating yakishime wares of unglazed porcelain clay, in addition to works in the Bizen and other traditions. The final section of this exhibition introduces yakishime objets that have departed from the vessel form to develop in a variety of styles.

The transition of daily used earthen wares to art works is the main concept in this section. As the material condition and living standards of human developed throughout the history, the cultural value of earthen wares has transcended from daily used objects to artistic objects.

During the exhibition period, the Japan Foundation, Yangon has invited Ms. Soe Yu Nwe, a Myanmar ceramic artist to a talk session. Soe Yu will share her thoughts on the contrast between the traditional wabi-sabi concept and modern, contemporary experimental and minimalistic art concept of Yakishime objects.

Prior registration is required to join the talk event because of limited number of participants.
Program details
Date: 15 July, 2023 (Saturday)
Time: 2 pm to 3 pm
Venue: The Japan Foundation, Yangon
No.70, Nat Mauk Lane (1), Bahan Township
Register here: https://forms.gle/ThJH5BfbS1ytZuGd6

‘YAKHISHIME — Earth Metamorphosis’
Travelling Exhibition
“Yakishime” (焼締) can literally be defined as the materials (clay or wood) would become tightly bound and molded together (i.e., vitrify) when being fired openly and it is derived from the verb called “Yakishimeru” (焼き締める). Just as all the things in universe are composed with four basic elements (air, fire, earth and water), Japanese Yakishime earthen wares are the metamorphosis of earth when the earth element (soil) is combined with water element (water) to become the clay, later to be molded by fire element (when being fired) and finally cooled in the air (air element) to transform as the table wares, utensils and art works that we see today.

‘YAKHISHIME — Earth Metamorphosis’ travelling exhibition mainly focuses on a ceramic technique called ‘yakishime’, firing the earthen wares at high temperatures without glazing them. The earliest known yakishime wares date to the fourth or fifth centuries. It was in the twelfth through the seventeenth centuries, however, that this technique became solidly established and used in a substantial part of the production at major ceramic centers in Japan, including Bizen, Shigaraki, and Tokoname.

Since the history of mankind, earthen tablewares were an indispensable part of everyday life of people. When men had complete understanding about the natural resources in their environment and habitat, they started to create and utilize objects along with the development of material conditions of living standard. Tea pots and tea cups which are an essential part of material in Japanese tea culture called Sado (茶道)and the tea wares produced with Yakishime technique are just as the table wares that served with Japanese traditional cuisine called washoku (和食). Throughout the history, those daily earthen table wares, utensils, tea wares have slowly transformed their conventional utilization into detailed, contemporary art works (non-utilitarian objects).

In this exhibition, we will display various Yakishime objects and art works from traditional Yakishime wares with a concept of wabi-sabi (the art of imperfection) to modern, minimalistic and experimental Yakishime art works by contemporary Japanese ceramics artists.

Exhibition Details

Time: 9 am to 4 pm

Dates: from 12 to 29 July (closed on Monday and Tuesday)

Venue: The Japan Foundation, Yangon, No. 70, Nat Mauk Lane (1), Bahan township, Yangon

“Dokusho no Aki” (ဆောင်းဉီးရာသီ စာဖတ်မည် စာပေစကားဝိုင်း)
Anomie – Alienation

မြန်မာ ၁၂ လရာသီပွဲတော်များထဲတွင် နယုန်လ စာတော်ပြန်ပွဲ ရှိသကဲ့သို့ပင် ဂျပန်တွင်လဲ “Dokusho no Aki(読書の秋)”ဆောင်းဦးရာသီ စာပေရာသီ” ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ မိုးအကုန် ဆောင်းအကူး၊ အေးချမ်းတဲ့ ဥတုရာသီ၊ နေ့တာတိုပြီး ညတာရှည်လာတဲ့အချိန်က စာအုပ်ဖတ်ဖို့ အကောင်းဆုံးအချိန်အဖြစ် ဂျပန် ဂန္တဝင်စာရေးဆရာကြီးဖြစ်တဲ့ Natsume Soseki ကိုယ်တိုင် သတ်မှတ်ခဲ့ပြီး ဆောင်းဉီးရာသီမှာ စာဖတ်တဲ့ အလေ့အထကို ပြုစုပျိုးထောင်ခဲ့တာဖြစ်ပါတယ်။

ယခုတစ်ခါမှာတော့ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ရဲ့ ယဥ်ကျေးမှုနဲ့အနုပညာအစီအစဥ်တစ်ခုအနေနဲ့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ဂျပန်စာပေချစ် ပရိသတ်တွေကြား ဆွေးနွေးချိတ်ဆက် မိတ်ဖွဲ့လိုရမယ့် စာပေစကားဝိုင်း တစ်ခုကို စီစဥ်ထားပါတယ်။ ဂျပန်စာပေများမှတစ်ဆင့် ဂျပန်လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုနဲ့ ပြဿနာများကို လေ့လာနိုင်ရန် ဂျပန်ယဉ်ကျေးမှုနှင့်စာပေကို စိတ်ဝင်စားသူများအတွက် စီစဉ်တင်ဆက်ထားခြင်းဖြစ်ပါသည်။

ဒီတစ်ခေါက်စကားဝိုင်းကိုတော့ စာရေးဆရာ Osamu dazai ရဲ့ No Longer Human စာအုပ်နဲ့ စာရေးဆရာမ Sayaka Murata ရဲ့ Convenience Store Woman တို့ကို ရွေးချယ်ထားပါတယ်။ စာအုပ်နှစ်အုပ်ထဲက ဇာတ်ကောင် နှစ်ယောက်က မတူညီတဲ့ ခေတ်နှစ်ခေတ်ရဲ့ အခြေအနေပေါ် နောက်ခံဇာတ်အိမ်တည်ဆောက်ထားသော်လည်း တူညီချက်မှာ ဇာတ်ကောင်နှစ်ယောက်လုံးသည် လူ့အဖွဲ့အစည်းနှင့် အံဝင်ခွင်ကျ မဖြစ်မှုအပေါ် ရုန်းကန်ရသော ဇာတ်ရုပ်သဏ္ဌာန်ဖြစ်သည်။ No Longer Human စာအုပ်မှ ဇာတ်ကောင် အမျိုးသား Yozo သည် သာမန်လူတစ်ဦးအဖြစ် လူ့အဖွဲ့အစည်းတွင် ဝင်ဆံ့အောင် ကြိုးပမ်းနေသော သူတစ်ဉီးဖြစ်ပြီး အရက်၊အမျိုးသမီးများနှင့် ကင်းကွာ၍ မနေနိုင်သော သူတစ်ဉီးဖြစ်ကာ မိမိကိုယ်ကို အဆုံးစီရင်သွားသောသူဖြစ်သည်။ Convenience Store Woman မှ ဇာတ်ကောင် အမျိုးသမီး Keiko သည် ၁၈ နှစ်ကြာ စတိုးဆိုင်အရောင်းစာရေးဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသမီးတစ်ယောက်ဖြစ်ပြီး မျက်မှောက်ခေတ် ဂျပန်လူ့အဖွဲ့အစည်း၏ ကျားမရေးရာ ဆိုင်ရာ လူမှုပြဿနာများ၊ အလုပ်အကိုင်နှင့် လုပ်အားဆိုင်ရာ အယူအဆများကို မီးမောင်းထိုးပြထားသော ဇာတ်ကောင်ဖြစ်သည်။ စကားဝိုင်းတွင် ထိုစာအုပ်နှစ်အုပ်မှ အဓိက ဇာတ်ကောင်များ၏ လူ့အဖွဲ့အစည်းတွင် မဝင်ဆံ့မှုမှတစ်ဆင့် ဂျပန်လူ့အဖွဲ့အစည်း၏ မတူညီသော လူမှုစီးပွားနောက်ခံ ယဉ်ကျေးမှုများအကြောင်းကို လေ့လာဖော်ထုတ်ဆွေးနွေးသွားကြမည် ဖြစ်ပါသည်။

စကားဝိုင်းတွင် ပါဝင်လိုသူများအနေဖြင့် အဆိုပါစာအုပ်နှစ်အုပ် (သို့) ကြိုက်နှစ်သက်ရာတစ်အုပ်ကို ကြိုတင်ဖတ်ရှုလာဖို့ လိုအပ်ပါသည်။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် စာကြည့်တိုက်တွင်လည်း Convenience Store Women မြန်မာ ဘာသာပြန် စာအုပ်နှင့် No Longer Woman ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာ စာအုပ်တို့ကို ထားရှိပေးထားမည်ဖြစ်သည့်အတွက် ယဉ်ကျေးမှုစင်တာ ဖွင့်ချိန်အတွင်း လာရောက်ဖတ်ရှုနိုင်ပါသည်။

အောက်ပါလင့်ခ်တွင် စာရင်းပေးသွင်းနိုင်ပါသည်။
https://forms.gle/xevgtQvibKk94QkW7

အချိန် ။ ။ နေ့လည် ၂ နာရီ
နေ့ရက် ။ ။ အောက်တိုဘာလ ၂၁ ရက် (စနေနေ့)
နေရာ ။ ။ အမှတ် (၇ဝ)၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်
လူဉီးရေ ။ ။ ၃ှဝ ဉီး

ပါဝင်ခွင့်ရရှိသူများကို ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားသွားပါမည်။ (ပါဝင်ဖို့အတည်ပြုပြီးမှ စကားဝိုင်းနေ့တွင် cancel လုပ်ခြင်း၊ မတက်ရောက်ခြင်းများသည် အခြားတက်ရောက်လိုသူများကို နစ်နာစေသောကြောင့် တက်နိုင်သရွေ့ မပြုလုပ်မိပါရန် မေတ္တာရပ်ခံအပ်ပါသည်။)

ကာရာတေး မွေးဖွားရာ အိုကီနာဝါ (Okinawa: The Birthplace of Karate)
အိုကီနာဝါရဲ့ ရိုးရာကိုယ်ခံပညာက ဘာလဲဆိုတာ သိပါသလား?
ကာရာတေး (空手) ဖြစ်ပါတယ်။ ဂျပန်မှာ ကာရာတေးကို “ဟေးဝ နို ဘူ” (平和の武) (ငြိမ်းချမ်းရေး ကိုယ်ခံပညာ) လို့ ခေါ်ကြပြီး ကမ္ဘာတစ်ဝှမ်း ကာရာတေးပညာရပ်ကို လေ့လာလေ့ကျင့်နေသူ လူဉီးရေ ၁၃၀ သိန်းရှိပါတယ်။ ကာရာတေး ကိုယ်ခံပညာက အိုကီနာဝါကနေ ဖြစ်လာတယ်ဆိုတာ လူအများစုက မသိကြပါဘူး။ အိုကီနာဝါကျွန်းဆွယ်ရဲ့ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုက ကာရာတေး ရိုးရာကိုယ်ခံပညာထဲမှာ အခြေတည်ထားပါတယ်။
“အိုကီနာဝါအကြောင်း လေ့လာစရာ၊ ဂျပန်ဖောင်ဒေးရှင်းကို လာခဲ့ပါ” (Okinawa Month) အစီအစဉ်အနေနဲ့ အိုကီနာဝါနှင့် ပါတ်သတ်တဲ့ အစီအစဉ်များကို စက်တင်ဘာ ၁လ လုံးပြုလုပ်ကျင်းပလျက်ရှိပါတယ်။ နောက်ဆုံးအစီအစဉ်အနေနဲ့ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်သည် “ကာရာတေးမွေးဖွားရာ အိုကီနာဝါ” (Okinawa: the Birthplace of Karate) အစီအစဉ်မှာ ကာရာတေး ကိုယ်ခံပညာ ဖြစ်ပေါ်လာပုံ၊ ကာရာတေးနှင့် အိုကီနာဝါ၊ ကာရာတေး သရုပ်ဖော်ပြသကွက်နှင့် ကာရာတေး kihon training for all တို့ပါရှိမှာဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးအကျီနဲ့ ဘောင်းဘီဝတ်လာဖို့ အကြံပြုပါတယ်။

အချိန် ။ ။ နေ့လည် ၂ နာရီ – ၃ နာရီခွဲ
နေ့ရက် ။ ။ စက်တင်ဘာလ ၃ဝရက် (စနေနေ့)
နေရာ ။ ။ အမှတ် (၇ဝ)၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်

https://forms.gle/yWFDhfJ7pu3iUGys7

“ကာရာတေး မွေးဖွားရာ အိုကီနာဝါ” အစီအစဉ်အတွက် ဖိတ်ခေါ်ထားတဲ့ ကာရာတေးနည်းပြကတော့ ဂျပန် ကာရာတေး Shotokan (松濤館) အဖွဲ့ချုပ်တွင် အဆင့် (၃) ခါးပတ်နက်ရရှိထားပြီး ကာရာတေးနည်းပြအဖြစ် ၇ နှစ် ကြာအောင် သင်ကြားပြသပေးခဲ့တဲ့ sensei ယုတ ကိုးနိရှိ ဖြစ်ပါတယ်။ sensei က တရုတ်နိုင်ငံတွင် ကာရာတေး အကူနည်းပြအဖြစ် ၅ နှစ်သင်ကြားပေးခဲ့ပြီး နယူးဂိနိ နိုင်ငံတွင် အဓိကနည်းပြအဖြစ် ၂ နှစ်ကြာအောင် သင်ကြား ပေးခဲ့သည်။ sensei သည် လက်ရှိတွင် Japan Traditional Karate Association ၏ မြန်မာသင်တန်းကျောင်းခွဲ တွင် ကာရာတေးနည်းပြအဖြစ် သင်ကြားပေးလျက်ရှိပါသည်။

အိုကီနာ၀ါနဲ့ အဲအိဆာ(エイサー)ခွဲခြားလို့မရတဲ့အရာ၊ အိုကီနာ၀ါ အဲအိဆာအကသည် ဂျပန်တွင်သာမက အပြည်ပြည်ဆိုင်ရာ ကမ္ဘာလှည့်ခရီးသွားများကြားတွင်လဲ ကျော်ကြားသောအကတစ်ခုဖြစ်သည်။

အီယာဆာဆာ(イーヤーサーサー)နဲ့ ဟာအီယာ(ハーイーヤー) သံပြိုင်ထွက်သည့် ညာသံနှင့်အတူ အားမာန်အပြည်နှင့် စည်ကြီး၊စည်ငယ် အသွယ်သွယ် မှ ညီညာတီးခတ် ပဲ့တင်သံနှင့်အတူ စီတန်းလှည့်လည်လေ့ရှိသော အဲအိဆာအကသည် လျူးကျူးခေတ်မှ ယနေ့အထိတိုင် အိုကီနာ၀ါ၏ ထင်ရှားသော ယဥ်ကျေးမှုပြယုဂ် ပွဲတော်တစ်ခုဖြစ်သည်။ ဂျပန်ပြည်မ ရှိ ဒေသအချို့နဲ့ မတူ၊ မူကွဲသော အိုဘုန်းပွဲတော်တွင် တီးခတ်ကပြဖျော်ဖြေလေ့ရှိပြီး၊ ပွဲတော်ကျင်းပချိန် နွေရာသီတွင် ကမ္ဘာလှည့် ခရီးသွား ဧည်သည်များနှင့် စည်းကားလေ့ရှိသည်။

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ လက်ရှိကျင်းပပြုလုပ်နေသော Okinawa Month ၏ တတိယအပတ် အစီအစဥ်တွင် အဲအိဆာအက ကိုမိတ်ဆက်ထိတွေ့ပေးရန် စီစဥ်ထားပါသည်။

အဲအိဆာအက အကြောင်းကိုလဲ ရှင်းလင်းပြသပေးမည်ဖြစ်ပြီး၊ paarankuu(パーランクー) ပါရမ်ခု စည်ငယ်ဖြင့် အားလုံးအတူတူ ပါ၀င်တီးခတ် ကပြရမည်ဖြစ်သောကြောင့် စိတ်ပါ၀င်စားသူများ လာရောက်ပါ၀င်နိုင်ရန် အကြောင်း ကြားအပ်ပါသည်။

Session တစ်ခုကို လူ အယောက် ၁၅ ယောက် ကန့်သတ်ထားပြီး၊ မနက်ပိုင်းနှင့် နေ့လည်ပိုင်း နှစ်ချိန် ခွဲထားသောကြောင့် မိမိ အဆင်ပြေမည့် အချိန်တွင် တက်ရောက်လို့ရပါတယ်။ ကြိုတင်စာရင်းပေး သွင်းဖို့လိုအပ်ပြီး Frist come first စနစ်နဲ့ ပထမဆုံး စာရင်းပေးသွင်းသူတွေကို event မတိုင်ခင် တစ်ရက်ကနေ နှစ်ရက် အတွင်း အတည်ပြုဖို့ ဖုန်းဖြင့်ဆက်သွယ် အကြောင်းကြားပါမယ်။ ပါ၀င်ဖို့ အတည်ပြုပြီးမှ event နေ့တွင် cancel လုပ်ခြင်း၊ မတက်ရောက်ခြင်းများသည် အခြားတက်ရောက် လိုသူများကို နစ်နာစေသောကြောင့် တက်နိုင်သရွေ့ မပြုလုပ်မိပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အစီအစဉ်အသေးစိတ်

ရက်စွဲ ။ ။ စက်တင်ဘာလ ၂၃ ရက်၊၂၀၂၃ (စနေနေ့)

မနက်ပိုင်းအချိန် ။ ။ မနက် ၁၀ နာရီမှ ၁ ၂ နာရီအထိ၊ ေန့လည်ပိုင်းအချီန် – နေ့လည် ၂ နာရီ မှ ၄ နာရီအထိ

နေရာ ။ ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာ၊ အမှတ် (၇ဝ)၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်

*** ပေါ့ပေါ့ပါးပါးလှုပ်ရှားနိုင်သော အ၀တ်အထည်များ ၀တ်လာရင်လိုအပ်ပါသည်။

*** ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်သည်။

မနက်ပိုင်းအချိန်အတွက် စာရင်းပေးရန် >>> https://forms.gle/Y71uRf1qaFqF2BnCA

နေ့လည်ပိုင်းအချိန်အတွက် စာရင်းပေးရန် >>> https://forms.gle/tdXNL3VGiT5jtB657

*ပွဲမစခင် ၁၅ မိနစ်အလို လာပေးပါရန်နှင့် waiting list တွင် လူအရမ်းများသည့်အတွက် အဆက်အသွယ်အကြောင်းကြားခြင်းမရှိပဲ နောက်ကျပါက waiting list ထဲက လူများကို ထည့်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ ဂျပန်ယဥ်ကျေးမှုစင်တာ မှာ မပြုလုပ်တာကြာပြီဖြစ်တဲ့ Origami Workshop အစီအစဥ်လေးကို ဒီတစ်ခေါက် Okinawa Month မှာထည့်သွင်းပြုလုပ် စီစဥ်ထားပါတယ်။ ခေါက်ရမဲ့ စက္ကူအရုပ်လေးတွေကတော့ အိုကီနာ၀ါရိုးရာ Shīsā, シーサー (ရှီဆာခြင်္သေ့) အိုခီနာ၀ါကျွန်းပတ်လည် ပင်လယ်ပြင်တွင် နေထိုင်ကျက်စားသော Whale shark (ジンベエザ) ဝေလငါး နှင့် အိုကီနာ၀ါကျွန်းတွင် ပွင့်လေ့ရှိသော Hibiscus (ハイビスカス)ခေါင်ရမ်းပန်းတို့ ဖြစ်ပါတယ်။ Level ကတော့ Beginner နဲ့ Intermediate ကြားမှာ ရှိတဲ့အတွက် Origami ခေါက်တဲ့ အတွေ့အကြုံမရှိသူတွေလဲ join လို့ရပါတယ်။ အိုကီနာဝါရိုးရာ ဒဏ္ဏာရီလာ Shīsā, シーサー (ရှီဆာခြင်္သေ့)🦁 အကြောင်း၊ Whale shark (ジンベエザメ)🐋 အကြောင်း နှင့် Hibiscus (ハイビスカス) 🌺အကြောင်းတို့ကိုလဲ Workshop မစခင်မှာ ကြိုတင်ရှင်းပြပေးသွားမှာပါ။
Session တစ်ခု ကို လူ အယောက် ၁၅ ယောက် ကန့်သတ်ထားပြီး၊ မနက်ပိုင်းနှင့် နေ့လည်ပိုင်း နှစ်ချိန် ခွဲထားသောကြောင့်မိမိ အဆင်ပြေမည့် အချိန်တွင် တက်ရောက်လို့ရပါတယ်။ ကြိုတင်စာရင်းပေးသွင်ဖို့လိုအပ်ပြီး Frist come first စနစ်နဲ့ ပထမဆုံး စာရင်းပေးသွင်းသူတွေကို workshop မတိုင်ခင် တစ်ရက်ကနေ နှစ်ရက် အတွင်း အတည်ပြုဖို့ ဖုန်းဖြင့်ဆက်သွယ် အကြောင်းကြားပါမယ်။ ပါ၀င်ဖို့အတည်ပြု ပြီးမှ Workshop နေ့မှ cancel လုပ်ခြင်း မတက်ရောက်ခြင်းများသည် အခြားတက်ရောက်လိုသူများကို နစ်နာစေသောကြောင့် တက် နိုင်သရွေမပြုလုပ်မိပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Okinawa Month: 2nd week
Origami Workshop

နေစွဲ့ – ၁၆ ရက်နေ့ (စနေနေ့)
အချိန် – မနက်ပိုင်း အချိန် – ၁၀ နာရီမှ ၁၁ နာရီခွဲ
နေ့လည်ပိုင်း အချိန် – ၁ နာရီခွဲမှ ၃ နာရီ
နေရာ – ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ အမှတ် (၇ဝ)၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်း

စာရင်းပေးသွင်းရန် အောက်ပါ link ကို နှိပ်ပါ။

https://forms.gle/sufSTUYvkBuKM8hQ7

🌺Okinawa Month🌺
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်သည် မြန်မာ-ဂျပန်ယဉ် ကျေးမှုဖလှယ်ရေး ပေါင်းကူးတံတားအနေဖြင့် ဂျပန်ယဉ်ကျေးမှုဆိုင်ရာ ပွဲအစီအစဉ်များကို တင်ဆက်ပေးလျက်ရှိပါသည်။ ယခု စက်တင်ဘာလတွင် “Okinawa Month” ဟူ၍ အိုကီနာဝါဒေသ၏ ယဉ်ကျေးမှု၊ အနုပညာ၊ သမိုင်းကြောင်းတို့ကို စိတ်ဝင်စားဖွယ်အစီအစဉ်များစွာဖြင့် မိတ်ဆက်ပေးသွားမည်ဖြစ်ပါသည်။

အိုကီနာဝါဒေသသည် ဂျပန်၏ အနောက်တောင်ဘက် အကျဆုံး နေရာတွင်တည်ရှိပြီး ကျွန်းငယ်ပေါင်း ၁၆၀ ဖြင့် ပါဝင်ဖွဲ့စည်းထားသည်။ အိုကီနာဝါသည် ယခင်က ဂျပန်ပြည်တွင် မပါဝင်ဘဲ လျူးကျူးနိုင်ငံတော်အဖြစ် တစ်ထီးတစ်နန်း တစ်သီးတစ်ခြား တည်ရှိခဲ့ပြီး အရှေ့အာရှ ကုန်သွယ်ရေးအတွက် အချက်အခြာကျသော နိုင်ငံတစ်ရပ်ဖြစ်ခဲ့သည်။ ထိုသို့ အရှေ့အာရှနှင့် တောင်အာရှနိုင်ငံများကြား ကုန်ဖလှယ်ရာဒေသဖြစ်သည့်အလျောက် ယဉ်ကျေးမှုမှာလည်း မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံများ၏ ယဉ်ကျေးမှုုနှင့် ဆင်တူနိုင်သည့် အချက်များကိုလည်း တွေ့နိုင်မည်ဖြစ်သည်။

ဤသို့ စိတ်ဝင်စားဖွယ် သမိုင်းကြောင်းရှိသည့် အိုကီနာဝါ၏ ပင်လယ်ပြာ သဘာဝရှုခင်း၊ ထူးခြားသော အိုကီနာဝါ ဒေသိယဘာသာစကား၊ အစားအစာ၊ ယဉ်ကျေးမှုအကြောင်း မိတ်ဆက်ခြင်းကို “Okinawa Month” ၏ ပထမအပါတ် မိတ်ဆက်အစီအစဉ်အဖြင့် ပြုလုပ်သွားမည်ဖြစ်ပါသည်။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်မှ မစ္စ ဟိနနို ရှိမိုဇတိုမှ အဓိကတင်ဆက်သွားမည်ဖြစ်ပြီး သူ၏ ဇာတိမှာလည်း အိုကီနာဝါဖြစ်ပါသည်။ အစီအစဉ်အပြီးတွင် ရိုးရာ အစားအစာဖြစ်သည့် Saataa Andagii (サーターアンダギー, Okinawan traditional style doughnuts)၊ Kuru Zaataa(黒砂糖, black sugar)နှင့် Sanpin Cha(さんぴん茶, jasmine tea) တို့ကိုလည်း မြည်းစမ်းနိုင်မည်ဖြစ်ပါသည်။

နောက်လာမည့် အပါတ်များတွင်လည်း အခြားစိတ်ဝင်စားဖွယ်ကောင်းသော အိုကီနာဝါယဉ်ကျေးမှုအစီအစဉ်များကို တင်ဆက်ပေးသွားမည်ဖြစ်သောကြောင့် အားလုံးကို စောင့်မျှော်ကြည့်ရှု ပါဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်။

Okinawa Month
“1st week: Introduction to Okinawa”

နေ့ရက်။ ။ စက်တင်ဘာလ ၉ ရက် (စနေနေ့)
အချိန် ။ ။ မနက် ၁ဝ နာရီမှ ၁၂ နာရီအထိ
နေရာ ။ ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဉ်ကျေးမှုစင်တာ
အမှတ် (၇ဝ)၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်
*လူဥ◌ီးရေကန့်သတ်ထားသည့်အတွက် အောက်ပါလင့်ခ်မှတစ်ဆင့် စာရင်းပေးသွင်းရန် လိုအပ်ပါသည်။

Registration link: https://forms.gle/PZqAxqNZ4KqoscQU8
(လင့်ခ်ကိုဝင်၍မရပါက VPN ဖွင့်၍ ဝင်ကြည့်ဖို့ အကြံပြုပါသည်)

All rights reserved. This book including text, visual and audio items must not be reproduced and sold without the permission of the Japan Foundation.