ဂျပန်ဖောင်ဒေးရှင်းရန်ကုန်သည် ဂျပန်ဘာသာစကားလေ့လာနေသူများကို ဂျပန်ယဥ◌်ကျေးမှုနှင့် မိတ်ဆက်ပေးဖို့အတွက် စက်တင်ဘာလမှစပြီး “DŌ” Talk series အွန်လိုင်းစကားဝိုင်းအစီအစဥ◌်ကို စတင်ခဲ့ပါသည်။ ယခု ဒုတိယအကြိမ် ပြုလုပ်မယ့် “DŌ” Talk စကားဝိုင်းမှာတော့ “Budo” လို့ခေါ်တဲ့ ဂျပန်ကိုယ်ခံပညာရပ်များထဲမှ တစ်ခုနဲ့ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
ဂျပန်ကိုယ်ခံပညာ လို့ ကြားလိုက်တာနဲ့ ဘာကို အရင်ဆုံး မြင်မိပါသလဲ။ ကရာတေး၊ ဂျူဒို၊ ကန်ဒို အစရှိသဖြင့် ဂျပန်ကိုယ်ခံပညာရပ်များစွာရှိပါတယ်။ ဒီတစ်ခေါက် “DŌ” Talk series မှာတော့ ဂျပန်ကိုယ်ခံပညာရပ်တစ်မျိုးဖြစ်တဲ့ အိုက်ကီဒိုအကြောင်းကို မိတ်ဆက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အိုက်ကီဒိုက ဘယ်လိုကိုယ်ခံပညာရပ်မျိုးလဲ၊ အိုက်ကီဒိုက အခြား ဂျပန်ကိုယ်ခံပညာရပ်များနဲ့ ဘယ်လိုကွာခြားလဲဆိုတာကို ယခု “DŌ” Talk အစီအစဥ◌်တွင် ပါဝင်ပြီး အတူတူ လေ့လာဖို့ ဖိတ်ခေါ်ပါတယ်။ ဆွေးနွေးဝေမျှပေးမဲ့ ဆရာကတော့ အိုက်ကီဒို ပညာရပ်ကို ၁၇ နှစ်ကြာအောင် လေ့လာလေ့ကျင့်ခဲ့တဲ့ ဆရာ ခင်မောင်အေး ဖြစ်ပါတယ်။
“DŌ” Talk series အကြောင်း
“DŌ” Talk series သည် ဂျပန်၏ဘွန်းဘူလျောဒို အယူအဆကို အခြေခံထားပြီး ဂျပန်ဘာသာစကားလေ့လာနေသူများကို ဘာသာစကား စွမ်းရည်ပိုင်းတွင်သာမက ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတများကိုလည်း ထဲထဲဝင်ဝင် သိရှိကာ ဘာသာစကားစွမ်းရည်နှင့် ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတ အညီအမျှ တိုးတက်နိုင်စေဖို့အတွက် ဂျပန်ယဥကျေးမှုနှင့် မိတ်ဆက်ပေးမည့် အွန်လိုင်း အစီအစဉ်ဖြစ်သည်။ လစဉ် ရှော့ဒိုး(စာလုံးအလှရေးခြင်း အတတ်ပညာ) ခဒိုး(ပန်းအလှဆင်ခြင်း အတတ်ပညာ)၊ ၊ ဘူဒို (ကိုယ်ခံပညာ) အစရှိသည့် နယ်ပယ်အသီးသီးမှ“DŌ”ပညာရပ်များမှပညာရှင်များကို ဖိတ်ခေါ်ပြီး ဂျပန်ဘာသာစကားလေ့လာနေသူများနှင့်အတူ ဂျပန်ဘာသာဖြင့် ပျော်ပျော်ရွှင်ရွှင် စကားဝိုင်းတစ်ခု ပြုလုပ်သွားမည် ဖြစ်ပါသည်။
အိုက်ကီဒို ကိုယ်ခံပညာ
အိုက်ကီဒို ကိုယ်ခံပညာရပ်သည် “ki” ဟုခေါ်သည့် ခန္ဓာကိုယ် အတွင်းအားကို အသုံးပြုပြီး မိမိ၏ ပြိုင်ဘက်ကစားသူ (သို့)မိမိအား တိုက်ခိုက်ရန်ပြုလာသူကို ထိန်းချုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရန်အသုံးပြုသည့် ကိုယ်ခံပညာရပ်တစ်မျိုးဖြစ်ပါသည်။ အခြားသူများအား တိုက်ခိုက်ရန်မဟုတ်ပဲ မိမိကိုယ်ကို အဓိက ကာကွယ်သည့် ကိုယ်ခံပညာရပ်တစ်မျိုးဖြစ်သည်။
နည်းပြဆရာ၏ကိုယ်ရေးအကျဉ်း
ဦးခင်မောင်အေး၊ ၁၉၆၄ ခုနှစ်တွင် ကချင်ပြည်နယ်၌ မွေးဖွားခဲ့သည်။ ငယ်စဉ်ကတည်းက အားကစားပေါင်းစုံတွင် တက်ကြွစွာ ပါဝင်ကစားခဲ့ပြီး အထူးသဖြင့် ကိုယ်ခံပညာကို စိတ်ဝင်စားခဲ့သည်။ မြစ်ကြီးနားတက္ကသိုလ်တွင် ပညာသင်ကြားနေစဉ် ကရာတေးပညာရပ်ကို စတင်လေ့ကျင့်သင်ယူခဲ့ပြီး ၁၉၉ဝ ခုနှစ်တွင် ခါးပတ်နက်ကို ရရှိခဲ့သည်။ ဂျပန်နိုင်ငံတွင် ၁၉၉၃ ခုနှစ်မှစ၍ ခြောက်နှစ်ကြာနေထိုင်ခဲ့ပြီး ဂျပန်တွင် အိုက်ကီဒို ပညာကို စတင်ထိတွေခွင့် ရရှိခဲ့ပြီး ဂျပန်မှပြန်လာပြီးနောက် ဂျပန်လူမျိုး အိုက်ကီဒို နည်းပြဆရာ၏ နည်းပြလမ်းညွှန်သင်ကြားမှုဖြင့် ရန်ကုန်အင်တာနေရှင်နယ်ဟော်တယ်တွင် အိုက်ကီဒိုကို စတင်လေ့ကျင့်ခဲ့သည်။
၂၀၁၃ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ အိုက်ကီဒို အဖွဲ့ချုပ်မှ အသိအမှတ်ပြုသော တတိယအဆင့် (3rd Dan) ကိုအောင်မြင်ခဲ့ပြီး၊ ၂ဝ၁၅ ခုနှစ်နှင့် ၂ဝ၁၇ ခုနှစ်တွင် တိုကျို၌ ကျင်းပပြုလုပ်ခဲ့သော ဂျပန်နိုင်ငံလုံးဆိုင်ရာ အိုက်ကီဒိုသရုပ်ပြပွဲကြီးတွင် ပါဝင်ခဲ့သည်။ လက်ရှိတွင် ဆရာဦးခင်မောင်အေးသည် “ ဥက္ကလာ” အိုက်ကီဒို ဒိုဂျိုတွင် ခေါင်းဆောင်နည်းပြအဖြစ် တာဝန်ယူကာ အိုက်ကီဒို ကိုယ်ခံပညာကို သင်ကြားပေးလျက်ရှိသည်။
“ ဥက္ကလာ” အိုက်ကီဒို ဒိုဂျို၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာ
https://web.facebook.com/Southokkalarpaaikidodojo/
ပွဲအစီအစဉ် နှင့် အသေးစိတ်
■ နေ့ရက် နှင့် အချိန် : ၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့ (တနင်္ဂနွေနေ့)၊
မြန်မာစံတော်ချိန် နေ့လယ် ၂ နာရီမှ ၃ နာရီခွဲ
■ သတ်မှတ်ဦးရေ : ၂၅ ယောက်
■ ပြုလုပ်မည့်နည်းလမ်း : အွန်လိုင်းမှ Zoomကိုအသုံးပြု၍ ပြုလုပ်သွားပါမယ်
[URL ကို ပွဲမပြုလုပ်ခင်တစ်ရက်မှာ မေးလ်ဖြင့်ဆက်သွယ်ပေးပါမယ်။]
■ လျှောက်ထားရန် : အောက်တွင်ပေးထားသော URL မှလျှောက်ထားပေးပါရန်။
■ လျှောက်ထားရန် URL :https://forms.gle/uxpeDmCvth84MdiE7
■ နောက်ဆုံးလျှောက်ထားရန် : စက်တင်ဘာလ ၂၇ ရက်နေ့ (တနင်္ဂနွေနေ့) ညနေ ၅ နာရီ
*ဤစကားဝိုင်းသည် ဂျပန်ဘာသာစကားကိုသာ အသုံးပြုပြီး ကျင်းပသွားမည်ဖြစ်ပါသည်။
ဂျပန်ဘာသာစကား ပြောဆိုရာတွင် ကြိုတင်ပြင်ဆင်ထားစရာ မလိုဘဲ ပြောဆိုနိုင်သူ၊ လူမှုရေးအရ ပြောဆိုဆက်ဆံနိုင်သူများအတွက် ရည်ရွယ်ပါသည်။
*လျှောက်ထားသူ ၂၅ယောက်ပြည့်သွားလျှင်လျှောက်လွှာပိတ်မည့်အတွက် အမြန်ဆုံးလျှောက်ထားကြဖို့ ဖိတ်ခေါ်ပါတယ်။
*စကားဝိုင်းအပြီးတွင်လည်း ဆွေးနွေးပွဲကို မှတ်တမ်းရုပ်သံရိုက်ကူးထားပြီး၊ မြန်မာဘာသာ စာတန်းထိုးဖြင့် ဆက်ဆက်တင်ဆက်ပေးသွားရန်လည်း စီစဉ်ထားပါသည်။
13/08/2021
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)02/04/2020
JFT-Basic စာမေးပွဲကျင်းပခြင်းနှင့်ပတ်သက်၍ အသိပေးအကြောင်းကြားခြင်း25/03/2020
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ ယဉ်ကျေးမှုအစီအစဉ်များကို ရပ်နားမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်10/12/2019
“ Origami Workshop” စာရင်းပိတ်လိုက်ပါပြီ14/08/2019
၂၀၁၉ခုနှစ် ဒီဇင်ဘာလ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)